ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၃၀ ခုနှစ်တွင် ဝင်ငွေများ ပီဆို ၇ ထရီလီယံအထိ ရရှိရန်မျှော်မှန်းနေသည့် ဖိလစ်ပိုင်နိုင်ငံမှ DOF

          ဖိလစ်ပိုင်အစိုးရသည် စီးပွားရေးတိုးတက်ကောင်းမွန်မှုများနှင့် ဘဏ္ဍာရေးအခြေအနေ ခိုင်မာလာခြင်းတို့ကြောင့် ၂၀၃၀ ခုနှစ်တွင် ပီဆို ၇ ထရီလီယံအထိ ရရှိရန်မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန  (DOF) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ သြဂုတ်လ ၂၀ ရက်နေ့တွင် ဘဏ္ဍာရေးမှူးဆိုသူ Ralph Recto က အစိုးရသည် ၂၀၃၀ ခုနှစ်တွင် ဝင်ငွေ ၇.၁၃ ထရီလီယံ ရရှိရန် စီမံကိန်းများရေးဆွဲနေပြီး ပိုမိုသန်မာကောင်းမန်သော ဘဏ္ဍာနှစ်ကို ဦးတည်နေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ပြည်တွင်းဝင်ငွေဗျူရို (BIR) သည် ပီဆို ၅.၅၁ ထရီလီယံ ထောက်ပံ့ ပေးမည်ဖြစ်ပြီး အခွန်ဗျူရို (BOC) သည် ပီဆို ၁.၂၈ ထရီလီယံ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Recto ၏ အဆိုအရ အဆိုပါဝင်ငွေအလားအလာခန့်မှန်းခြေသည် အစိုးရ ဝင်ငွေထုတ်လုပ်မှုလမ်းကြောင်းကို အရှိန်အဟုန်မြှင့်ရန်ရည်ရွယ်၍ အသစ်ထုတ်ပြန်လိုက်သည့် မြို့ပြစျေးကွက်အကျိုးဖြစ်ထွန်းမှုမြှင့်တင်ခြင်းဥပဒေနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများတွင် အခွန် ပေးဆောင်ရခြင်းစသည့် ဥပဒေသစ်များထုတ်ပြန်လိုက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်တွင် အစိုးရ၏ အသုံးစရိတ် ပီဆို ၆.၀၈ ထရီလီယံသည် အခွန်ဝင်ငွေ ပီဆို ၄.၅၂ ထရီလီယံနှင့် အခွန်မဟုတ်သောဝင်ငွေ ပီဆို ၃၀၆.၅ ဘီလီယံ တို့ထက် ကျော်လွန်၍ ထုတ်ပေးရခြင်းကြောင့် ဘဏ္ဍာရေးလိုငွေ ပီဆို ၁.၅၆ ထရီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Philstar 

DOCA (ရန်ကုန်)                                                                       

ရှန်ကျင်းမြို့သည် ဇန်နဝါရီ-ဇူလိုင်လတွင် တရုတ်မြို့များ၏ နိုင်ငံခြားကုန်သွယ်ရေးတွင် ဦးဆောင်နေ

           တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့သည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လအတွင်း နိုင်ငံခြားကုန်သွယ်မှုမှာ ယွမ် ၂.၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၆၁.၇ ဘီလီယံခန့်) ရရှိခဲ့ပြီး တရုတ်ပြည်မကြီးရှိ မြို့များအနက် ပထမနေရာတွင် ရပ်တည်နေခဲ့ကြောင်း ရှန်ကျန်း အကောက်ခွန်ဌာနက သြဂုတ်လ ၁၉ရက်နေ့က ပြောကြားခဲ့ပါသည်။

          ဇူလိုင်လတွင် ရှန်ကျန်း၏ စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်ပမာဏသည် ယွမ် ၄၁၅.၉၄ ဘီလီယံ သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၆.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ပို့ကုန် စုစုပေါင်းမှာ ယွမ် ၂၅၅.၆၂ ဘီလီယံ ရှိပြီး ယခုနှစ်အတွက် လစဉ်ပို့ကုန် ၄.၇ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးစံချိန်သစ်ကို မှတ်တမ်းတင်ခဲ့ပါသည်။သွင်းကုန်များမှာ ၈.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် ၁၆၀.၃၂ ဘီလီယံ ရရှိခဲ့ပါသည်။

