Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ဒေသထွက်နွားနို့များ ရောင်းချလျက်ရှိ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရှိ ရွာတောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များအပြင် တစ်ပိုင်တစ်နိုင် ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ် နေရေးအဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည် ။

       မေထုံနွားမတစ်ကောင်ကို တစ်နေ့နို့ပိဿာ(၇)ပိသာခန့်နှင့် ဒေသနွားမတစ်ကောင်းကို (၃)ပိဿာခန့် ထွတ်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နွားနို့(၁)လီတာ (၁)ဗူးလျင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ နို့စားနွားနို့(၁)လီတာ (၁)ဗူးလျင် (၁၃၀၀မှ ၁၇၀၀)ကျပ်တို့ဖြင့် ရောင်းချရပြီး လဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက်သူများက နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း ဒေသထွက်နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။     

DOCA (စစ်ကိုင်း)      

 

         

အုန်းသီးဈေးနှုန်းဈေးကွက်

   မန္တလေးမြို့အတွင်းသို့ ဧရာဝတီတိုင်းမှ အုန်းသီးများဝင်ရောက်လျှက်ရှိပြီး လမ်းဘေး ဈေးသည်များမှ ရောင်းချလျှက်ရှိကြောင်းသိရသည်။ အချို့မှာ အုန်းသီးဆံအစိမ်းကို ကွမ်းယာများ ထဲတွင်ထည့်၍ စားသုံးကြကြောင်း၊ အုန်းသီးဆံကိုခြစ်၍ ကြော်ပြီးလည်း ထိုးမုန့်၊ ရွှေကြည်ဆနွင်း မကင်းများပေါ်သို့ ဖြူး၍လည်း အသုံးပြုလေ့ရှိသည်။ အုန်းသီးဆံကို ညစ်ပြီးရရှိသော အုန်းနို့ များကိုလည်း အုန်းနို့ကျောက်ကျော၊ အုန်းထမင်းနှင့် အစားအသောက်အမျိုးမျိုးပြုလုပ် စားသောက် ကြသည်။ အုန်းသီးဆံကို နေပူလှမ်းအခြောက်ခံပြီးကြိတ်ကာ အုန်းဆီအဖြစ်ပြုလုပ်ရောင်းချကြပြီး ဈေးကွက်ကောင်းလျှက်ရှိပါသည်။ အုန်းသီးကို ဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အသုံးပြုကြသလို မိရိုးဖလာကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြသည်။ အုန်းစိမ်းရည်သောက် အုန်းသီးတစ်လုံးလျှင် ၃၅၀၀/၄၀၀၀ ကျပ်အထိ ရောင်းချကြပြီး ဘုရား ကန်တော့ပွဲများနှင့် ရိုးရာကန်တော့ပွဲများတွင် အသုံးပြုသော အုန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၅၀၀၀/၆၀၀၀ ကျပ်အထိ ရောင်းချနေကြောင်း အုန်းသီးငှက်ပျောရောင်းချသူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

အညာဒေသထွက် ထန်းလျက်ဈေးနှုန်း အနည်းငယ်ကျဆင်း

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီးထန်းလျက်()ပိဿာ (၆၅၀၀)ကျပ်၊ ဝါးတောထန်းလျက်()ပိဿာ (၆၀၀၀)ကျပ်၊ စမုံထန်းလျက်()ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထန်းလျက်သည် ထန်းပင် မှရရှိသည့် ထန်းရည်ကိုချက်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ ထန်းလျက်ကို အစားအသောက်များ၊ မြန်မာ့ရိုးရာမုန့်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ထန်းလျက်ရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)      

ဘားအံမြို့ ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

        ၂၀၂၅ ခုနှစ်၊ မိုးရာသီဩဂုတ်လစတုတ္ထပတ်တွင် ကရင်ပြည်နယ် ဒေသထွက် သကြားပြောင်းဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် သကြားပြောင်းကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း ၊မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်း ကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် အရေ ပြား ဓာတ်တိုးပစ္စည်းပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်းမာရေး အတွက် ကောင်းကြိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူးလျှင်(၅၀၀)ကျပ်၊ (၁၀)ဖူး လျှင် (၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (ကရင်)

 

ပြောင်းဖူးဈေးနှုန်းဈေးကွက်

   မန္တလေးမြို့အတွင်းသို့ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်  ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို နေ့စဉ်ရောင်း ချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးနှင့် ရှမ်းပြောင်းဖူး အမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းလျာအဖြစ်လည်း ချက်ပြုတ်ကြသည်။   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပြောင်းဖူးအစိမ်းအကြီး()ဖူးလျှင် (၈၀၀)ကျပ်၊ အသေး()ဖူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများသည် ပြောင်းဖူးပြုတ်အကြီး()ဖူးလျှင် (၁၀၀၀)ကျပ်၊ အသေး()ဖူးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

 DOCA(မန္တလေး)

 

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ရေပေါ်ဈေး၌ ဘူးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

