Main menu

ကျွန်းလှမြို့မှ မန်ကျည်းသီးစိမ်း၊ သရက်သီးစိမ်းနှင့် သရက်ချဉ် ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချ ပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်း၊ မန်ကျည်းသီးစိမ်းများကို ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချ လျက်ရှိကြောင်း သိရသည်။

   ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  ဈေးနှုန်းများမျာ မန်ကျည်းသီးစိမ်း တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင် (၇၀၀)ကျပ်နှင့် ၊ သရက်သီးစိမ်း အကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံး လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင် သရက်ချဉ် ဈေးနှုန်းများမှာ သရက်ချဉ် တစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၈၀၀)ကျပ် နှင့် သရက်ချဉ် (၁၀) ကျပ်သားလျှင်(၃၀၀)ကျပ်‌ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)