          လျှပ်စစ်စက်မှုပို့ကုန်များသည် ပထမ ခုနှစ်လတွင် ၇၄.၇ရာခိုင်နှုန်း ရှိခဲ့ပြီး ယွမ် ၁.၁၇ ထရီလီယံ ရရှိခဲ့ပါသည်။မဟာဗျူဟာမြောက် ထွန်းသစ်စလုပ်ငန်းများသည် ခိုင်မာသောတိုးတက်မှု ရှိခဲ့ပြီး လစ်သီယမ် ယက်ထရီနှင့် လျှပ်စစ်ကားပို့ကုန်မှာ ၃၇.၉ ရာခိုင်နှုန်းနှင့် ၂၁.၇ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။ ဆားကစ်တင်ပို့မှုမှာ ၄၀.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

          လျှပ်စစ်ပစ္စည်းများလိုအပ်ချက်မြင့်တက်လာမှုကြောင့် ရှန်ကျန်း၏ လျှပ်စစ်စက်မှုပစ္စည်း များ သွင်းကုန်သည် ၁၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ရှန်ကျန်း၏ ကုန်သွယ်မှုလုပ်ငန်းများသည် ပုဂ္ဂလိကလုပ်ငန်းများကြောင့် ယွမ် ၁.၈ ထရီယံ ရရှိခဲ့ပြီး ၆၉.၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                                   

ထိုင်းနိုင်ငံ၏ ပဲပုပ်နှင့် အုန်းသီး တင်သွင်းမှု ရေရှည်တည်တံ့ရန်ပြင်ဆင်

           စီးပွားရေးဝန်ကြီးဌာနသည် လုံလောက်သော ထောက်ပံ့မှုများကို ထိန်းသိမ်းရန် စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရန်၊ တောင်သူများ အကျိုးအမြတ် ရရှိစေရန် ပဲပုပ်နှင့် အုန်းသီးများ ဈေးကွက်ဖွင့်လှစ်ပြီး တင်သွင်းနိုင်ရန် စီစဉ်နေပါသည်။

       စီးပွားရေးဝန်ကြီး Jatuporn Buruspat သည် ယခုနှစ်ပထမဆုံးအကြိမ် ကျင်းပသော ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီ ကော်မတီအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ပဲပုပ်နှင့် အုန်းဆီများကို မှီခိုနေသော စက်ရုံများအတွက် ကုန်ကြမ်းများ လုံလောက်စွာရရှိစေရန်နှင့် ဒေသခံလယ်သမားများကို ဆက်လက်ကာကွယ်ပေးရန် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစား အတည်ပြုခဲ့ပါသည်။

        သီးနှံဈေးနှုန်းကို တည်ငြိမ်အောင်ထိန်းသိမ်းရန်နှင့် စက်မှုလုပ်ငန်းသုံးအတွက် လုံလောက်သော ကုန်ကြမ်းထောက်ပံ့ပေးနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

          နောက်ထပ်ရည်မှန်းချက်တစ်ခုမှာ ၂၀၂၆- ၂၀၂၈ ခုနှစ်မှ စ၍ ပဲပုပ်ဆီနှင့် ၄င်း၏ အစိတ် အပိုင်းများ၊ အုန်းသီး၊ အုန်းသီးခြောက်နှင့် အုန်းဆီတို့ကို ထိုင်းနိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO)၏  လယ်ယာစိုက်ပျိုးရေး သဘောတူညီချက်နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ ညီချက်များ (FTAs) အရ ကတိပြုထားသည့်အတိုင်း ဈေးကွက်ဖွင့်လှစ်ခြင်းနှင့် တင်သွင်းခြင်းကို စီမံခန့်ခွဲရန်ဖြစ်ပါသည်။ တင်သွင်းမှုများသည် ပြင်တွင်းဈေးကွက်အပေါ် အခြေခံမည်ဖြစ်ကြောင်း သိရပါသည်။

          မစ္စတာ Jatuporn က အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီ ထုတ်ကုန်များအတွက် ထိရောက်သော စီမံခန့်ခွဲမှုကို ထူထောင်ရန်နှင့် ထိုင်းတောင်သူများ၏ အကျိုးစီးပွားကို  ဦးစားပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

           တောင်သူများအတွက် မျှတသောဈေးနှုန်းများ ရရှိစေရန်နှင့် စက်မှုလုပ်ငန်းများ လိုအပ်သောကုန်ကြမ်းများ ရရှိစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

