ပြည်ပကုန်သွယ်မှုသတင်းများ
အာဖဂန်နစ္စတန်မှအိန္ဒိယသို့ ကြက်သွန်နီတင်ပို့သည့် လုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် စတင်လိုက်ပြီဖြစ်ကြောင်း Kunar ပြည်နယ်မှ ကုန်သည်များက ပြောကြားခဲ့သည်။ ထို Afghani (AFN) ၉၁ သန်းခန့်တန်ဖိုးရှိသော ကြက်သွန်နီတင်ပို့မှုသည် အိန္ဒိယနိုင်ငံသို့ (၁)လမပြည့်မီ ကာလအတွင်း ရောက်ရှိမည်ဖြစ်သည်။ ရှေးဦးစွာ တန်ချိန် ၈၀၀၀ ခန့်ရှိသော ကြက်သွန်နီများ အား ပထမ ဆုံးအကြိမ်အဖြစ် ပါကစ္စတန်မှတစ်ဆင့်အိန္ဒိယသို့ တင်ပို့ခဲ့ပြီးကြောင်း TV မှတစ်ဆင့် ထုတ်လွှင့်ပြောကြားခဲ့သည်။

Honda Motar ကုမ္ပဏီသည် Ayutthaya ရှိ ၎င်းတို့၏စက်ရုံတွင် ကားထုတ်လုပ်မှုကို ၂၀၂၅ တွင် ရပ်တန့်တော့မည်ဖြစ်ပြီး Prachin Buri ရှိ စက်ရုံတွင်ပေါင်းစပ်၍ ကားထုတ်လုပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စသည် တရုတ်နိုင်ငံမှမော်တော်ကားများ ထိုင်းနိုင်ငံ ဈေးကွက်ဝေစုတိုးမြှင့်ရရှိရန် ကြိုးပမ်းလာမှုနှင့် စားသုံးသူများက လျှပ်စစ်ကား ဝယ်လိုအား ကြီးထွားလာမှုကြောင့် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကားကုမ္ပဏီကြီးသည် ထိုင်းနိုင်ငံတွင် ခက်ခဲသည့်အခြေအနေများနှင့် ရင်ဆိုင်လာရသောကြောင့်ဖြစ်သည်ဟု သိရပါ သည်။ Honda သည် လာမည့်နှစ်တွင် ကားထုတ်လုပ်မှုရပ်တန့်မည့် ၁၉၉၆ ၌ ဖွင့်လှစ်ခဲ့ သည့်

ဗီယက်နမ်နိုင်ငံ၏ ကွန်ပျူတာများ၊ ကွန်ပျူတာအစိတ်အပိုင်းများ၊ အီလက်ထရောနစ်၊ စက်ယန္တရားများ၊ ပစ္စည်းကိရိယာများ၊ အဝတ်အထည်နှင့် ခြေအိတ်များအား အမေရိကန်သို့ တင်ပို့မှု သည် ကြီးထွားရန်ရှိနေသေးကြောင်း ကုန်သွယ်ရေးကျွမ်းကျင်ပညာရှင်များအဆိုအရ သိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်ကာလတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ အခြားဈေးကွက်များဖြစ်သည့် ဥရောပ သမဂ္ဂ၊ အာဆီယံနှင့် တောင်ကိုရီးယားတို့ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလတွင် ကုန်ပစ္စည်

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh က မလေးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ ၏ အဓိကကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံဖြစ်ကြောင်း မလေးရှားနိုင်ငံ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန Zafrul Abdul Aziz နှင့် ဟနွိုင်းမြို့တွင် ဇူလိုင်လ (၈)ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း(EuroCham)က ဗီယက်နမ်၏ တည်ငြိမ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံရှိ ဗီယက်နမ်သံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့်အခမ်းအနားတွင် ဘယ်လ်ဂျီယံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Van Thao က ဗီယက်နမ်နှင့် ဥရောပသမဂ္ဂအကြား အစိမ်းရောင်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်နယ်ပယ်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။<

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှု၏ သက်ရောက်မှုများကို လျော့ပါးစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်ကုန်ပစ္စည်းများတင်သွင်းခွန်ကို ၂၀၀ ရာခိုင်နှုန်းထိ ကောက်ခံသွားမည်ဟု ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan ၏ အဆိုအရ သိရပါသည်။ မူဝါဒသည် သက်ဆိုင်ရာစည်းမျဉ်းများထုတ်ပြန်ပြီးက သက်ရောက်မည်ဖြစ်ပြီး ထိုကုန်သွယ်ရေးတင်းမာမှုသည် တရုတ်နိုင်ငံတွင် ရောင်းလိုအားအလွန်များပြားလာမှုကို ဖြစ်ပေါ်စေပြီး အင်ဒိုနီးရှားကဲ့သို့သော အခြားဈေးကွက်များသို့ ဦးတည်ရာပြောင်းလဲ၍ တင်ပို့လာနိုင် ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းမှ

