ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံရောက်ရှိရန်ခန့်မှန်းရသည့် ဗီယက်နမ်

          ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ စုစုပေါင်း ပို့ကုန်-သွင်းကုန်တန်ဖိုးသည် မှတ်တိုင်သစ်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံပတ်လည်ရောက်ရှိရန်ခန့်မှန်းရကြောင်း ဟနွိုင်းမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲအရ သိရပါသည်။ ၂၀၂၅ ခုနှစ် ၏ ပထမ ၉ လတာကာလတွင် ဗီယက်နမ်၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈၀.၆ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းစီမံခန့်ခွဲရေးဦးစီးဌာန၏ အထွေထွေညွှန်ကြားရေးမှူး Bui Huy Son က ယခုနှစ် တတိယ ၃ လပတ်ကာလတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၈.၅၇ ဘီလီယံတန်ဖိုးရှိပြီး ဒုတိယ ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၉.၆ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၈.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်ပထမ ၉ လတာကာလတွင် စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှုမှာ အမေရိကန် ဒေါ်လာ ၃၄၈.၇၄ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုဇန်နဝါရီလမှ စက်တင်ဘာလကြားကာလတွင် ပို့ကုန်အမျိုးအစား ၃၂ ခုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရရှိခဲ့ပြီး ၇ ခုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် ဂျပန်တို့မှာ ဗီယက်နမ်ကုန်ပစ္စည်းများအား အဓိကတင်သွင်း သူများဖြစ်ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသည့်စက်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၉၇.၂ ဘီလီယံဖြင့် ဗီယက်နမ်၏အကြီးမားဆုံးပို့ကုန်ဝင်ငွေရရှိသည့်ကဏ္ဍဖြစ်ကြောင်း သိရပါသည်။  တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ယခုနှစ်၏ ပထမ ၉ လတာကာလတွင် အမေရိကန် ဒေါ်လာ ၃၃၂ ဘီလီယံနီးပါးတင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍက အမေရိကန်ဒေါ်လာ ၁၀၅.၆၇ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍက အမေရိကန်‌ဒေါ်လာ ၂၂၆.၂၅ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၃၄.၄ ဘီလီယံဖြင့် အကြီးမားဆုံးရောင်းချသူဖြစ်ပြီး ၎င်း၏နောက်တွင် တောင်ကိုရီးယားကအမေရိကန် ဒေါ်လာ ၄၄.၄ ဘီလီယံ၊ အာဆီယံက အမေရိကန်ဒေါ်လာ ၃၉.၁ ဘီလီယံ၊ ဂျပန်က အမေရိကန် ဒေါ်လာ ၁၈.၂ ဘီလီယံနှင့် အမေရိကန်ကအမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

၂၀၂၅ ခုနှစ်တွင် အမြတ်‌ငွေရရှိမှုပြန်လည်မြင့်တက်လာသော မလေးရှားနိုင်ငံ၏ Top Glove ကုမ္ပဏီ

      မလေးရှားအခြေစိုက် ကမ္ဘာ့ထိပ်တန်း လက်အိတ်များထုတ်လုပ်သူ Top Glove ကုမ္ပဏီ သည် ၂၀၂၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ကုန်လွန်ခဲ့သော ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမြတ်အစွန်း များ ပြန်လည်မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာလ ၉ ရက်နေ့ ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်က ရရှိခဲ့သော ၆၄.၈၈ သန်းရင်းဂစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်တွင် ရင်းဂစ် ၁၀၉.၀၇ သန်းသို့ ရောက်ရှိခဲ့ကြောင်း Top Glove ၏ ဖော်ပြချက်အရသိ ရသည်။

