Main menu

ခရမ်းချဉ်သီးဈေးကျ

Powered by Drupal

   မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျှက်ရှိသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဇူလိုင်လဆန်း ပိုင်းတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ယခုအခါ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် နန်းရှေ့ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့်(၂၅)ကျပ်သား လျှင် (၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)