Source: Bangkok Post 

DOCA (ရန်ကုန်)                                                                        

တောင်ကိုရီးယားနိုင်ငံ၏ ထုတ်လုပ်မှုပေါက်ဈေးများ ဇူလိုင်လတွင် ဒုတိယအကြိမ် ဈေးနှုန်းမြင့်တက်

         လယ်ယာထွက်ကုန်နှင့် ရေနံထွက်ကုန်များ ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်ကိုရီးယား ပေးသွင်းသူများကြားတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ နှစ်လဆက်တိုက်မြင့် တက်ခဲ့ကြောင်း သြဂုတ်လ ၂၁ ရက်နေ့တွင် ရရှိသော ဗဟိုဘဏ် အချက်အလက်များအရ သိရပါသည်။

          ထုတ်လုပ်မှုပေါက်ဈေးအညွှန်းကိန်း (PPI) သည် ကုန်ခဲ့သည့်လက ၀.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ဇူလိုင်လတွင် ၀.၄  ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ကိုရီးယားဘဏ် (BOK) က ပြောကြားခဲ့ပါသည်။

         စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း ထွက်ကုန်များ၏ ကုန်ပစ္စည်းပေးသွင်းသူများ အကြား ဈေးနှုန်းသည် ဇူလိုင်လတွင်၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဇွန်လတွင် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ထက် ပိုမိုမြန်ဆန်ခဲ့ခြင်း ဖြစ်ပါသည်။

          ရေနံထွက်ကုန်ပစ္စည်းများ အပါအဝင် စက်မှုထုတ်ကုန်ပစ္စည်းများသည် ဇူလိုင်လတွင် လစဉ်အခြေပြု၍ ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

        ကျောက်မီးသွေးနှင့် ရေနံထွက်ကုန်များ၏ ဈေးနှုန်းသည် ဇူလိုင်လတွင် ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လက ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများသည် ဂဏန်းတစ်လုံးသာ မြင့်တက်ခဲ့ပါသည်။

          လျှပ်စစ်၊သဘာဝဓာတ်ငွေ့နှင့် ရေ ဈေးနှုန်းသည် ဇူလိုင်လတွင် ယခင်လကထက် ၁.၁ ရာခိုင်နှုန်း သုံးလဆက်တိုက် ကျဆင်းလျက်ရှိပါသည်။

         ဝန်ဆောင်မှုဈေးနှုန်းသည် သယ်ယူပို့ဆောင်ရေး၊ စာသောက်ဆိုင်နှင့် တည်းခိုခန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်မြင့်မာခြင်းကြောင့် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                                    

ပြည်ပဆန်သတင်း (၁၄ -၈-၂၀၂၅ မှ ၂၀-၈-၂၀၂၅ အထိ)

                 ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၁ ဖြင့်လည်းကောင်း၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၃ ဖြင့်လည်းကောင်း ပေါင်းဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၈၈ ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

                ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့် ဈေးနှုန်း အနည်းငယ်မြင့် တက်လျက်ရှိပြီး၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၂ ဖြင့် ဈေးနှုန်း  အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ဆန်ကွဲဈေးနှုန်း ဖော်ပြထားခြင်း မရှိပါ။

                အိန္ဒိယ ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ ဖြင့်  ဈေးနှုန်း အနည်းငယ်မြင့် တက်လျက်ရှိပြီး ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၃၆၄ ဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၀ ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်းသိရှိရသည်။

                ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၉ ဖြင့် လည်းကောင်း၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၁ ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၄ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပြီး ဆန်ကွဲဈေးနှုန်း ဖော်ပြထားခြင်းမရှိကြောင်းသိရှိရပါသည်။

Source  : Thai Rice Exporter

DOCA(ရန်ကုန်)

ယူကရိန်းနိုင်ငံ၏ စပါးနှင့် ဆီထွက်သီနှံရိတ်သိမ်းမှုသည် ၂၀၂၅-၂၀၂၆ တွင် ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြ

          ယူကရိန်းနိုင်ငံ၏ စပါးနှင့် ဆီထွက်သီးနှံရိတ်သိမ်းမှုသည် ၂၀၂၅-၂၀၂၆ စျေးကွက်နှစ်တွင် တန်ချိန် ၇၃.၄ သန်းခန့်အထိ ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု Ukrainian Agribusiness Club (UCAB) ၏ ခန့်မှန်းချက်အရသိရသည်။ UCAB မှ သြဂုတ်လ ၂၀ ရက်နေ့တွင်ထုတ်ပြန်သော ခန့်မှန်းချက်တစ်ခုအရ စပါးအထွက်နှုန်းမှာ တန်ချိန် ၅၄.၆ သန်းမှ ၃ ရာခိုင်နှုန်းကျဆင်း ဖွယ်ရှိပြီး ဆီထွက်သီးနှံအထွက်နှုန်း ၁၁ ရာခိုင်နှုန်းမှ တန်ချိန် ၁၈.၈ သန်းသို့ ကျဆင်းမည်ဖြစ် ကြောင်းသိရသည်။ အထူးသဖြင့် လယ်သမားများသည် စပါးတန်ချိန် ၂၆.၇ သန်း၊ ဂျုံတန်ချိန် ၂၁ သန်းနှင့် နေကြာစေ့တန်ချိန် ၁၀.၁ သန်းရိတ်သိမ်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။ ယူကရိန်း ဆန်စပါးအသင်း၏ အဆိုအရ ဇွန်လ ၃၀ ရက်နေ့က ကုန်ဆုံးခဲ့သည် ၂၀၂၄-၂၀၂၅ စျေးကွက်ရှာဖွေရေးနှစ်တွင် ယူကရိန်းစပါးနှင့် ဆီထွက်သီးနှံတင်ပို့မှု စုစုပေါင်းတန်ချိန် ၄၆.၇ သန်း ရှိပြီးယခင်ရာသီကတန်ချိန် ၅၇.၅ သန်းထက်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                           

ဥဇဘက်ကစ္စတန်နိုင်ငံသည် ၂၀၂၅ ဇန်နဝါရီမှ ဇူလိုင်လအထိ အမေရိကန်‌ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိ ချယ်ရီသီးများ တင်ပို့ရောင်းချနိုင်ခဲ့

          ဥဇဘက်ကစ္စတန်နိုင်ငံသည် ယခုနှစ်ပထမ ခုနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိချယ်ရီသီးများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။      ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှဇွန်လအထိ ဥဇဘတ်ကစ္စတန်နိုင်ငံမှ တန်ဖိုးအမေရိကန် ဒေါ်လာ ၅၁ သန်းရှိသော ချယ်ရီသီးတန်ချိန် ၂၅၂၀၀ အား ပြည်ပနိုင်ငံ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ တင်ပို့ရောင်းချသည့် နိုင်ငံများအနက်မှ ရုရှားနိုင်ငံသည် ချယ်ရီသီးတန်ချိန် ၁၈၂၀၀ တင်သွင်းခဲ့ပြီး ကာဇက်စတန်နိုင်ငံမှ တန်ချိန် ၃၆၀၀၊ ကာဂျစ်စတန်နိုင်ငံမှ တန် ချိန် ၂၇၀၀ အသီးသီးတင်သွင်းခဲ့သည်။

          ဥဇဘက်ကစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်တွင် ၆.၅ ရာခိုင်တိုးတက်လာစေရန် အစိုးရမှကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း Eurasian Development Bank ၏ ထုတ်ပြန်ချက်ကို ကိုးကားထားသော ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                            

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် စားအုန်ဆီတန်ချိန် သန်း ၆၀ ထွက်ရှိနိုင်ရန် ရည်မှန်းလျက်ရှိ

          အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထွက်ရှိမှုသည် ဝယ်လိုအားတိုးလာမှုနှင့်အညီ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့သော စားအုန်းဆီတန်ချိန် ၄၈.၂ သန်းမှ အစပြု၍ ၂၀၃၀ ခုနှစ်တွင် တန်ချိန် သန်း ၆၀ အထိတိုးမြင့်သွားရန်စီစဉ်လျှက်ရှိကြောင်း Plantation Fund Management Agency (BPDP) ဥက္ကဌ Eddy Abdurrachman ၏ သြဂုတ်လ၂၀ ရက်နေ့ပြောကြားချက်အရ သိရသည်။ စားအုန်ဆီကြမ်းဝယ်လိုအားသည် အစားအစာ၊ ဇီဝလောင်စာဆီနှင့် ဓာတုဗေဒ လုပ်ငန်းများအပြင် ပို့ကုန်များအတွက်ပါ ဆက်လက်တိုးလာကြောင်း၊ ၂၀၃၀ ခုနှစ်၏ တန်ချိန် သန်း ၆၀ လျာထားချက်သည် စားသုံးမှု၊ ဇီဝလောင်စာနှင့် ဓာတုဗေဒ ပစ္စည်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ထိုရည်မှန်းချက်ကို အောင်မြင်လာစေရန် Plantation Fund Management Agency (BPDP) သည် လူစွမ်းအားအရင်းအမြစ်စွမ်းရည် မြှင့်တင်ရန် ပညာသင်ဆုများနှင့် နည်းပညာဆိုင်ရာသင်တန်းများ ပါဝင်သော အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဤလုပ်ဆောင်မှုများသည် အသိပညာ၊ ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန်မျှော်လင့်ထားကြောင်း၊ စားအုန်းဆီစိုက်ခင်းများ ပြန်လည်ရှင်သန်ရေး အစီအစဉ်များကိုလည်း အစိုးရက လုပ်ဆောင်လျှက်ရှိကြောင်း BPDP ဥက္ကဠ Eddy Abdurrachman ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                            