          ကုမ္ပဏီ၏ တစ်နှစ်တာဝင်ငွေသည် ရင်းဂစ် ၃.၄၉ ဘီလီယံသို့ တစ်နှစ်ထက်တစ်နှစ် ၃၈.၇၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်း၏ တိုးတက်လာသော စွမ်းဆောင်ရည်သည် ဘဏ္ဍာ နှစ် တစ်လျှောက်လုံး အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်လျက်ရှိသော လက်အိတ်များ၏ ဝယ်လိုအား အားကောင်းလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ပိုမိုကောင်းမွန်သော ကုန်ကျ စရိတ် စီမံခန့်ခွဲမှုသည် ပြိုင်ဆိုင်မှုရှိသော စျေးနှုန်းများကို မြှင့်တင်ပေးကာ အရောင်းပမာssssဏ ကိုလည်းမြှင့်တင်ပေးပြီး သုံးစွဲမှုနှုန်းကို ၂၀၂၅ ခုနှစ် သြဂုတ်လ တွင် ၇၅ ရာခိုင်နှုန်းခန့်အထိ မြှင့်တင်ပေးခဲ့ကြောင်းသိရသည်။ ကျန်မာရေးစောင့်ရှောက်မှု၊ စက်မှုလုပ်ငန်း၊ အစားအသောက် နှင့် အဖျော်ယမကာ (F&B) ကဏ္ဍများ တွင် လက်အိတ်လုပ်ငန်း၏ ရေရှည်အလားအလာအပေါ် အကောင်းမြင်လျှက်ရှိသည်။ မြင့်မားသော ပြိုင်ဆိုင်မှု၊ လုပ်သားရှားပါးမှုနှင့် လုပ်ငန်းလုပ်ဆောင်မှု ကုန်ကျစရိတ်များမြင့်တက်လာမှု တို့ကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း ခိုင်မာ သောအရည်အသွေးနှင့် ကုန်ကျစရိတ်ပိုမို ကောင်းမွန်အောင်လုပ်ဆောင်မှုများဖြင့် အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ရွှေဘိုဈေးကွက်တွင်  ရောင်းချသည့် ပုဂံပဲနှင့် ပဲတီဆံဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိဘဲ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပုဂံပဲနှင့်ပဲတီဆံများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့ရှိ ပွဲရုံများမှဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

ပုဂံပဲ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲတီဆံ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဂျာမနီနိုင်ငံ၏ စက်မှုထုတ်ကုန်လုပ်ငန်းများ သြဂုတ်လတွင် ကျဆင်း

  ဂျာမနီနိုင်ငံ၏ စက်မှုထုတ်ကုန်လုပ်ငန်းများသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် ၄.၃ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း Federal Statistical Office (Destatis) က အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

          စက်မှုလုပ်ငန်းအများစုသည် ထုတ်လုပ်မှုလျော့ကျခဲ့ပါသည်။ ဂျာမနီ၏ အကြီးဆုံး စက်မှု လုပ်ငန်းဖြစ်သည့် မော်တော်ကားထုတ်လုပ်မှုသည် ၁၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဤကျဆင်း မှုသည် နွေရာသီအားလပ်ရက်များနှင့် ထုတ်လုပ်မှုပုံစံပြောင်းလဲခြင်းတို့ကြောင့် တစ်စိတ် တစ်ပိုင်ပါ ဝင်ပါသည်။

          တခြားသော အဓိက စက်မှုလုပ်ငန်းများဖြစ်သည့် စက်ယန္တရားနှင့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်မှုသည် ၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဆေးဝါးထုတ်လုပ်မှုသည် သြဂုတ်လတွင် ၁၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

          ဂျာမန်မော်တော်ယာဉ်လုပ်ငန်းအဖွဲ့ (VDA) မှ ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ အလတ် စားမော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများသည် အမှာစာ ပြတ်လပ်မှု စံချိန်တင် အဆင့်သို့ရောက်ရှိ ခဲ့ပါသည်။ ကုမ္ပဏီ ၆၇ ရာခိုင်နှုန်းက အမေရိကန်၏ ဥရောပသမဂ္ဂ သွင်းကုန် များအပေါ် ချမှတ်သည့် အခွန်အသစ်များသည် ကြီးမားသော ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကော်ဖီ ၂၀၆၇၀၀ တန် တင်ပို့ခဲ့

  အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ ကော်ဖီ ၂၀၆၇၀၀ တန် တင်ပို့ခဲ့ ကြောင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဝန်ကြီးဌာန (MSMEs) က အောက်တိုဘာ ၈ ရက်နေ့က ပြောကြားခဲ့ပါသည်။

