
သြဂုတ်လတွင် တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ ၃၉၈၀၀၀ ကျော် စင်္ကာပူသို့ ရောက်ရှိခဲ့ရာ စင်္ကာပူနိုင်ငံ၏ လည်ပတ်သူအများဆုံးအရင်းအမြစ်စျေးကွက် ဖြစ်လာကြောင်း စင်္ကာပူခရီးသွား လုပ်ငန်းအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။
စင်္ကာပူနိုင်ငံသို့ ပြီးခဲ့သည့်လတွင် နိုင်ငံတကာမှလာရောက်လည်ပတ်သူ စုစုပေါင်း ၁.၆ သန်းရှိခဲ့ရာ ၂၀၂၄ ခုနှစ်အလားတူကာလထက် ၄.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် တရုတ်နိုင်ငံသည် စင်္ကာပူ၏ အဓိကလာရောက်လည်ပတ်သူ စျေးကွက်အဖြစ် ၂.၃ သန်းနှင့် ပထမ နေရာ၌ဦးဆောင်လျှက်ရှိပြီး အင်ဒိုနီးရှားနှင့် အိန္ဒိယတို့အထက်တွင် ရပ်တည်နေကြောင်းသိရပါသည်။
ဇန်နဝါရီလမှ သြဂုတ်လအထိ နိုင်ငံတကာဧည့်သည်ရောက်ရှိမှုသည် ၁၁.၆ သန်းအထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)