Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၈၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲလွန်းဖြူ(၁)တင်းလျှင် (၅၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ဈေးကွက် အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင် များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

       ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင်(၈၀၅၀၀) ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်း ပြန်လည်ကျဆင်းသွားကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၏ ဆီထွက်သီးနှံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူ မြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေ ဖြင့် ဇူလိုင်လ စတုတ္ထပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၇၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၄၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၀၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊  အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ၌ မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း အစေ့ထုတ် ပြောင်း(၁)တင်းလျှင် (၂၂၈၀၀)ကျပ်၊  ဇူလိုင်လ စတုတ္ထပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုး ထားရှိကြောင်း၊ ၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြား သော ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၇၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ကြက်ဆူစေ့ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့် လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသောကြောင့် မြေနေရာသီးသန့်မလို ကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်း ချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၌ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံဈေးနှုန်းများ ဆက်လက်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူ မြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၂၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသောကြောင့် ယခုပတ်အတွင်း မတ်ပဲဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၁၁၄၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၁၂၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၉၈၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၉၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အ တွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၀၅၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲနှင့် ပဲနီသီးနှံဈေးနှုန်းများ တည်ငြိမ်နေကြောင်း၊ ကျွန်းလှမြို့နယ်ထွက် ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၌ ပဲဇီးကွက်သီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၉၆၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၆၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

   မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၁၈.၇.၂၀၂၅)ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၃၁၁၅ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၇၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၄၀ ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာ မှာ ၃၄၈၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၂၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၈၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၃၀၀၅ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၇၃၀ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒေသထွက်ငှက်သိုက်စျေးနှုန်းစျေးကွက်

     မြိတ်မြို့တွင် ဒေသထွက်ကုန်ဖြစ်သော  ငှက်သိုက်ကို သဘာဝအလျောက်ရရှိသလို လူတို့ပြု လုပ်ထားသော ငှက်သိုက်များမှလည်းရရှိကြသည်။ ပလိုတင်းဓါတ်ပြည့်ဝပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိခြင်းကြောင့် အဟာရဖြည့်စွက်စာအနေဖြင့်လည်းသောက်သုံးနိုင်သည်။ မြိတ်မြို့တွင် ငှက်သိုက်ကို တစ်ခါသောက်ငှက်သိုက်အရည်ပုလင်းများဖြင့် အချောထည်ပြုလုပ်ရောင်းချကြသလို ငှက်သိုက် အကြမ်း၊ အချောများဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိသည်။ ဒေသတွင်းရောင်းချကြသလို ပြည်တွင်းရှိ အခြားတိုင်းနှင့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

     (၂၂.၇.၂၀၂၅)ရက်နေ့စျေးနှုန်းအရ မြိတ်မြို့တွင် ငှက်သိုက် တစ်ခါသောက်တစ်ပုလင်လျှင် ၇၅၀၀ ကျပ်ရှိပြီး ငှက်သိုက်အကြမ်းတစ်ပိဿာလျှင် ၄၀၀၀၀၀ ကျပ်ခန့်နှင့် ငှက်သိုက်အချောတစ်ပိဿာလျှင် ၈၀၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ စမတ်ခြောက် စျေးနှုန်းစျေးကွက်

       စမတ်ခြောက်ကို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော မြိတ်ခရိုင်တွင် ပြုလုပ်ရောင်းချလျက် ရှိပါသည်။ စမတ်ခြောက်ကို လိပ်ကျောက်စမတ်(ခေါ်)ငါးလိပ်ကျောက်လို့ ခေါ်သော ငါးအမျိုးအစား အားအသုံးပြု၍ ပြုလုပ်လျက်ရှိပြီး ခေါင်းနှင့် အလယ်အူတိုင်သည် စားသုံးရန်မသင့်သောကြောင့် ဖယ်ရှားရ‌ကြောင်းသိရှိရပါသည်။ နှဘေးအကာများအား အသုံးပြုလျက် အခြောက်လှမ်းခြင်းဖြင့် ယတ်တောင်ပုံသဏ္ဍာန် စမတ်ခြောက်(ခေါ်)ငါးဝိုင်းခြောက်အား ရရှိပြီး ပြည်တွင်းသာမက ပြည်ပသို့ ပါ တင်ပို့ရောင်းချလျက်ရှိသည်။ စမတ်ခြောက် ပြုလုပ်ရာတွင် အကောင်ကြီးလျှင် အခြောက်ခံရန်ခက်ခဲခြင်းကြောင့် အကောင်ငယ်များကိုသာ အဓိကထားသုံးစွဲကြကြောင်းသိရှိရပါသည်။

      မြိတ်ဒေသတွင်းရောင်းချလျက်ရှိသော စမတ်‌ခြောက်စျေးနှုန်းမှာ တစ်ပိဿာ ၉၀၀၀၀ ကျပ်ခန့် ရှိပြီး ရန်ကုန်နှင့် မော်လမြိုင်များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း