ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Aug 2024

    ပြည်တွင်း၌ထုတ်လုပ်မှုဖြင့် ပဲမျိုးစုံလုံလောက်မှုရှိစေရေးကို အထောက်အပံ့ပြုရန် ကြိုးပမ်း အားထုတ်မှုအဖြစ် အိန္ဒိယနိုင်ငံအစိုးရသည် ပဲစင်းငုံတိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၃၅ ခုနှင့် မတ်ပဲ တိုးချဲ့စိုက်ပျိုးမည့် ခရိုင်အသစ် ၁၃ ခုတို့ကို ခွဲခြားသတ်မှတ်ခဲ့ကြောင်းနှင့် အဆိုပါ နယ်မြေဒေသများတွင် မိုးသီးနှံရာသီ၌ ၎င်းပဲနှစ်မျိုးစိုက်ပျိုးရန်အတွက် အထွက်နှုန်းမြင့်မားသော မျိုးစေ့များကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

31 Jul 2024

    တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) သည် ခရီးသည်ပေါင်း ၁.၀၂ သန်းဖြင့် ပျံသန်းမှုပေါင်း ၁၀၉၇၁ ကြိမ် ပျံသန်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ စီးပွားဖြစ်လည်ပတ်နိုင်ခဲ့ကြောင်း လေဆိပ်အော်ပရေတာက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

31 Jul 2024

    MEAF ၏ ပို့ကုန်ဌာနအကြီးအကဲ Afi Akbar Shadmani သည် နိုင်ငံအရှေ့မြောက်ပိုင်း Mashbad မြို့အခြေစိုက် Khoshgovar ကုမ္ပဏီမှ ကိုကာကိုလာထုတ်ကုန်များတင်ပို့မှုအား တားမြစ်ပိတ်ပင်ရန် ဇူလိုင်လ ၂၇ ရက်(စနေနေ့)က အမိန့်ထုတ်ပြန်ခဲ့သည်။

31 Jul 2024

      အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ရန်ရည်ရွယ်၍ နှစ်ရှည် ဗီဇာအစီအစဉ်ကို ဇူလိုင် ၂၅ ရက်နေ့က စတင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူမျာအား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည် ဖြစ်သည်။ အနည်းဆုံး ဒေါ်လာ ၂.၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီတစ်ခုတည်ထောင်ရန်စီစဉ်သည့် တစ်ဦးရင်းနှီးမြှုပ်နှံသူများသည် ၅ နှစ်အထိ နေထိုင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ သန်းရှိလျှင် အစိုးရက ၎င်းတို့အား ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးမည်ဖြစ်သည်။

31 Jul 2024

      ပြင်သစ်နိုင်ငံပိုင် အိန္ဒိယအခြေစိုက် HMD ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် ၎င်း၏အမှတ် တံဆိပ် Smart Phone အသစ်များအားလုံးကို ထုတ်လုပ်ပြီး ကမ္ဘာ့အခြားဒေသများသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်း ထိပ်တန်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၅ ရက် (ကြာသပတေး)နေ့က ပြောကြားခဲ့သည်။

     HMD Global တည်ထောင်သူ၊ ဥက္ကဌနှင့် CEO ဖြစ်သူ Jean Francois Baril က အိန္ဒိယတွင် ထုတ်လုပ်နေသော Mobile Phone များသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်နေသော  Mobile Phone များနှင့် တန်းတူယှဉ်ပြိုင်နိုင်လာပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

31 Jul 2024

      တောင်အာဖရိကသည် ရွှေ၊ စိန်နှင့်ပလက်တီနမ်ကဲ့သို့သော သတ္တုများအတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းအရင်းအမြစ်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဩစတြေးလျကဲ့သို့သော နိုင်ငံများအပေါ်  မှီခိုနေရမှုကို လျှော့ချရန်အတွက် လယ်ယာထွက်ကုန် များ ပိုမိုတင်ပို့နိုင်စေရန် ကြိုးပမ်းလျက်ရှိသည်။ အသစ်ခန့်အပ်ထားသော တရုတ်သံအမတ် Wu Peng က ဘေဂျင်းသည် အစားအစာတင်ပို့မှုအမြန်လမ်းကြောင်းပေါ်ရှိ စီမံချက်များကို အကောင်အထည်ဖော်နေကြောင်း ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့သည်။

31 Jul 2024

   ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်ပုဇွန်တင်ပို့မှု မြင့်တက်လာသော်လည်း ဈေးကွက်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ၏ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း(VASEP)၏ အဆိုအရ ယခုနှစ် ပထမ (၆)လတွင် ပုဇွန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇွန်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၄ သန်းရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ (၆)လတာ ကာလတွင် တရုတ်ပြည်မကြီးနှ

