
အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန် စက်မှုဇုန် အထူးစီးပွားရေးဇုန် (SEZ) သည် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ရူပီးယား ၄.၈၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉၀.၂ သန်းခန့်) ကို ဆွဲ ဆောင်နိုင်ခဲ့သည်။ Danareksa နိုင်ငံပိုင်လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ထိုဇုန် သည် ရင်းနှီးမြှုပ်နှံသူ ၁၂ ဦး ဝင်ရောက်လာခြင်းကြောင့် ယခုနှစ်အတွင်း မြေအသုံးချမှု ၉၃.၆၇ ဟက် တာ မှတ်တမ်းတင်ခဲ့သည်။ "ယခုနှစ်အောင်မြင်မှုများသည် ဒေသတွင်းရှိ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှုတိုးပွားလာမှုကိုထင်ဟပ်စေပါသည်" ဟု Batang Industropolis SEZ ၏ ဥက္ကဋ္ဌဒါရိုက်တာ Ngurah Wirawan က တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာချက် တွင် ပြောကြားခဲ့သည်။ သူ၏အဆိုအရ ရင်းနှီးမြှုပ်နှံမှုများသည် ဘက်ထရီများ၊ မော်တော်ကား ထုတ် လုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ အဝတ်အထည်၊ ပြင်ပပရိ ဘောဂ၊ အစား အသောက်နှင့် အဖျော်ယမကာများ၊ ဖိနပ်၊ သံမဏိ၊ အထည်အလိပ်နှင့် ထုပ်ပိုးခြင်း အပါအဝင် မဟာဗျူဟာ ကျသော ကဏ္ဍအမျိုးမျိုးသို့ စီးဝင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းဂေဟစနစ်ကို ဖွဲ့စည်းပေး ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်မှုသည် အလုပ်သမားပေါင်း ၉၀၀၀ ကျော်အတွက် အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု ခန့်မှန်းထားပြီး ဗဟိုဂျာဗားပြည်နယ်ရှိ ဒေ သခံလူမှုအသိုင်း အဝိုင်းများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးမည်ဖြစ်သည်။ ကုမ္ပဏီအများအပြားသည် လုပ်ငန်းများ စတင်နေပြီဖြစ်ပြီး အချို့မှာ ၂၀၂၆ ခုနှစ်မှ ၂၀၂၈ ခုနှစ် အတွင်း တဖြည်းဖြည်းချင်း ထုတ်လုပ်မှုကို စတင်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။DOCA(ရန်ကုန်)
