ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2024

    ဗီယက်နမ်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်များတင်ပို့ရာတွင် ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းမြင့်မားစွာ ရောင်းချခဲ့သည်ဟု အင်ဒိုနီးရှားအရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ စွပ်စွဲချက်အား ဗီယက်နမ် ဆန်တင်ပို့ရောင်းချသူ Tan Long Group က ငြင်းဆိုခဲ့သည်။

22 Jul 2024

   ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) မှ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံမှ ငရုတ်ကောင်း ၁၄၂၅၈၆ တန် တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၆.၈% ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃၀.၅% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

22 Jul 2024

    ထိပ်တန်းဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံမှ ကန့်သတ်ချက်များ ဖြေလျှော့မည့်အလားအလာကို ဈေးကွက်များမှ စောင့်ဆိုင်းနေသောကြောင့် ဗီယက်နမ်မှတင်ပို့သည့် ဆန်ဈေးနှုန်းများသည် တစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး ဝယ်လိုအားနည်းပါးချိန်ဖြစ်သည့် ယခု အပတ်အတွင်း ထိုင်းဆန်ဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

22 Jul 2024

    အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စားအုန်းဆီကြမ်းနှင့် နေကြာဆီကြမ်း တင်သွင်းမှု ပိုများလာခြင်းကြောင့် စားသုံးနိုင်သောဆီနှင့် စားသုံးခြင်းမပြုနိုင်သောဆီများ ပါဝင်သည့် စုစုပေါင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ၁၈% ခန့် မြင့်တက်ခဲ့ပြီး တန်ချိန်အားဖြင့် ၁၅.၅ သိန်းခန့်ရှိကြောင်း၊ အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India-SEA) ၏ အချက်အလက်များအရ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ယခင်နှစ် ဇွန်လတင်သွင်းမှု တန်ချိန် ၁၃၁၄၄၇၆ နှင့် နှိုင်းယှဉ်ပါက ယခုနှစ်၊ ဇွန်လအတွင်း တန်ချိန် ၁၅၅၀၆၅၉ ရှိ ကြောင်း Economic Times သတင်းဌာနက ၁၁-၇-၂၀၂၄ ရက်နေ့တ

22 Jul 2024

    အိန္ဒိယနိုင်ငံတွင် Kabuli Chana ခေါ် ကုလားပဲအဖြူမျိုး အပါအဝင် ပဲစင်းငုံနှင့်ကုလားပဲတို့ အား ကုန်သည်လုပ်ငန်းရှင်များ၏ လက်ဝယ်၌ အများဆုံးသိုလှောင်ထားနိုင်မည့် ပမာဏ ကန့်သတ် ချက်များ ချမှတ်ထားရာမှ ၁၁-၇-၂၀၂၄ နေ့တွင် အစိုးရက ပြန်တမ်းထုတ်ပြန်လျက်  Kabuli Chana ကုလားပဲအဖြူကို အဆိုပါ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

22 Jul 2024

    ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများသည် ဆန်စပါး လုပ်ငန်းနယ်ပယ်၌ မိတ်ဖွဲ့ရင်းနှီးမြှုပ်နှံမှုဖြင့် ကုန်သွယ်ရေးဆက်ဆံမှုကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကြား ဆန်စပါးလုပ်ငန်း မဟာမိတ်အဖွဲ့တစ်ရပ်ကို ထူထောင်ရန်အတွက် သဘောတူညီခဲ့ကြကြောင်း ANN သတင်းအရင်းအမြစ်ကို ကိုးကားလျက် မလေးရှား The Star Online သတင်းဝက်ဆိုက်က ဖော်ပြပါသည်။

22 Jul 2024

     ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှု အကောက်ခွန်နှုန်းထားများ လျှော့ချပေးခြင်းမှ ဆန်ရောင်းလိုအားကွင်းဆက်အပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်ရန်အတွက် နိုင်ငံတစ်ဝန်း ၌ ဆန်ဈေးနှုန်းများအား ကုန်သွယ်ရေးနှင့်စက်မှုဌာန (DTI) နှင့် စိုက်ပျိုးရေးဌာန (DA) တို့ ပူးပေါင်း၍ စောင့်ကြည့်ကြပ်မတ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