          ကော်ဖီများကို အမေရိကန်၊ ဂျပန်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှအပါအဝင် နေရာ အမျိုးမျိုးကို တင်ပို့ခဲ့ပါသည်။ အင်ဒိုနီးရှားဟာ ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ် လုပ်သူများထဲမှ တစ်ခုဖြစ်ပြီး စိုက်ပျိုးခြံ ၉၀ ရာခိုင်နှုန်းကျော်ကို စိုက်ဧကနည်းပါသော လယ်သမားများဖြင့် စီမံခန့်ခွဲထားကြောင်း ဝန်ကြီးဌာနမှ အလတ်စားစီးပွားရေးလုပ်ငန်းများ ဆိုင်ရာ ဒုတိယအကြီးအကဲ Bagus Rachman ကပြောကြားခဲ့ပါသည်။

          အရှေ့ဂျာဗားရှိ Mount Argopuro တောင်တန်းများမှ တောင်သူ ၅၆၈ ဦးထံမှ Arabica ကော်ဖီ ၁၅ တန်ကို ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ကာမြို့သို့ တင်ပို့ခဲ့ပါသည်။ ဝန်ကြီးဌာနသည် အသေးစား၊ အလတ်စား၊ အကြီးစားလုပ်ငန်းများကို ချိတ်ဆက်ပေးသည့် ထောက်ပံ့ရေးကွင်းဆက် စနစ်ကို ထူထောင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

          Statistics Indonesia ၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီတင်ပို့မှု သည် အမေရိကန်ဒေါ်လာ ၁.၆၃ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၇၆.၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ၉.၅ ရာခိုင်နှုန်း တိုးတက်

  ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းကုန်ပစ္စည်း လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၁၉၆ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဗီယက်နမ် အမျိုးသား စာရင်းရုံး (NSO) က အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ဈေးနှုန်းအချက်အလက်များကို ထည့်မတွက်ပါက တိုးတက်မှုသည့် ၇.၂ ရာခိုင်နှုန်း ရှိပြီး ယခင်နှစ်အလားတူကာလက မှတ်တမ်းတင်ထားသော ၅.၈ ရာခိုင်နှုန်း တိုးတက်မှုထက် ပိုမိုမြင့်မား ကြောင်း  အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          စက်တင်ဘာလတွင် လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုဝင်ငွေသည် အမေရိကန်‌‌ဒေါ်လာ ၂၂.၆၈ သို့ရောက်ရှိခဲ့ပြီး ၁၁.၃ ရာခိုင်နှုန်း တိုးလာကြောင်း NSO ကပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံသည် စက်တင်ဘာလတွင် နိုင်ငံခြားအရံငွေများ မြင့်တက်လာ

   ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းနိုင်ငံတကာအရံငွေ  (GIR) သည် သြဂုတ်လတွင် အမေရိကန်  ဒေါ်လာ ၁၀၇.၁ ဘီလီယံရှိခဲ့ရာမှ စက်တင်ဘာလတွင် ၁၀၈.၈ အထိ မြင့်တက်လာခဲ့ကြောင်း Bangko Sentral ng Pilipinas (BSP) မှ အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သော ကနဦး အချက်အလက်များအရ သိရှိရပါသည်။

          GIR သည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှု၊ BSP ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ဝင်ငွေများနှင့် နိုင်ငံတော်အစိုးရမှ BSP အပ်နှံထားသည့် နိုင်ငံခြားအပ်ငွေများကြောင့် စက်တင်ဘာလတွင် မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။

          အသားတင်နိုင်ငံတကာ အရံငွေများသည် နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်ထားသော ချေးငွေ သက်သေခံလက်မှတ်များ၊ နိုင်ငံခြားငွေကြေးနှင့် ရွှေအပါအဝင် အခြားပိုင်ဆိုင်မှုများဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံ၏ သွင်းကုန်နှင့် နိုင်ငံခြားကြွေးမြီများကို ထောက်ပံ့ရန်၊ ၄င်း ငွေကြေးများကို တည်ငြိမ်စေရန်၊ ပြင်ပစီးပွားရေး ပြဿနာများမှ ကာကွယ်ရန်အတွက် ကူညီပေးပါသည်။

 DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ကော်ဖီတင်ပို့မှုတိုးချဲ့

 အင်ဒိုနီးရှားနိုင်ငံသည် အရှေ့ဂျာဗားရှိ Argopuro တောင်တန်းမှ Arabica ကော်ဖီ ၁၅ တန်ကို အောက်တိုဘာ ၇ ရက်နေ့က ပို့ဆောင်ခဲ့ပြီး ၄င်းတို့၏ ကော်ဖီဈေးကွက်ကို တိုးချဲ့ခဲ့ ပါသည်။

          အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဝန်ကြီးဌာန၏ စီးပွားရေး ဆိုင်ရာ ဒုတိယအရာရှိ Bagus Rachman က အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကော်ဖီ ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်ပြီး    စိုက်ခင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အသေး စား လယ်သမားများက ထိန်းချုပ်ထားပါသည်။

          Argopuro တောင်တန်းမှ ကော်ဖီတင်ပို့မှုသည် MSMEs များ၏ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိင်နိုင်စွမ်းရှိခြင်းကို ဖော်ပြနေပါသည်။ အင်ဒိုနီးရှား၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ကီလိုဂရမ် ၂၇၉.၉၄ သန်းမှ ၂၀၂၄ ခုနှစ်တွင် ကီလိုဂရမ် ၃၁၆.၇၂ သန်းအထိ တိုးလာခဲ့ကြောင်း Statistics Indonesia ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

နီပေါနိုင်ငံသည် စက်တင်ဘာလတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုကျဆင်း

နီပေါနိုင်ငံသည် နိုင်ငံခြားသားခရီးသွားဧည်သည် ဝင်ရောက်မှုသည် စက်တင်ဘာလ တွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နီပေါ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က အောက်တိုဘာ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

          စက်တင်ဘာလတွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၇၈၇၁၁ ဦးသည် နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ခဲ့ကျပြီး ယခင်နှစ် စက်တင်ဘာလက ၉၆၃၀၂ ဦး လာရောက်လည် ပတ်ခဲ့သောကြောင့် ကျဆင်းခဲ့ကြောင်း နီပေါခရီးသွားဘုတ်အဖွဲ့က ပြောကြားခဲ့ပါသည်။

          အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များ နီပေါနိုင်ငံ အတွင်းသို့ အများဆုံးဝင်ရောက်ခဲ့ကြောင်း ဘုတ်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ နိုင်ငံအတွင်းသို့ ပြီးခဲ့သည့် ၉ လအတွင်း နိုင်ငံခြားသားခရီးသွားဧည်သည် စုစုပေါင်း ၈၁၅၂၇၃ ဦး ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          နီပေါနိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားငွေလဲလှယ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များ၏ အဓိကအရင်းအမြစ်ဖြစ်ကြောင်း သိရှိရပါသည်။

   DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အတည်ပြု

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၄၇ ရာခိုင်နှုန်း တိုးတက်လာ ကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က အောက်တိုဘာ လ ၂ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရပါသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီ - စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၅၄၆ ခုကို အတည်ပြုခဲ့ပြီး ယခင်နှစ် အလာတူကာလက စီမံကိန်း ၃၁၅ ခုထက် ၇၃ ရာခိုင်နှုန်း တိုးတက်လာကာ အလုပ်အကိုင် ၃၇၆၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း CDC က ပြောကြားခဲ့ ပါသည်။

          ထိုရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် အထည်ချုပ်နှင့် အထည်မဟုတ်သော ကုန်ထုတ် လုပ်ငန်းများ၊ အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းတို့ အပေါ် အဓိကထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ် တည်လျက်ရှိပြီး စုစုပေါင်း ရင်နှီးမြှုပ်နှံမှု ပမာဏ၏ ၅၂.၉၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထား ကြောင်း CDC က ပြောကြားခဲ့ပါသည်။ အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် စင်္ကာပူ၊ ဗီယက်နမ်၊ ဗြိတိသျှ ဗာဂျင်ကျွန်းများ၊ ဗြိတိန်၊ ကေမန်ကျွန်းများ၊ ဘာမြူဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် ဆာမိုအာ တို့မှဖြစ်ကြောင်း သိရှိရပါသည်။

          စီးပွားရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား၏ တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့နှင့် ချုပ်ဆိုထားသော နှစ်နိုင်ငံလွတ်လပ် သော ကုန်သွယ်ရေး သဘောတူညီချက်များသည် နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုကို ဆွဲဆောင်ရာတွင် အဓိကကျသော အချက်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