ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Jul 2024

      ဗီယက်နမ်လုပ်ငန်း ၈၀ကျော်သည် (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ နိုင်ငံတကာကုန်စည်ပြပွဲနှင့် (၂၈)ကြိမ်မြောက် ကူမင်းပို့ကုန်သွင်းကုန်ပြပွဲကို တက်ရောက်ခဲ့ကြောင်းသိရပါ သည်။ ဇူလိုင်လ ၂၃ရက်နေ့မှ ၂၈ရက်နေ့အထိ ကျင်းပမည့်ပွဲတော်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၂နိုင်ငံမှ လုပ်ငန်းပေါင်း ၂၀၀၀ခန့်ပါဝင်ပြသခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်လုပ်ငန်း များသည် နိုင်ငံ၏အဓိကထုတ်ကုန်များဖြစ်သည့် ပင်လယ်စာ၊ ကော်ဖီ၊ သီဟိုဠ်စေ့၊ ခြေအိတ်၊ သစ်ထုတ်ကုန်များနှင့် လက်မှုပစ္စည်းများပြသခဲ့ကြောင်းသိရပါသည်။ ပြပွဲတွင် ဗိသုကာပညာသိပ္ပံနှင့် နည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ ရိုးရာဓလေ့၊ အားကစားနှင့် ခရီးသွားကဏ္ဍ၊ ကျန်းမာ

29 Jul 2024

      ဗီယက်နမ်နိုင်ငံ၏ အဓိကတင်ပို့သည့်သစ်သီးများအနက် တစ်ခုဖြစ်သည့် လိုင်ချီးသည် အနောက်ဩစတြေးလျနှင့် တောင်ဩစတြေးလျရှိ Costco စတိုးဆိုင်များတွင် ရောင်းအားကောင်း လျက်ရှိကြောင်း ဩစတြေးလျရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရသိရပါသည်။ လိုင်ချီးကို ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် ဩစတြေးလျရှိ အဓိက Super Market များနှင့် အစားအသောက်ပြုပြင်သည့်ကုမ္ပဏီများသို့ ဟင်းသီးဟင်းရွက်နှင့်သစ်သီးများ တိုက်ရိုက်ထောက်ပံ့ပေးသည့် 4 waysfresh  ကုမ္ပဏီတို့က ဇူလိုင်လ ၂၀ရက်နေ့၌ Costco စတိုးဆိုင်များတွင် ဩစတြေးလျစားသုံးသူများကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ လိုင်ချီးကို Adelaide မြို့တော်ရှိ  Cos

29 Jul 2024

     ဗီယက်နမ်နိုင်ငံသည် ယခုတင်ပို့မှုနှုန်းထားကို ဆက်လက်ထိန်းထားနိုင်ပါက ယခုနှစ်တွင် ဆန်တင်ပို့မှုမှတစ်ဆင့် စံချိန်တင် အမေရိကန်ဒေါ်လာ ၅ဘီလီယံထိရရှိနိုင်ကြောင်း ဗီယက်နမ် နိုင်ငံမှ ဆန်တင်ပို့သည့် GLE ကုမ္ပဏီ၏ CEO ဖြစ်သူ Vu Tuan Anh ၏ အဆိုအရသိရပါသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်နှင့်အာဖရိက အစရှိသည့် အဓိကဆန်တင်သွင်းသူများ၏ ဝယ်လိုအားကြောင့် ဗီယက်နမ်ဆန်တင်ပို့မှုအတွက် ကြီးမားသည့်အခန်းကဏ္ဍရှိနေသေးကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD)၏အဆိုအရ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် ဆန်တန်ချိန် ၂.၂သန်းတင်သွင်းခ

29 Jul 2024

    ကမ္ဘာ့အကြီးဆုံးဒူးရင်းသီးစားသုံးသော တရုတ်နိုင်ငံသည် စိုက်ပျိုးမှုတိုးချဲ့လျက်ရှိနေသော်လည်း အတွင်းကျကျသိသူများက တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် တောက်ပသည့် မျှော်လင့်ချက်ရှိနေသေးကြောင်း ယုံကြည်နေကြသည်ဟုသိရပါသည်။ တရုတ်နိုင်ငံသည် တစ်နှစ်လျှင် ဒူးရင်းသီးတန်ချိန် ၁.၄သန်းကျော်တင်သွင်းလျက်ရှိပါသည်။ ဗီယက်နမ်တောင်ပိုင်းဒေသရှိ ဗီယက်နမ်ဥယျာဉ်စိုက်ပျိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက တရုတ်နိုင်ငံတွင် ဒူးရင်းသီးစိုက်ပျိုးသည့်ဧရိယာနှင့် ထုတ်လုပ်နိုင်စွမ်းမြင့်တက်လာသော်လည်း ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများ၏တင်ပို့မှုများကို များများပြားပြားသက်ရောက်မှုဖြစ်စေသည့်အထိ လုံလောက်စွာကြီးထွ

