
နှလုံးအစားထိုးကုသဖို့လိုအပ်လာတဲ့ ကလေးငယ်များဟာ တစ်ခါတစ်ရံမှာ အစားထိုး ရမယ့်နှလုံးကိုစောင့်ဆိုင်းရင်း သေဆုံးသွားခဲ့ရပါတယ်။ အကြောင်းရင်းကတော့အစားထိုးရမယ့် နှလုံးရှားပါးမှုကြောင့်ပါ။ ဒါကြောင့် ပညာရှင်များက ကလေးများအတွက်နည်းလမ်း တစ်ခုကို ကြံစည်စဉ်းစားလာကြပါတယ်။ ဒီနေရာမှာ သူတို့တွေ့ရှိလိုက်တဲ့ နည်းလမ်းကတော့နှလုံး အစားထိုး ကုသမယ့်ကလေးတွေကိုဝက်ရဲ့နှလုံးခေတ္တအစားထိုး ပေးမယ့်နည်းလမ်းဖြစ်ပါတယ်။
ပညာရှင်များက ဝက်ရဲ့နှလုံးကိုဘာဘွန်း မျောက်တွေမှာထည့်သွင်းပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တာပါ။ ဒီစမ်းသပ်မှုမှာ စံချိန် တင်လောက်တဲ့ အသက်ရှင်သန်မှုနှုန်းကို မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ အစား ထိုးထားတဲ့နှလုံးရဲ့ ရှင်သန်နိုင်ချိန်ကရက်ပေါင်း ၆၂၀ အထိရှိတာကြောင့် ဒါဟာ အံ့အားသင့်ဖွယ်ဖြစ်ပါတယ်။
DOCA (ဧရာဝတီ)