           ဘူးသီးများကို ဘားအံမြို့အနီးတဝိုက် ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြတလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကြသောကြောင့် စိုက်တောင်သူများအတွက် အပိုဝင်ငွေတိုးစေသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး တစ်လုံးလျှင် (၅၀၀၀) ကျပ်နှင့် ဘူးသီးအလုံးငယ် တစ်လုံးလျှင် (၃၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယင်းဘူးသီးများသည် ဒေသထွက်ဘူးသီးများရှိသကဲ့သို့ အခြားမြို့များမှ ဝင်ရောက်လာခြင်းများလည်းရှိကြောင်း သိရပါသည်။

          ကရင်ပြည်နယ် ဘားအံမြို့အတွင်းဖြစ်ပေါ်နေသော  ဇူလိုင်လနောက်ဆုံးပတ်နှင့် ဩဂုတ်လ စတုတ္ထပတ်ဘူးသီးဈေးနှုန်း နှိုင်းယှဉ်မှုများအရ အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်နေသေ်လည်း ဘူးသီးဈေးနှုန်းမှာ တည်ငြိမ်ကာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။

DOCA (ကရင်)

ခရမ်းချဉ်သီးဈေးကျ

   မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျှက်ရှိသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဇူလိုင်လဆန်း ပိုင်းတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ယခုအခါ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် နန်းရှေ့ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့်(၂၅)ကျပ်သား လျှင် (၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ဖရုံယိုဈေးကွက်

    မန္တလေးတိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား မန္တလေးမြို့ပေါ်ရှိ ကုန်စုံဆိုင် များတွင် ဈေးနှုန်းဈေးကွက်များအား စုံစမ်းမေးမြန်းလျက်ရှိပါသည်။ မန္တလေးနန်းရှေ့ ဈေးတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုများကို  မန္တလေးမြို့ပေါ်ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချ ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ကျောက်ဖရုံယို ဈေးနှုန်းများမှာ ကျောက်ဖရုံယို(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဖရဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော ဖရဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဖရဲစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၀)ရက်တွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဖရဲမျိုးစေ့တစ်ထုတ်လျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုးထုပ် (၁၀)ထုပ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ ပလပ်စတစ်လိပ်ဖိုးများအပါအဝင် စုစုပေါင်း (၄၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၂၅)ရက်၊ (၃၀) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ကျောက်စိမ်း ဖရဲ၊ ဒုံးကျည်ဖရဲနှင့် 855 ဖရဲမျိုးများ စိုက်ပျိုးကြကြောင်း၊ ဖေဖော်ဝါရီလတွင် စိုက်ပျိုးခဲ့သောကြောင့် ယခု မေလနှင့် ဇွန်လများတွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၆၀၀၀)ခန့် ထွက်ရှိကြောင်း၊ ယခင်က ခရိုင်အတွင်း သီးနှံအား စိုက်ပျိုးမှုများသော်လည်း ယခုအခါ စိုက်ပျိုးမှု အနည်းငယ်သာရှိပြီး ထွက်ရှိသောရွာမှာ ရှင်ငယ်ပြေးရွာဖြစ်ကြောင်း၊ ယခု လက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော ဖရဲသီးများမှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများ၊  ဝမ်းတွင်းမြို့နယ်၊ ဆည်ရွာမှထွက်ရှိသော ဖရဲများဖြစ်ပြီး ကျောက်စိမ်းဖရဲသီး တစ်လုံးလျှင် အလုံး သေး (၁၅၀၀/-)ကျပ်၊ အလုံးကြီး (၂၀၀၀/-) ကျပ်၊ 855 ဖရဲတစ်လုံးလျှင် အလုံးကြီး(၃၅၀၀/-) ၊ အလုံးသေး (၂၅၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူသူများလည်း ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့တွင်းရှိ သံပရာသီးဈေးနှုန်းအခြေအနေ

       ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်းသံပရာသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ သံပရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်းရှိသံပရာသီးများသည် ဘားအံမြို့အနီးကျေးရွာများနှင့် ကြာအင်း ဆိပ်ကြီး၊ မော်လမြိုင်၊ ရေးမြို့နှင့် ထိုင်းတို့ဘက်မှ ဝင်ရောက်လာသော သံပရာသီးဈေးများရှိကြောင်း သိရသည်။ မြန်မာသံပရာသီး အိတ်ကြီးတစ်အိတ်လျှင် (၂၀၀၀၀၀၊၂၅၀၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင် အလုံးရေ ၁၅၀၀မှ၁၇၀၀ထိ ပါသည်။ သံပရာသီးအလုံးကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ သံပရာသီး အလုံးလတ်တစ်လုံးလျှင်(၁၅၀)ကျပ်နှင့်သံပရာသီးအလုံးသေးတစ်လုံးလျှင်(၁၀၀)ကျပ်နှင့် ယိုးဒယား စပ်သံပရာသီး အလုံးကြီးတစ်လုံးလျှင်(၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စိုက်တောင်သူများအနေဖြင့် နွေရာသီမရောက်သေးတော်လည်း ယခုမှစ၍ သံပရာသီးများဈေးကောင်းရကာ တွက်ချေကိုက်လျက်ရှိကြောင်းနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပရာသီးနှင့်၊ ရှောက်သီးကို အများဆုံး စိုက်ပျိုးကြောင်း သိရသည်။

DOCA (ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း