တရုတ်နိုင်ငံ၏ BYD ကားကုမ္ပဏီသည် ၎င်းတို့၏ အရှေ့တောင်အာရှတွင် ပထမဆုံး လျှပ်စစ်ကားစက်ရုံကို ထိုင်းနိုင်ငံတွင် ၄-၇-၂၀၂၄ နေ့က ဖွင့်လှစ်ခဲ့ပါသည်။ BYD ၏ CEO နှင့်ဥက္ကဌ ဖြစ်သူ Wang Chuanfu က ထိုင်းနိုင်ငံသည် လျှပ်စစ်ကားနှင့်ပတ်သက်၍ မြင်သာသည့် ရှုမြင်မှုရှိပြီး ကားထုတ်လုပ်မှုခေတ်သစ်တစ်ခုကို ဝင်ရောက်လာကြောင်းနှင့် BYD က နည်းပညာ ကို တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာမည်ဟု ပြောကြားခဲ့ပါသည်။ BYD စက်ရုံသည် အစိုးရ၏ ထောက်ပံ့ငွေနှင့် အခွန်မက်လုံးများအကူအညီဖြင့် ထိုင်းနိုင်ငံတွင် စက်ရုံများ တည်ဆောက်မည့် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများထံမှ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံကျော်တန်ဖိ

ထိုင်းနိုင်ငံစီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး Phumtham Wechayachai သည် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံအကြား တတိယ အကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးသည် ထိုင်းနိုင်ငံ၏ ယခုနှစ်အတွက် ပထမဆုံးပူးတွဲ ကုန်သွယ်ရေး ကော်မတီ အစည်းအဝေးဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးသည် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံမှ ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံထိ မြင့်တက်ရန် မျှော်လင့်ရကြောင်းနှင့် ထိုင်းနိုင်ငံစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအတွက

အိန္ဒိယနှင့်ကိုရီးယားနှစ်နိုင်ငံအကြား ရှိပြီးသော လွတ်လပ်သည့် ကုန်သွယ်မှုသဘောတူညီချက် FTA ကိုအဆင့်မြှင့်တင်ရန် ဆွေးနွေးမှုများနှင့်အတူ ကုန်သွယ်ရေးဦးစီးဌာနသည် အကြီးစားစက်မှုလုပ်ငန်း၊ သံမဏိလုပ်ငန်းနှင့် ဓာတုဗေဒပစ္စည်းလုပ်ငန်းများအပါအဝင် ဝန်ကြီးဌာနများနှင့်ချိတ်ဆက်ကာ ကမ်းလှမ်းမှုစာရင်းကိုပြင်ဆင်နေကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ထိုစာရင်းပြင်ဆင်မှုသည် နှစ်နိုင်ငံအကြားရှိပြီးသား FTA အဆင့်မြှင့်တင်မှုအတွက် ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်(CEPA)ဟုအမည်ပေးထားသည့် စေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

Reuters မှ အစီရင်ခံစာတစ်ခုအရ Tik Tok ၏ မိခင်ကုမ္ပဏီ ByteDance သည် အဆင့်မြင့် AI ပရိုဆက်ဆာကိုတီထွင်ရန် အမေရိကန်ဒီဇိုင်နာကုမ္ပဏီ Broadcom နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ကောလဟလများထွက်ပေါ်လျက်ရှိသည်။
ဇွန်လ ၂၄ရက်နေ့တွင် ကုမ္ပဏီ(၂)ခုမှတီထွင်ထားသည့် 5nm Application-Specific Integrated Circuit (ASTC) သည် US ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းများနှင့်ကိုက်ညီပြီး TSMC မှ ထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

Volkswagen Group နှင့် Rivian Automotive တို့သည် မျိုးဆက်သစ် EV ကားများထုတ်လုပ်ရန် ဖက်စပ်လုပ်ငန်းတစ်ခုဖွဲ့စည်းရန် ရည်ရွယ်ချက်ကို ဇွန်လ ၂၅ရက်နေ့တွင် ကြေညာခဲ့သည်။
သဘောတူညီချက်၊ စည်းကမ်းချက်များအရ Volkswagen သည် Rivian တွင် ကနဦး ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မိတ်ဖက်ပူးပေါင်းမှုကာလအတွင်း နောက်ထပ် ဒေါ်လာ ၄ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန်မျှော်လင့်ထားသည်။

ယခုနှစ် ပထမ(၆)လအတွင်း တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သူ ၃.၄၃သန်းဖြင့် တရုတ်ခရီးသွားများသည် မလေးရှားခရီးသွားများကိုကျော်ကာ ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားအများဆုံးရင်းမြစ်ဖြစ်လာခဲ့သည်။
မလေးရှားနိုင်ငံမှ လာရောက်လည်ပတ်သူ ၂.၄၃သန်းဖြင့် ဒုတိယနေရာတွင်ရှိပြီး ၎င်း၏အနောက်တွင် လာရောက်လည်ပတ်သူ ၁သန်းဖြင့် အိန္ဒိယနိုင်ငံမှ ရပ်တည်လျက်ရှိကြောင်း ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။
