ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘာ့ကော်ဖီစေ့ဈေးကွက်၌ အကြီးမားဆုံးစိုက်ပျိုးထုတ်လုပ်သူဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ရောင်းလိုအားကျဆင်းမှုနှင့်အတူ အိန္ဒိယပြည်တွင်းဈေးကွက်တွင် ရိုဘတ်စတာကော်ဖီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး အာရေးဘီးကား ကော်ဖီစေ့ဈေးနှုန်းများမှာမူ ကောင်းစွာတည်ငြိမ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံရှိသော သီဟိုဠ်စေ့ တန်ချိန် ၁.၅ သန်းကို တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူ၌ တင် သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၃.၄% နှင့် တန်ချိန်အားဖြင့် ၈.၄% တိုးတက်လာကြောင်း ဗီယက်နမ် အထွေထွေအကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှုမရှိပါက ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၄.၃ သန်းအထိ တင်သွင်းရနိုင်ကြောင်း အမျိုးသား စားနပ်ရိက္ခာအေဂျင်စီ၏ အတွင်းရေးမှူး Sarwo Edhy က ၂၂-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုသည် ၂၀၂၄ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ (၂)လအတွင်း ဆော်ဒီအာရေးဗီးယားနှင့် အီရတ်တို့ကဲ့သို့သော အနောက်အာရှမှ ဝယ်လိုအားများတိုးမြင့်လာခြင်းကြောင့် ၁၃ရာခိုင်နှုန်းခန့်တင်ပို့မှုများတိုးမြင့်လာခဲ့သည်။

ဗီယက်နမ်-ကနေဒါစီးပွားရေးအသင်း (VCBA) သည် လာမည့်နှစ်များတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရေးအတွက်ကူညီရန် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ပေးမှုကိုမြှင့်တင်သွားမည်ဟုသိရပါသည်။ VCBA ကကျင်းပခဲ့သည့် ၂၀၂၄-၂၀၂၇ သက်တမ်းကာလအတွက် ဒုတိယအကြိမ်မြောက်ကွန်ဂရက်အစည်းအဝေးမှာ ကနေဒါနှင့် အခြား နိုင်ငံများမှ အဖွဲ့ဝင်များသာမက နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက် ပြည်ပနိုင်ငံများရှိ ဗီယက်နမ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ကနေဒါနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးတို့၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်းသိရပါသည်။ VCBA ၏ ဥက္ကဋ္ဌအသစ်ဖြစ်သူ Chau Tu Cuong က အသင်းအနေဖြင့်

၂၀၂၄ခုနှစ်တွင် သားရေခြေအိတ်နှင့် လက်ကိုင်အိတ်ကဏ္ဍတင်ပို့မှုမှ ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၆-၂၇ ဘီလီယံရရှိနိုင်ပြီး အပေါင်းလက္ခဏာဆောင်သည့် အခြေခံဂုဏ်များရရှိနေကြောင်း ဗီယက်နမ်နိုင်ငံသားရေ၊ ခြေအိတ်နှင့်လက်ကိုင်အိတ်အသင်း(LEFASO)၏ အဆိုအရသိရပါသည်။ ယခုနှစ်၏ ပထမ (၆) လတာကာလတွင် အမေရိကန်ဒေါ်လာ ၆.၅ဘီလီယံကျော်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅.၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ LEFASO ၏ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး Phan Thi Thanh Xuan က ဗီယက်နမ်သည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယားနှင့်တရုတ် စသည့် အဓိကဈေးကွက်ကြီး(၅)ခုကိုအာရုံစိုက်ထားကြောင်

အင်ဒိုနီးရှားနိုင်ငံ၊ စက်မှုဝန်ကြီးဌာနက ဂျပန်နှင့်တောင်ကိုရီးယားတို့ပါဝင်သော မြောက်များစွာသည့် နိုင်ငံတကာမှလုပ်ငန်းများသည် အင်ဒိုနီးရှားနိုင်ငံ၌ လျှပ်စစ်ကားစီးပွားရေးလုပ်ငန်းကဏ္ဍများတွင်ပါဝင်ရန် စိတ်ဝင်စားနေကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ စက်မှုသယံဇာတနှင့် နိုင်ငံတကာအခွင့်အလမ်းမြှင့်တင်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး Syahron Ahmed က ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့်တရုတ်နိုင်ငံတို့အပြင် အခြားနိုင်ငံများမှလုပ်ငန်းများသည် အင်ဒိုနီးရှား၏ လျှပ်စစ်ကားစီးပွားရေးတွင်ပါဝင်ရန် ဆက်သွယ်လာကြကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ အင်ဒိုနီးရှားအစိုးရသည် အမေရိကန်က တရုတ်မှလ

