Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချနေသော အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

         ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးနှင့် ဂျင်း(ချင်း) တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

            ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်တွင် ပိတောက်မြိုင်ဈေးအတွင်း ဖြစ် ပေါ်နေသော အာလူးသီးဈေးနှုန်း အနေဖြင့် အာလူးသီးအလုံးကြီး လက္ကား(၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ အားလူးသီးအလုံးကြီး လက်လီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး လက္ကား(၁)ပိဿာလျှင်(၄၃၀၀)ကျပ် နှင့် အာလူးသီး အလုံး သေး လက်လီ(၁)ပိဿာလျှင်(၄၅၀၀)ကျပ် တို့ဖြင့်လည်းကောင်း ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား (၁)ပိဿာလျှင်(၅၂၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ကျွန်းလှမြို့ပေါ် ရပ်ကွက်များတွင်  ကြက်သွန်ဖြူ/နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် လုပ်နေသူထံမှ သိရှိရပါသည်။ အာလူးသီးကို  မိသားစု စာဖိုဆောင်အတွက် အရန်ဟင်းတစ်မျိုးအဖြစ် အသုံးပြုယုံ မဟုတ်ပဲ လဖက်ရည်ဆိုင်များတွင်လည်း စမူစာလုပ်ရာတွင်လည်းကောင်း၊ အသုပ်စုံရောင်းချသည့်ဆိုင်များတွင် အသုပ်ထဲထည့်သလို၊ ဂျပါတီဆိုင်များတွင် ဟင်းအနှစ်ချက်ပြုတ်ရာတွင်လည်း အသုံးပြုသည့်အတွက် ရောင်းအားကောင်းလျက်ရှိပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ ပထမပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရာသီစာ ဟင်းသီး ဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ရောင်းချနေသော အသား/ငါးဈေးနှုန်းများအနေဖြင့်  CP ကြက်သားတစ်ပိဿာလျှင် (   ၂၄၀၀၀       )ကျပ်၊ ဆိတ်သား အသားသန့်  ( ၁ ) ပိဿာလျှင် (  ၂၅၀၀၀  ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၂၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် (   ၃၅၀၀၀ )ကျပ်၊ ငါးကြင်း ခုတ်သား ( ၂၅)ကျပ်သားလျှင် (     ၆၅၀၀)      ကျပ်၊ ဝက်သား ( ၁ )  ပိဿာလျှင်( ၃၇၀၀၀)ကျပ်၊ ပုဇွန်ဆိတ် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်းမှ သရက်သီးစိမ်း နှင့် သရက်ချဉ် ဈေးနှုန်း

          ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်း များကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ (၁၀၀၀)ဖိုး(၃)လုံး နှင့် သရက်သီး အသေး တစ်လုံးလျှင်(၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပြီး အလားတူပင် သရက်ချဉ် ဈေးနှုန်းအနေဖြင့် သရက်ချဉ် လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ သရက်ချဉ် လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သရက်သီးစိမ်း ရှားပါးလာပြီ ဖြစ်သည့်အတွက် သရက်သီးစိမ်း ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲတီစိမ်း စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းအခြေအနေ

   မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြပြီး သီးနှံစုံစိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ခုနှစ် ဇွန်လကုန်အထိ မိုးပဲတီစိမ်း (၂၆၁၉) ဧက၊ ငါ့သရောက်မြို့နယ်တွင် မိုးပဲတီစိမ်း (၁၈၀၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန စာရင်းများအရ သိရသည်။
   ၂၀၂၅-၂၀၂၆ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်းမှာ ပဲတီ စိမ်းတစ်ပိဿာလျှင် (၆၇၀၀) ကျပ်ခန့်နှင့် တစ်တင်းလျှင် (၁၀၇၂၀၀) ကျပ်ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ပဲတီစိမ်း တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်၊ တစ်တင်းလျှင် (၃၂၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာလျက်ရှိပါကြောင်း သိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥ ဈေးနှုန်းများ