ပါကစ္စတန်သည် တရုတ်နိုင်ငံအား ပြောင်းတင်ပို့မှုအတွက် အဓိကဈေးကွက်အဖြစ် မျက်စိကျလျက်ရှိ

              တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု အလားအလာဆိုင်ရာ ပထမအကြိမ် ဆွေးနွေးပွဲကို MailisiVehari တွင် သြဂုတ်လ သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြောင်းစိုက်ပျိုးသူများ၊ အစိုးရအရာရှိများနှင့် စက်မှုလုပ်ငန်းကိုယ်စားလှယ်များပါဝင်ပြီး တရုတ်ဈေးကွက်၏ တင်းကျပ်သော အရည်အသွေးနှင့် ဘေးကင်းရေးစံနှုန်းများကိုဖြည့်ဆည်း ပေးခြင်းဖြင့် ပြောင်းတင်ပို့မှုမြှင့်တင်ရန် ပါကစ္စတန်၏ ကြိုးပမ်းမှုများကို မီးမောင်းထိုး ပြခဲ့သည်။ ဆွေးနွေးပွဲသည် ပါကစ္စတန်ပြောင်းဖူးအတွက် အဓိက ဦးတည်ချက်အဖြစ် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှုကို အလေးပေးဖော်ပြခဲ့သည်။ နိုင်ငံတကာနှင့် တရုတ် စံနှုန်းများကို တင်းတင်းကျပ်ကျပ်လိုက်နာရန် လိုအပ်ကြောင်း ဌာနအသီးသီးမှ ဟောပြောသူ များက အလေးပေးပြောကြားခဲ့သည်။ အပင်ကာကွယ်ရေးဌာန (DPP) သည် 1976 Plant Quarantine Act နှင့် International Plant Protection Convention (IPPC) မှ သတ်မှတ်ထားသော စံနှုန်းများ အပါအဝင် လိုအပ်သော ဇီဝကမ္မဆိုင်ရာ လိုက်နာမှုအား အသေးစိတ်ဖော်ပြထားသည်။ ၎င်းတို့သည် mycotoxins (GB 2761-2017) အတွက် အဓိကကျသော တရုတ်အစားအစာဘေးကင်းရေးစံနှုန်းများ (GB 2761-2017)၊ ညစ်ညမ်း ပစ္စည်းများ (GB 2762-2017) နှင့် ပိုးသတ်ဆေးအကြွင်းအကျန်များ (GB 2763-2021) တို့ကို စျေးကွက်ဝင်ရောက်ခွင့်အတွက် မဖြစ်မနေဖော်ပြထားသည်။ Pakistan of Trade Development Authority (TDAP) မှ ဒေါက်တာ Mubarik Ahmed သည် aflatoxins နှင့် khapra beetle ကဲ့သို့သော အရေးကြီးသော အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ခြောက်သွေ့သော၊ အေးမြသော၊ သန့်ရှင်းသော စပါးသိုလှောင်မှုကို ထိန်းသိမ်းခြင်းအပါအဝင် အဆိုပါ အန္တရာယ်များကို လျော့ပါးစေရန် မဟာဗျူဟာများကို ဆွေးနွေးခဲ့ပြီး ပြောင်းသည် ပါကစ္စတန်တွင် တတိယမြောက် အရေးအကြီးဆုံး အစားအစာ ကောက်ပဲသီးနှံဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ DG TDAP မှ Athar Hussain Khokhar သည် ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့အကြား ပြောင်းတင်ပို့မှုဆိုင်ရာ ပရိုတိုကောကို မကြာသေးမီက အပြီးသတ်လုပ်ဆောင်ခြင်းဖြင့် တင်ပြခဲ့သော သိသာထင်ရှားသော အခွင့်အလမ်းများကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြောင်းတန်ချိန် ၂၆.၂၃ သန်းခန့် တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉.၀၁ ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်း ထိုပရိုတို ကောသည် ပါကစ္စတန်၏ မွေးမြူရေးနဲ့ အစာအစာလုပ်ငန်း တိုးချဲ့လာမှုကြောင့် တရုတ်နိုင်ငံ၏ တိုးပွားလာသော ဝယ်လိုအားကို အရင်းအနှီးပြုပြီး ပါကစ္စတန်ရဲ့ စိုက်ပျိုးရေးပို့ကုန်ကို မြှင့်တင်ရန်နှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို မြှင့်တင်ရန်အတွက် အခွင့်အလမ်းကို ပေးဆောင်ခဲ့ကြောင်း စွမ်းရည်မြှင့်တင်ခြင်း အစပျိုးမှုများမှတစ်ဆင့် တရုတ်နိုင်ငံ၏ တင်းကြပ်သော အရည်အသွေးနှင့် လိုက်လျောညီထွေမှု စံချိန်စံညွှန်းများ ပြည့်မီစေရန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                           

