Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် လယ်ပုဇွန်လုံး(ခေါ်)ဂဏန်းဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မိုးရာသီကာလ၏ ပုဇွန်လုံး (ခေါ်)ဂဏန်းကောင်းလေးများ ပေါများသည့်ရာသီဖြစ်ပါသည်။ ပုဇွန်လုံး (ခေါ်)ဂဏန်းများကို မိမိတို့ ဒေသတွင်း လယ်ယာများအတွင်းမှ ကောက်ယူပြီး ရောင်းချလျက်ရှိပါသည်။ ပုဇွန်လုံး (ခေါ်) ဂဏန်း ကလေးများ၏ အခွံထဲမှ ထုတ်ယူရသော ပုဇွန်ဆီ၊ ပုဇွန်ရင်ဘတ်များ နှင့် ပုဇွန်လုံး(ခေါ်)ဂဏန်းများကို ရာသီအစားအစာအဖြစ် ရောင်းချလျက်ရှီကြောင်း သိရပါသည်။ လယ်ပုဇွန်လုံးကို ပုဇွန်ဆီထုတ်ပြီး အချဉ်ချက်ခြင်း၊ ပုဇွန် လုံးကျောကုံးခွာ၍ အကောင်လိုက် ကြော်ခြင်းနှင့် ပုဇွန်လုံးအလိုက် ချဉ်ရည်ချက်ခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်လုံး(ခေါ်)ဂဏန်း ဈေးနှုန်းများ အနေဖြင့် ပုဇွန်လုံး(ခေါ်)ဂဏန်း တစ်ကောင်လျှင်(၁၀၀)ကျပ်၊ ပုဇွန်လုံး(ခေါ်)ဂဏန်း(၅၀၀)ကျပ်ဖိုးလျှင် (၆)ကောင် နှင့် ပုဇွန်လုံး(ခေါ်)ဂဏန်း(၁၀၀၀)ကျပ်ဖိုးလျှင်(၁၃)ကောင်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ပုဇွန်လုံး (ခေါ်)ဂဏန်း ရောင်းချသူထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပိန္နဲသီးမှည့်ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲ တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ပိန္နဲသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပိန္နဲသီးမှည့် ဈေးနှုန်း များမှာ ပိန္နဲသီးမှည့် အကျွတ်သီး(အကြီး) တစ်လုံးလျှင်(၁၀၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် အကျွတ်သီး (အလတ်)တစ်လုံးလျှင်(၇၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် အကျွတ်သီး(အသေး)တစ်လုံးလျှင်(၅၀၀၀)ကျပ်၊ နှင့် ပိန္နဲသီးမှည့် အိမ်ပျော့သီး(အကြီး) တစ်လုံးလျှင်(၃၅၀၀/၃၀၀၀)ကျပ်၊ ပိန္နဲသီးမှည့် အိမ်ပျော့(အသေး) တစ်လုံးလျှင်(၂၅၀၀/၂၀၀၀)ကျပ်နှင့် ပိန္နဲသီးအမှည့် အဆံ လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးအတွင်း ရောင်းချ နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီ တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူ များ ထံမှ သိရပါသည်။ DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပျားသလက် နှင့် ပျားရည် ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် တောတောင်ဒေသကို အမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။ ပျားသလက်ကို ငရုပ်သီထောင်းစားခြင်း၊ ကြက်ဟင်းခါးသီးနှင့်ရောကြော်ခြင်း၊ ပျားသလက်ကို ဟင်းချိုဟင်းထဲတွင်ခတ်ခြင်း နှင့် ပျားသလက်ကို အချိုကြော်စားခြင်း စသည့် မိမိတို့ ကြိုက်နှစ် သက်သည့် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပါသည်။ ယခု ဇွန်လ နောက်ဆုံးအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ ပျားသလက် (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် ပျားသလက် (၅)ကျပ်သားခန့် တစ်ပြားလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် လည်းကာင်း ပျားရည် ဈေးနှုန်းအနေဖြင့် ပျားရည် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်နှုန်း၊ ပျားရည်(၄၀)ကျပ်သားဝင် ပုလင်း တစ်လုံးလျှင်(၂၀၀၀၀)ကျပ်၊ ပျားရည်(၂၀) ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၈၀၀၀)ကျပ် နှင့် ပျားရည်(၁၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းဖြင့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပျားရည်နှင့်ပျားသလက် ရောင်းချနေသည့် ဈေးသည်တစ်ဦးထံမှ သိရပါ သည်။ DOCA(စစ်ကိုင်း)