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ဘုန်းဇဉ်ဈေးအတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥ၊ဘဲဥ၊ငုံးဥ အရောင်းဈေးနှုန်းများမှာ ကြက်ဥ(အကြီး) တစ်လုံးလျှင် (၅၀၀) ကျပ်၊ ကြက်ဥ (အလတ်)တစ်လုံးလျှင် (၄၅၀)ကျပ်၊ ကြက်ဥ (အသေး) တစ်လုံးလျှင် (၄၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
   ဘဲဥဈေးနှုန်းများမှာ ဘဲဥ(အကြီး)တစ်လုံးလျှင် (၇၀၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၆၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၅၅၀)ကျပ် တို့ဖြင့် ရောင်းချလျှက်ရှိပါသည်။ ငုံးဥဈေးကွက်အနေဖြင့် တစ်လုံးလျှင် (၁၀၀)ကျပ် ဖြင့် တစ်ထောင်ဖိုး (၁၀)လုံးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရ သည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏စက်သုံးဆီ ဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်လျက်ရှိကြောင်း  သိရှိရသည်။
   မြင်းခြံမြို့၏ စက်သုံးဆီ အရောင်းဆိုင်များမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ ယခုလ ဇူလိုင်လ ဒုတိယပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများနှုန်းမှာ 92 Octance (၃၀၇၀) ကျပ်၊ 95 Octance (၃၁၂၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၃၈၀)ကျပ် ဖြစ်ကြောင်းသိရှိရသည်။ ဇွန်လ ပထမပတ်တွင် စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance (၃၁၂၅)ကျပ်၊ 95 Octance (၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၃၇၅)ကျပ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ယခင်တစ်ပတ်ထက် ယခုဇူလိုင် ဒုတိယပတ်တွင်  ပြောင်းလဲခဲ့သော စက်သုံးဆီ တစ်လီတာဈေးများနှုန်းများအနေဖြင့် 92 Octanceတွင်(၅၅)ကျပ်၊ 95 Octance တွင် (၆၅)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ပရီမီယမ်ဒီဇယ်တွင်(၅) ကျပ်မြင့်တက်ခဲ့ကြောင်းနှင့် ရိုးရိုးဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ စက်သုံးဆီများကို  အများပြည်သူများအား နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

ဟုမ္မလင်းဒေသထွက်လက်ဖက်စို ၊ လက်ခြောက်

           ဟုမ္မလင်းမြို့မောင်းခမ်းကျေးရွာတွင် လက်ဖက်စိုက်ခင်းဧကတစ်ထောင်ကျော်ရှိကြောင်း သိရသည်။ ဒေသထွက် လက်ဖက်စိုကို မက်လင်သီး၊ စောင်းလျားသီးများဖြင့် ရောနှောကာ လက်ဖက်ချဉ်နှပ် ပြုလုပ်ရောင်းချခြင်းများလည်းရှိသည်။  လက်ဖက်ခြောက်အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ နှင့် လက်ဖက်အစိုမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့်ရောင်းချကြောင်း၊ရေသန့်ဘူးနှင့်လည်းရောင်းချလျက်ရှိပြီး ဘူးအလတ် တစ်ဘူးလျှင် ကျပ် ၃၀၀၀ခန့်ရှိ ကြောင်းသိရသည်။ ဒေသထွက်လက်ဖက်များကို ခန္တီး၊ ဖောင်းပြင် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းတွင်းမြစ်တစ်လျှောက်မြို့များ၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပြီး လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏ငါးခြောက်ဈေးနှုန်းဈေးကွက်

    ငါးခြောက်သည် မြန်မာနိုင်ငံတွင်ရှေးအစဉ်အလာကတည်းက အသုံးပြုလာခဲ့သော အစား အစာတစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝ၍ ချက်ပြုတ်ရန်လွယ်ကူပြီး လူကြိုက်များ၍ အထား အသိုခံသောကြောင့် စားသုံးမှုများကြောင်းသိရှိရသည်။
     မြင်းခြံဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုဇွန်ခြောက်နှင့် ငါးပိများ အား ရန်ကုန်မြို့ ဘုရင့်နောင်နှင့် ဧရာဝတီတိုင်းတို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်း အမျိုးအစားအလိုက် တစ်ပိဿာဈေးတို့မှာ အာဗြဲခြောက် (၃၂၅၀၀ - ၃၅၅၀၀) ကျပ်၊ ငါးပုတ်သင်(အလတ်) (၁၉၅၀၀) ကျပ်၊ ငါးပုတ်သင်(ကြီး) (၂၆၅၀၀) ကျပ်၊ ငါးတံခွန်ခြောက် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးပူတင်းခြောက်(အပြား) (၃၇၅၀၀)ကျပ်၊ ငါးနီတူခြောက်(အလတ်) (၂၃၀၀၀) ကျပ်၊ ငါးကွမ်းရှပ် (၆၁၀၀၀) ကျပ်၊ ပုဇွန်ခြောက် (၄၆၀၀၀-၆၀၀၀၀) ကျပ်နှင့် ငါးပိ (၈၅၀၀ - ၁၂၅၀၀) ကျပ် ပေါက်ဈေးတို့ဖြင့်အသီးသီးရောင်းချလျက်ရှိကြောင်း  ယခုအချိန်သည် မိုးရာသီကာလ ဖြစ်သော ကြောင့် ဒေသတွင်းကျေးရွာများမှ ဝယ်ယူမှုများ၍ စားသုံးမှုများပြီး အရောင်းအဝယ် ကောင်းကြောင်း အေးမြသီ တာဈေးအတွင်းရှိ ရေထွက်ကုန်ပစ္စည်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏တညင်းသီးဈေးနှုန်းဈေးကွက်အခြေအနေ

     မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်သည်  နှစ်ရှည်ပင်သီးနှံများကို စိုက်ပျိုးကြသော် လည်း တညင်းသီးပင်စိုက်ပျိုးဖြစ်ထွန်းမှု မရှိကြောင်း၊ တညင်းပင်သည် မြန်မာနိုင်ငံအပူပိုင်းဒေသ များ တွင် ပေါက်ရောက်မှုနည်းပြီး၊ အအေးပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မြစ်ကြီးနားမြို့ နှင့် ပြင်ဦးလွင်ဒေသများတွင်ပေါက်ရောက်ကြောင်း၊ ထွက်ပေါ်ချိန်မှာ(မေလမှ ဩဂုတ်လ) ဖြစ်ပြီး၊ နွေရာသီနှင့် မိုးရာသီ ကာလများတွင် ထွက်ပေါ်ကြောင်းသိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ဇူလိုင်ဒုတိယပတ်၌ ရောင်းချနေသောတညင်းသီး ၂၅ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ဇွန်လဒုတိယပတ်၌ တညင်းသီး ၂၅ ကျပ် သားလျှင်(၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် တညင်းသီး ၂၅ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် တညင်းသီးများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း၊ တညင်းသီး သီးနှံသည် စားသုံးမှုများ၍ ဈေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်မြို့နှင့် မြစ်ကြီးနားဒေသထွက် တညင်းသီးများကို မှာယူတင်သွင်းပြီး မြင်းခြံဈေးကွက်သို့ ရောင်းချကြောင်း၊ ကုန်သည်၏ပြောပြချက်အရ သိရသည်။ စားသုံးမှုအနေဖြင့် တညင်းသီးကို ပြုပ် စားခြင်း၊ ချက်စားခြင်း၊ လဘက်ဖြင့်သုပ်စားခြင်း၊ တညင်းသီးဆားရည်စိမ်ကို ငပိရည်နှင့် စားခြင်းစသည်ဖြင့် စားသုံးနိုင်သလို  ကျန်းမာရေးအနေဖြင့် တညင်းသီးတွင် သကြားဓာတ်များ၍ ဆီးချိုရှိသူများ သတိထားစားသုံးသင့်ကြောင်း၊ ကယ်လိုရီများ၍ အလွန်အကျွံစားပါက ကိုယ်အလေး ချိန်တက်နိုင်ကြောင်း၊ တညင်းသီးကို ကျန်းမာရေးနှင့်သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း သိ ရှိရသည်၊၊

DOCA(မန္တလေး)

မြင်းခြံမြို့၏ကင်းပုံသီးဈေးနှုန်းဈေးကွက်

     ကင်းပုံသီးသည် မြန်မာနိုင်ငံတွင် သဘာဝအလျောက်ပေါက်ရောက်သောအပင်ဖြစ်သလို စိုက်ပျိုးရလွယ်ကူသောနွယ်ပင်မျိုးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်ရှိ နဘူးအိုင်ရွာနှင့် တလုပ်ကျေးရွာ အချို့တွင် ကင်းပုံပင်ကို စီးပွားဖြစ်စနစ်တကျ စိုက်ပျိုးထားကြကြောင်း၊ စိုက်ပျိုးစရိတ် သက်သာပြီး ဝင်ငွေလည်းရရှိကြောင်း သိရှိရသည်။ ဒေသတွင်း ဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ကင်းပုံသီး ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဇွန်လ ဒုတိယပတ်တွင် ကင်းပုံသီး ၂၅ ကျပ်သားလျှင်  (၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၅၅၀၀) ကျပ်ပေါက် ဈေးများဖြင့် အရောင်းဝယ် ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ကင်းပုံသီး ၂၅ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် ကင်းပုံသီးများ စိုက်ပျိုး ထွက်ပေါ်ချိ န်ဖြစ်သောကြောင့် ဈေးနှုန်းများကျ ဆင်းခဲ့ခြင်းဖြစ်ကြောင်း ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း