18 Jul 2024

     အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုသည် ၂၀၂၄ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ (၂)လအတွင်း ဆော်ဒီအာရေးဗီးယားနှင့် အီရတ်တို့ကဲ့သို့သော အနောက်အာရှမှ ဝယ်လိုအားများတိုးမြင့်လာခြင်းကြောင့် ၁၃ရာခိုင်နှုန်းခန့်တင်ပို့မှုများတိုးမြင့်လာခဲ့သည်။

18 Jul 2024

        ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၃၃၈၆၅၄တန်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂.၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) ၏ ပြောကြားချက်အရသိရပါသည်။ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၇သန်းဝင်ငွေရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏  တူညီသည့်ကာလထက် ၇.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားသည် ဆန်ကို နိုင်ငံပေါင်း ၆၃နိုင်ငံသို့ ဇန်နဝါရီလမှ ဇွန်လအတွင်း တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။ ဆန်တန်ချိန် ၁၅၆၇၈၉တန်ကို ဥရောပသမဂ္ဂရှိ နိုင်ငံပေါင်း ၂၆နိုင်ငံသို့တင်ပို့ခဲ့ပြီး ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၁သန်း

18 Jul 2024

        မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (MITI) က မလေးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇၁၇သန်းတန်ဖိုးရှိသည့်ပို့ကုန်များကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ရန် အလားအလာရှိနေကြောင်း ဇူလိုင်လ ၁၁ရက်နေ့က ကြေညာခဲ့ပါသည်။ ကြေညာချက်သည် MITI ဝန်ကြီး Utama Zafrul Tengku Abdul ၏ ဗီယက်နမ်နိုင်ငံသို့ ဇူလိုင်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ သွားရောက်ခဲ့သည့်ခရီးစဉ်နောက်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရပါသည်။ MITI က ဗီယက်နမ်ကုမ္ပဏီ ၁၄ခုမှာ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ၊ စားအုန်းဆီ၊ ဓာတုပစ္စည်းများ၊ ရေနံဓာတုပစ္စည်းများ၊ သံနှင့်စတီးလ်၊ အစားအသောက်၊ အဖျော်ယမကာနှင့်

18 Jul 2024

        မကြာသေးမီက အီသီယိုပီးယားဘဏ္ဍာရေးနှစ်တွင် ကော်ဖီတင်ပို့မှုသည် အီသီယိုးပီးယားဒေါ်လာ ၁.၄၃ဘီလီယံဝင်ငွေရရှိခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။

       ဇူလိုင်လ ၇ရက်နေ့ကကုန်ဆုံးသည့် အီသီယိုးပီးယား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကော်ဖီ ၂၉၈၅၀၀တန်တင်ပို့ခဲ့ကြောင်း အီသီယိုပီးယားကော်ဖီနှင့် လက်ဖက်ရည်အာဏာပိုင်အဖွဲ့က (ECTA) က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

          ဇွန်လတွင် ကော်ဖီတန်ချိန် ၄၆၀၀၀တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၁၈သန်းရရှိခဲ့ကြောင်း ECTA ကပြောကြားခဲ့သည်။

18 Jul 2024

       ဗီယက်နမ်သည် ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၆၃၄.၂သန်းတန်ဖိုးရှိသော ငရုတ်ကောင်း ၁၄၂၅၈၆တန်တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တန်ဖိုး ၃၀.၅%မြင့်တက်လာခဲ့သည်။ ထိုသို့ တန်ဖိုးမြင့်တက်လာသော်လည်း တင်ပို့မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၆.၈%ကျဆင်းခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်လုပ်ငန်းရှင်များအသင်း၏ထုတ်ပြန်ချက်မှသိရသည်။

Pages