အားနည်းသော နိုင်ငံခြားဝယ်လိုအားကြောင့် ဂျာမန်စက်မှုအမှာစာများ ဇွန်လတွင် ကျဆင်းခဲ့

         ဂျာမနီနိုင်ငံ၏ စက်မှုကဏ္ဍသည် နိုင်ငံတကာ ကုန်သွယ်မှုမူဝါဒတွင် မရေရာသော ဖိအားများအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး ဇွန်လတွင် အမှာစာများထပ်မံကျဆင်းသွား ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့သော တရားဝင်အချက်အလက်များအရသိရ သည်။ မေလ တွင် ၀.၈ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ထုတ်လုပ်မှုအမှာစာအသစ်များ ယခင် လထက် ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Federal Statistical Office (Dstatis) မှ ပြောကြား ခဲ့သည်။ ဇွန်လတွင် ကျဆင်းမှုသည် မော်တော်ကားနှင့် သတ္တုထုတ်လုပ်သည့် ထုတ်ကုန် ကဏ္ဍများတွင် ဝယ်လိုအား အားနည်းလာသောကြောင့် အများစုမှာ ၇.၆ ရာခိုင်နှုန်း နှင့် ၁၂.၉ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်။ စက်မှုလုပ်ငန်းနှစ်ခုစလုံးသည် လပေါင်းများစွာ အမှာစာများ ကျဆင်းလာမှုကို ခံနိုင်ရည်ရှိပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ဥရောပသမဂ္ဂမှ တင်သွင်းသည့် သံမဏိ၊ အလူမီနီယံနှင့် မော်တော်ကားများအပေါ် အမေရိကန်က အခွန်တိုးကောက်ခြင်းကြောင့်ဖြစ်ကြောင်း Destatis မှ ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အချက်အလက်များအရ ဇွန်လတွင် နိုင်ငံခြားစက်မှုအမှာစာ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယူရို ဇုန် မဟုတ်သော နိုင်ငံများမှ ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြည်တွင်း မှာယူမှု ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အမြဲတစေ မြင့်မားသော ကုန်သွယ်မှုနှင့် ပထဝီဝင်နိုင်ငံရေး မရေရာမှုများကြောင့် အဝင်အမှာစာများ အလွန်အမင်း မငြိမ်မသက်ဖြစ်နေကြောင်း စီးပွားရေးနှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ဇူလိုင်လတွင် ပို့ကုန်မျှော်မှန်းချက် အနည်းငယ် တိုးတက်မှုရှိသော်လည်း၊ အမေရိကန်သို့ ပို့ကုန်များအပေါ် စည်းကြပ်ခွန်များသည် ကာလရှည်ကြာ ဆက်လက်မြင့်မားနေဦးမည်ဟု မျှော်လင့်ရပြီး နိုင်ငံခြားဝယ်လိုအားကို လျှော့ချနိုင်ဖွယ်ရှိသည်" ဟု ၎င်းကဆိုသည်။

Source: Xinhua

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