ပန်းတိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းများ ဈေးအနည်းငယ်ကျဆင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေး လုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့၏ ရာသီသီးနှံများ အကြောင်းကိုလည်း လစဉ် အပတ်စဉ် တင်ပြလျှက်ရှိရာ ယခု ဇွန်လ ဒုတိယပတ်တွင် ပန်းတိမ်ငို (ခေါ်) ပန်းတိမ်မနိုင်ပန်းများ ဈေးကောင်းရရှိကာ ဈေးကွက်အတွင်းသို့ ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးအတွင်း ရောင်းချလျက်ရှိ သော ပန်းတိမ်ငို(ခေါ်)ပန်းတိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (အဖြူရောင်ရောင်)အခက်အကြီး တစ်ခက်လျှင်(၅၀၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ ပန်းတိမ် ငို(ခေါ်)ပန်းတိမ်မနိုင်ပန်း(အဖြူရောင်ရောင်)အခက်သေး တစ်ခက်လျှင်(၃၀၀)ကျပ်၊ (၅)ခက်ပါ တစ်စည်း လျှင်(၁၅၀၀)ကျပ်နှုန်းဖြင့် ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသော ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်းတိမ်ငို (ခေါ်) ပန်းတိမ်မနိုင်ပန်း (အဖြူရောင်ရောင်)အခက်အကြီး တစ်ခက်လျှင်(၅၀၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ ပန်းတိမ်ငို(ခေါ်)ပန်းတိမ်မနိုင်ပန်း(အဖြူရောင်ရောင်)အခက်သေး တစ်ခက်လျှင်(၂၅၀ ကျပ် ၊ (၅)ခက်ပါ တစ်စည်းလျှင်(၁၃၀၀)ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပန်းသည် တစ်ဦးထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိရာသီပေါ်ပဲလင်းမြွေသီး(ခ)ဗုံလုံသီးဈေးနှုန်း/ဈေးကွက်

ထားဝယ်ဈေးကွက်အတွင်းသို့ သပြေချောင်းရွာဘက်မှ ဗုံလုံသီးများ စတင်ဝင်ရောက်လာ နေပြီ ဖြစ်ပြီး ရာသီပေါ်ဖြစ်သည့်အတွက် ဈေးကောင်းရနေကြောင်း သိရှိရပါသည်။ ပေါ်ဦးပေါ်ဖျား ဖြစ်ပြီး အလုံးလှသည့်အတွက် အလုံးကြီးတစ်လုံးလျှင်(၁၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်ခန့် ရှိကာ စိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ဗုံလုံသီးကို ပဲလင်းမြွေသီးဟုလည်းခေါ်တွင်ကြပြီး ဝက်သားအစာသွပ်၊ ဟင်းချို၊ ရခိုင်ချက်အပြင် ကြိုက်နှစ်သက်ရာအသားများနှင့် အစာသွပ်၍ ချက်ပြုတ်စားသောက်သည့်အတွက် ဝင်ရောက်မှုရှိသည့် ဗုံလုံသီးများမှာ ဝင်‌ရောက်မှု၏ သုံးပုံနှစ်ပုံကျော်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နှင်းပန်းဈေးနှုန်း

ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြ ရာတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။ နှင်းပန်းသည် ဘူရားပန်း ကပ်လှူရန်အတွက်သာ အသုံးပြုကြပြီး နှင်းပန်း၏ ရနံ့ သည်မွှေးကြိုင်နေသော အဆင်းအနံ့ ရှိသည့် အတွက် လူတိုင်းကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်းသည့် ပန်းတစ်မျိုး လည်းဖြစ်ပါသည်။ နှင်းပန်း များကို ရွှေဘိုမြို့၊ မန္တလေးမြို့တို့မှ မှာယူ ရောင်းချရ ပါကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ပန်းမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။ နှင်းပန်းများကို ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ ဖောက်သည် ဝယ်ယူရပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင်(၉၀၀၀)ကျပ်ဖြင့် ပြန်လည် ရောင်းချလျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေး ပန်းမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ ရွှေဖရုံသီးဈေးနှုန်း/ဈေးကွက်

ရွှေဖရုံသီး၏အရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရသာအနည်းငယ်ချိုသည်။ မချက်ပြုတ်မီ အသားမာကျောသော်လည်း အပူပေးချက်ပြုတ်ပြီးနောက် အလွန်နူးညံ့သည်။ အသီး သာမက အပင်၏ အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း၊ စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသော အသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့်အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပြီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်၊ တစ်လုံးလျှင်(၅၀၀၀)ကျပ်အသီးသီးရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဇရစ်ရိုးပင်ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မြစ်ချောင်းအင်းအိုင်များ စိမ့်စမ်းကောင်းသော နေရာများနှင့် စိုစွတ်သောနေရာများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ဇရစ်ရိုးပင် သည် ယခုလိုမိုးဦးကျကာလတွင် စတင်ပေါ်ပေါက်လေ့ရှိပြီး ဇရစ်ရိုးသည် အရိုးတွင်သာမက အရွက် ရောပါစားရပြီး ဆူးပါသောအပင်တစ်မျိုးဖြစ်ပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက်ရှိသော ဇရစ်ရိုးပင် ဈေးနှုန်းအနေဖြင့် ဇရစ်ရိုးပင်(၅/၆)ပင်ပါ တစ်စည်းလျှင်(၇၀၀)ကျပ်၊ (၂၀၀၀)ကျပ်ဖိုးလျှင်(၃)စည်းနှင့် ဇရစ်ရိုး(၁၀)စည်း တစ်ထုံးလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်း ရောင်း ချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါ သည်။ DOCA(စစ်ကိုင်း)

ပဲပင်ပေါက်စားခြင်း၏စျေးနှုန်း/စျေးကွက်

ပဲပင်ပေါက်သည်စျေးသက်သာပြီးအလွယ်တကူ ဝယ်ယူရရှိနိုင်၍ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုနိုင်သောအစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်သည် အာဟာရဓါတ် ကြွယ်ဝပြီး ဗီတာမင်A,Cနှင့်သတ္တုဓါတ်များ ကြွယ်ဝစွာ ပါဝင်နေသောကြောင့်ခန္ဓာကိုယ်ကို ကိုယ်ခံ အားကောင်းစေပြီး ရောဂါပိုးကူးစက်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ပဲပင်ပေါက်ကို စီးပွားအဖြစ် ဖောက်၍ရောင်းချကြပြီး ပဲပင်ပေါက် ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးအသုံး ပြုကြသည်။ များသောအားဖြင့်ဇကာထဲတွင် ထည့်ဖောက်လေ့ရှိပြီး အပင်ပေါက်ချိန်သည် ၄ ရက်မှ ၅ ရက်ခန့်ကြာပါသည်။ ပဲစေ့များမှတဆင့် အပင်ဖောက်၍ ရရှိလာသောအပင်များကို အထုပ်ငယ်များဖြင့် တစ်ထုပ်လျှင် (၆၀၀)ကျပ်နှုန်းဖြင့် စည်ပင်သာယာ ဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း