Main menu

ထားဝယ်မြို့ ရွှေဖရုံသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal
ရွှေဖရုံသီး၏အရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရသာအနည်းငယ်ချိုသည်။ မချက်ပြုတ်မီ အသားမာကျောသော်လည်း အပူပေးချက်ပြုတ်ပြီးနောက် အလွန်နူးညံ့သည်။ အသီး သာမက အပင်၏ အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း၊ စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသော အသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့်အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပြီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်၊ တစ်လုံးလျှင်(၅၀၀၀)ကျပ်အသီးသီးရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)