၂၀၂၄ခုနှစ်၏ ပထမ(၆)လတွင် ကမ္ဘောဒီးယားနိုင်ငံ၌ လုပ်ငန်းအသစ်၃၁၃၀ဝင်ရောက်လာသည့်အတွက် နိုင်ငံရှိစက်ရုံအရေအတွက်မှာ ၄၄၄၁၇အထိမြင့်တက်လာခဲ့ပြီး လူဦးရေ ၁.၇၉သန်းအလုပ်လုပ်ကိုင်နေကြကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန(MLVT)ကထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရသိရပါသည်။ MLVT ၏ ပြောရေးဆိုခွင့်ရှိသူ Kata On က အသစ်ဖွင့်လှစ်လိုက်သည့်လုပ်ငန်းများသည် အလုပ်သမား ၇၇၄၃၆ဦးကိုခန့်အပ်နိုင်ခဲ့ပြီး ယင်းအနက် ၄၃၁၇၂ဦးသည် အမျိုးသမီးများဖြစ်ကြောင်းသိရပါသည်။ လုပ်ငန်းအသစ်များအနက် ၈၂ခုသည် အထည်ချုပ်ကဏ္ဍမှဖြစ်ပြီး အလုပ်သမား ၃၇၈၂၇ဦးခန့်အပ်ထားကြောင်းသိရပါသည်။ လုပ်ငန်း ၁၅၃၈ခုသည်

အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီတင်ပို့မှုကိုလွှမ်းမိုးထားပြီး ကမ္ဘာ့စားအုန်းဆီထောက်ပံ့မှု၏ ၅၄ရာခိုင်နှုန်းရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတန်ချိန် ၅၆သန်းထုတ်လုပ်ခဲ့ပြီး တန်ချိန် ၂၆.၃၃သန်းတင်ပို့ခဲ့ကြောင်းသိရပါသည်။ စားအုန်းဆီသည် အင်ဒိုနီးရှားနိုင်ငံအတွက် မဟာဗျူဟာမြောက်ပို့ကုန်ပစ္စည်းဖြစ်ကြောင်းသိရပါသည်။ ဝန်ကြီးက စားအုန်းဆီလုပ်ငန်းသည် လုပ်သား ၁၆.၂သန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပံ့ပိုးထားကြောင်းပြောကြားခဲ့ပါသည်။ စားအုန်းဆီသည် စားအုန

VinFast ကုမ္ပဏီသည် ၎င်းတို့၏ လျှပ်စစ်ကားထုတ်လုပ်မည့်စက်ရုံသစ်ကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားစီရင်စုရှိ Subang မြို့တွင် ဇူလိုင်လ ၅ရက်နေ့က စတင်ဆောက်လုပ်ခဲ့ကြောင်းသိရပါသည်။ VinFast ၏ အရှေ့တောင်အာရှ၏ အာမခံချက်အမြင့်ဆုံး လျှပ်စစ်ကားဈေးကွက်ထဲမှ တစ်ခုထဲသို့ ယခုကဲ့သို့ ဝင်ရောက်လာပေးမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဒေသတွင်းတည်ရှိမှုကို တိုးချဲ့နိုင်မည်ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့် လျှပ်စစ်ကားနယ်ပယ်ကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ အမေရိကန်ဒေါ်လာသန်း၂၀၀ခန့် ကနဦးရင်းနှီးမြှုပ်နှံမည့်စက်ရုံသည် နှစ်စဉ် မော်တော်ယာဉ်အစီးရေ၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်း

GAC Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော တရုတ်လျှပ်စစ်ကားထုတ်လုပ်သည့် GAC Aion သည် ထိုင်းနိုင်ငံတွင် ပထမဆုံးစက်ရုံကိုဖွင့်လှစ်ခဲ့ပြီး လျင်မြန်စွာကြီးထွားလာသည့် လျှပ်စစ်ကားဈေးကွက်အတွက် ဒေသအတွင်း အဓိကတင်ပို့ရာနှင့်တပ်ဆင်ရာ အချက်အခြာနေရာအဖြစ် အသုံးပြုသွားမည်ဟုသိရပါသည်။ GAC Group ၏ဥက္ကဋ္ဌ Zeng Qinghong က ၎င်းတို့သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်မှုကိုပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ လျှပ်စစ်ကားစက်မှုလုပ်ငန်းဗဟိုချက်အဖြစ် မြှင့်တင်သွားမည်ဟုပြောကြားခဲ့ပါသည်။ စက်ရုံကို ဘန်ကောက်မြို့အရှေ့ဘက် ၁၁၂မိုင်အကွာရှိ Rayong စီရင်စုရှိ စက်မှုဇုန်တွင် တည်ဆောက

ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှုနှင့် ဆန်သိုလှောင်မှုလက်ကျန်ပမာဏ များပြားသော်လည်း နိုင်ငံတွင်း ဆန်စျေးနှုန်းကြီးမြင့်မှုနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစိုးရ၏ မူဝါဒဖြစ်သော သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ခြင်းတို့ကြောင့် ၂၀၂၄-၂၀၂၅ စျေးကွက်ဝင်နှစ်တွင် ဆန်တန်ချိန် ၄.၇ သန်းအထိ စံချိန်တင် တင်သွင်းနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု (FAS) ၏ အစီရင်ခံစာအရ သိရသည်။