31 Jul 2024

      ယနေ့ခေတ် ဒစ်ဂျစ်တယ်စီးပွားရေးတွင် အာဆီယံဒေသတွင်း စားသုံးသူ အရောင်းအဝယ်ကိစ္စများသည် ဝယ်သူနှင့် ရောင်းသူနှစ်ဦးစလုံးအတွက် အဓိက စိုးရိမ်စရာဖြစ်သည်။ အွန်လိုင်းကိရိယာများနှင့် နည်းပညာများသည် အဆက်မပြတ်ပြောင်းလဲနေပြီး အပြန်အလှန် ဆက်သွယ်မှုနည်းလမ်းအသစ်များနှင့် ပိုမိုမြန်ဆန်သည်။ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ (ACCP) သည် တရားမျှတမှုမရှိသော စာချုပ်စည်းမျဉ်းများ (UCT Guidelines) ဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။  လမ်းညွှန်ချက်များသည် ကွဲပြားသောမူဝါဒများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စားသုံးသူများတွင် UCT ထိန်းချုပ်ခြင်းနှင့် ထိန်း ညှိခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမျ

31 Jul 2024

     EU သည် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် အွန်လိုင်းကုန်သွယ်မှုကို တိုးမြှင့်ရန် SMEs များကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန်နှင့် ဒေတာစီးဆင်းမှုကို လွယ်ကူချောမွေ့စေရန် ရေးဆွဲထားသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုသဘောတူညီချက်အသစ်အတွက် စင်္ကာပူနှင့်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

   ကုန်သွယ်ရေးကော်မရှင်နာ Valdis Dombroskis နှင့် စင်္ကာပူကုန်သွယ်ရေးဝန်ကြီး Grace Fa တို့ ဆွေးနွေးမှုများအပြီးတွင် ၂၀၁၉ ခုနှစ်တွင် စတင်အသက်ဝင်မည် EU Singapore Free Trade Agreement  အား ဖြည့်စွက်ပြောကြားခဲ့သည်။

29 Jul 2024

    BYD Asia-Pacific Auto Sales Division ၌ ကမ္ဘောဒီးယားသည် တစ်နှစ်လျှင် ကားအစီးရေ ၂၀၀၀၀ဖြင့် အများဆုံးထုတ်လုပ်နိုင်သော လျှပ်စစ်ကားတပ်ဆင်ရေးစက်ရုံကို တည်ဆောက်ရန်စီစဉ်နေပြီး ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်ရန်စီစဉ်နေကြောင်း  Mr.Hun Manet က လူမှုကွန်ရက်စာမျက်နှာ၌ တနင်္လာနေ့တွင် ရေးသားဖော်ပြခဲ့သည်။

29 Jul 2024

      ရုရှား၏ (၄)ပတ်ကြာ ပင်လယ်ရေကြောင်းဆီတင်ပို့မှုသည် ဇူလုင်လ ၁၄ရက်နေ့အထိ တစ်ရက်လျှင် စည်ပေါင်း ၃.၁၁သန်းသို့ ပျမ်းမျှကျဆင်းသွားပြီး ဧပြီလတွင် မကြာသေးမီက စည်ပေါင်း ၆၀၀၀၀၀နီးပါး အမြင့်ဆုံး သို့မဟုတ် ၁၇ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။ နိုင်ငံတွင်း ရေနံစိမ်းတင်ပို့မှုသည် ဇန်နဝါရီလနောက်ပိုင်း၌ အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ပြီး ပြည်တွင်းသန့်စင်မှုနှုန်းမှာ (၆)လအတွင်း ပြန်လည်ကောင်းမွန်လာသော်လည်း အနည်းဆုံး ဩဂုတ်လကုန်အထိ ယင်းပုံစံအတိုင်း ဆက်လက်ရှိနေမည်ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယတို့သည် ရုရှားပင်လယ်တွင်း ကုန်စိမ်းရောင်းချမှု၏ ၈၀ရာခိုင်နှုန်းကျော်ကိုဝယ်

29 Jul 2024

       အိန္ဒိယမှမော်တော်ကားတင်ပို့မှုသည် ဇွန်လ သုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၁၅.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Siam ၏ တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

        ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်တွင် ကားအစီးရေ ၁၀၃၂၄၄၉စီးတင်ပို့ခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ် အလားတူကာလတွင် ကားအစီးရေ ၁၁၉၂၅၇၇စီးတိုးမြှင့်တင်ပို့နိုင်ခဲ့သည်။

Pages