29 Jul 2024

     အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Diana Mondino က အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Ngo Minh Nguyet ကို နိုင်ငံနှစ်နိုင်ငံအနေဖြင့် အပြန်အလှန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့သင့်ကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။ Mondino က အာဂျင်တီးနားနိုင်ငံသည် တောင်အမေရိကနိုင်ငံများနှင့်ဖွဲ့စည်းထားသည့် Southern Common Market(MERCOSUR)ကို ပြန်လည်ပြုပြင်ပြောင်းလဲရန် အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေပြီး ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ (FTAS)ကို ဆွေးနွေးညှိနှိုင်းသွားမည်ဟုသိရပါသည်။ အာဂျင်တီးနားနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် အ

29 Jul 2024

     တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ဂုံးနှင့်ကမာတင်ပို့မှုမြင့်တက်လာပြီး ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၇သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် (၁၁၉)ဆ နီးပါးတိုးတက်လာခဲ့သည်။

29 Jul 2024

        စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ (FIA) ၏အဆိုအရ မကြာမီတွင် တောင်ကိုရီးယားမှ အားကောင်းသည့် ရင်းနှီးမြှုပ်နှံမှုလှိုင်းများဖြစ်ပေါ်လာစေရန် ဗီယက်နမ်နိုင်ငံက မျှော်လင့်ထားကြောင်းသိရသည်။

29 Jul 2024

    ဝယ်လိုအားများနည်းပါးလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ဆီးမီးကွန်ဒတ်တာများနှင့် လျှပ်စစ်ပစ္စည်းများတင်ပို့မှုမှာ ယခုနှစ်တွင် ကျဆင်းဖွယ်အလားအလာများရှိကြောင်း Philippines Foundation, Inc (SEDPI) က ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ (တနင်္လာနေ့) တွင် ပြောကြားခဲ့သည်။

29 Jul 2024

      အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီတစ်ခုဖြစ်သော Bulog သည် ဆန်မက်ထရစ် တန်ချိန် ၃၂၀၀၀၀ ခန့်ကို ဝယ်ယူရန် နိုင်ငံတကာ တင်ဒါတစ်ရပ်ကို ‌ခေါ်ယူခဲ့ကြောင်း ဥရောပ ကုန်သည်များက ၂၂-၇-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

      အဆိုပါတင်ဒါတွင် စျေးနှုန်းကမ်းလှမ်းမှုများတင်သွင်းရန် နောက်ဆုံးရက်မှာ ဇူလိုင်လ ၃၁ ရက် ဖြစ်ပြီး Bulog သည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည့် စျေးနှုန်းညှိနှိုင်းမှုများ စတင်လိမ့်မည် ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။

29 Jul 2024

    ပါကစ္စတန်နိုင်ငံတွင် အခွန်စည်းကြပ်မှု စနစ်အသစ်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ခြင်းသည် လုပ်ငန်းရှင်များအနေဖြင့် ယခင်ကထက် ၎င်းတို့၏ ရရှိသောဝင်ငွေမှ ပမာဏအများအပြားကို ပေးဆောင်ရစေမည်ဖြစ်ရာ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားမှုနှင့် ဆန့်ကျင်လျက် ၎င်းတို့၏ တင်ပို့မှုသည် ဒေါ်လာ ၂ ဘီလီယံ အထိ လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း ပါကစ္စတန် ဆန်ကုန်သည်များက ၁၉-၇-၂၀၂၄ ရက်၊ သောကြာနေ့တွင် အစိုးရသို့ ပြောကြားခဲ့သည်။

29 Jul 2024

    အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး Mr. Shivraj Singh Chouhan နှင့် မလေးရှားစိုက်ခင်းနှင့် ကုန်စည်များဆိုင်ရာ ဝန်ကြီး Datuk Seri Johari Abdul Ghani တို့သည် ၁၈-၇-၂၀၂၄ ရက်၊ ကြာသပတေးနေ့၌ တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား စားအုန်းဆီနှင့် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် Economic Times သတင်းဌာနက ဖော်ပြပါသည်။

29 Jul 2024

    ထိုင်းနိုင်ငံ၏ ဘတ် ၁၂၇ ဘီလီယံတန်ဖိုးရှိသော ပီလောပီနံလုပ်ငန်းသည် ၎င်း၏ ပီလောပီနံဝယ်ယူမှုအများဆုံး ဖောက်သည်ဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် အီသနောထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ပီလောပီနံအမှုန့်ကို အသုံးပြုခြင်းမှ ကျောက်မီးသွေးသို့ ပြောင်းလဲသုံးစွဲခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ထိုင်းနိုင်ငံမှ ပီလောပီနံတင်ပို့သူများအနေဖြင့် ထောက်ပံ့မှုများ ပိုမိုရရှိရန် အစိုးရအား တရားဝင်တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။

Pages