Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း တည်ငြိမ်လျက်ရှိသော တီလားဗီးယားငါးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်၊တီလားဗီးယားငါး(အကြီး) လက်လီဈေး(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် တီလားဗီးယားငါးအသေး လက္ကား(၁) ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ တီလားဗီးယားငါးအသေးလက်လီ(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တီလားဗီး ယားငါးအသေး (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် တီလားဗီးယားငါးအသေး လက္ကား(၁) (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသောပုဇွန်ဆိတ်ဈေးနှုန်း

ကျွန်းလှမြို့တွင် ရောင်းချနေသော ဆန်လှော်မရွှေးဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိူ ‌ဒေသ ထွက်အစားအစာအဖြစ် သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌ သော ဆန်လှော်မရွေးဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ကြွပ်ကြွပ် ရွရွဖြင့် စားကောင်းပြီး ရေသောက် လျှင် ဗိုက်ပြည့်သော အစားအသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြမှုမှာ များပြား ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း နှင့် ဆန်လှော်မရွေးကို ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော် မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မရွေး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး (၅၀) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ မန်းမ‌ရွေး (၂၅)ကျပ်သား လျှင် (၃၀၀၀)ကျပ် နှင့် မန်းမ‌ရွေး(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေးအတွင်း‌ရောင်းချနေ‌သော မရွေးသည်ထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုး သည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍ (၂၅၀၀/၃၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) ငှက်ပျောအဖီးလှ/မလှပေါ်မူတည်၍(၃၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး လှ/မလှပေါ်မူတည်၍ တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/ ၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးစိမ်း ဈေးနှုန်း

ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ၊ ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း၌ ငရုပ်သီး စိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၂၅၀၀)ကျပ် ၊(၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည် လျှင်(၁၀၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၊(၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည် လျှင်(၁၀၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဖြင့် နှိုင်းယှည်ကြည့်မည်ဆိုပါက မိုးထော်ငရုပ် ကျောက်စိမ်းသီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ဂေါ်ဖီထုတ်(မုံလာထုတ်) နှင့် ပန်းဂေါ်ဖီဈေးနှုန်း

သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်အတွင်းထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို စားသောက်ဆိုင်များ၊ ကော်ပြန်ဆိုင်များ၊ အကြော်ဆိုင်များ နှင့်မုန့်လင်မယားဆိုင်များတွင် အသုံးပြုသည့်အတွက် အရောင်းသွက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အလတ် တစ်ထုတ်လျှင်(၂၅၀၀)ကျပ်နှင့် ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၅၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အလတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်နှင့် ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ် လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင် (၃၅၀၀)ကျပ် နှင့် ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မုံလာထုတ်ဈေး အနည်းငယ် မြင့်တက်ပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း