ပြည်တွင်းကုန်သွယ်မှုသတင်း
Powered by Drupal
ပြည်ဈေးကွက်တွင်ရောင်းချနေသောခရမ်းသီးနှင့် နံနံပင်ဈေးကွက်
ပေါက်ခေါင်းမြို့နယ်၏ကြက်ဥဈေးနှုန်း၊ ဈေးကွက်အခြေအနေ
ပြည်မြို့၏ပြောင်းဖူးဈေးကွက်
ကန့်ဘလူမြို့နယ်၌ ရောင်းချလျှက်ရှိသော မြေပဲလုံးဆံဈေးနှုန်းကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းစိုက်ပျိုး တောင်သူများမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိ ကြောင်း၊ ဇွန်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၀၇၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်ပတ်ဈေးနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲလုံးဆံ(၁)တင်းလျှင် ဈေးနှုန်း(၁၂၅၀၀)ကျပ် ကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)
ဈေးနှုန်းကျဆင်းလာသည့်ခဝဲသီးဈေးကွက်
ကန့်ဘလူမြို့နယ်၌ နှမ်းနက်ဈေးနှုန်း ပြန်လည်မြင့်တက်

ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၄၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း နှမ်းနက်(၁)တင်းလျှင် (၁၀၀၀၀)ကျပ် ခန့်မြင့်တက်၍ နှမ်းဖြူ(၁)တင်းလျှင် (၈၀၀၀)ကျပ် ကျဆင်းလျက်ရှိကြောင်း၊ သီးနှံဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)








