Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း စိန်တစ်လုံးသရက်သီးနှင့် သကြားသရက်သီးအမှည့် ဈေးနှုန်း မြင့်တက်

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၈၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၅၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈)လုံးနှင့် တစ်လုံး(၁၀၀)ကျပ် (၁၀၀၀)ကျပ်ဖိုး(၁၀)လုံးဖြင့်ရောင်းချကြောင်း ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၇၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀/၂၀၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈/၅)လုံး တို့ဖြင့်ရောင်းချကြောင်း ယခင်အပတ်ထက် စိန်တစ်လုံးသရက်သီးမှည့် ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။ DOCA(စစ်ကိုင်း)

တာဟန်းဈေးအတွင်းရောင်းချနေသည့် ဆတ်သားခြောက်ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ တာဟန်းဈေးဟု လူသိများကြသည့် ချင်းတိုင်းရင်းသား အများစု ဈေးရောင်းချလျက်ရှိသော ရိုးရာအစားအစာများ၊ သစ်သီးဝလံများ၊ စားဖိုဆောင်သီးနှံများ၊ ကုန်ခြောက်များ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများလည်း စုံလင်စွာ ရောင်းချနေသည်ဟု သိရှိရပါသည်။ ကလေးမြို့ပေါ်ရှိ ဈေးများအနက် တောဝက်သားခြောက်၊ ဆတ်သားခြောက်များ၊ ဂျီသားခြောက်များ၊ မျောက်သားခြောက်များ စသည်ဖြင့် တောကောင်သားများရရှိသည့် ဈေးဟုဆိုရာတွင် တာဟန်းဈေးကိုသာ ပြေးမြင်ကြရပါသည်။ တာဟန်းဈေးအတွင်း ရောင်းချနေသည့် အသားခြောက်ဈေးနှုန်းများအနေဖြင့် ဆတ်သားခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ ) ကျပ်၊ ဂျီသား ခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ ) ကျပ်၊ တောဝက်သားခြောက် ( ၁ ) ပိဿာလျင် ( ၈၀၀၀၀ ) ကျပ်၊ မျောက်သားခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ )ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ DOCA(စစ်ကိုင်း)

ရာသီမရွေးစိုက်ပျိုးစားသုံးနိုင်သည့် ရုံးပတီသီး

ကလေးမြို့နယ် ဆည်တော်ဦးကျေးရွာမှ ရာသီမရွေးစိုက်ပျိုး၍ ရောင်းပန်းဝင်လျက်ရှိသည့် ရုံပတီသီးသည် နှစ်စဉ် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရ လွယ်ကူသော စားဖိုဆောင်သီးနှံ ဖြစ်သည့်အပြင် ကျန်းမာရေးနှင့် သင့်တော်သော အသီးတစ်မျိုးဖြစ်သည်။ ဆည်တော်ဦးကျေးရွာမှ ထွက်ရှိသော ရုံးပတီးသီးများသည် ကလေးမြို့ပေါ်သို့ ဖောက်သည် ပေး၍ ကလေးမြို့မဈေးအတွင်း ရောင်းချသည့် ပေါက်ဈေးနှုန်းအနေဖြင့် ရုံးပတီသီး ( ၂၅ ) သားလျှင် ( ၃၀၀၀ ) ကျပ်၊ တစ်ပိဿာလျင် ( ၁၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကာ ယခုအခါတွင် ( ၅၀၀ ) ကျပ်ခန့် အနည်းငယ်ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း