Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုတ်ဖိုမြို့နယ်၌ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့မဈေးကြီးအတွင်းတွင် စက်တင်ဘာလတတိယပတ်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ  ကြက်သွန်နီ (ကြီး)တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ကြက်သွန်နီ(လတ်) တစ်ပိဿာလျှင် ၂၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းမွှာ) တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ကြူကုတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ၂၆၀၀၀ ကျပ်၊ အာလူး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်တို့ဖြစ်ပြီး ယခင်ဩဂုတ်လထက် ဈေးအနည်းငယ် မြင့်တက်နေကြောင်း မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များမှ သိရှိရပါသည်။ ပဲဈေးနှုန်းများမှာ မြေပဲလုံးဆံ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကုလားပဲခြမ်းစိမ်း တစ်ပိဿာလျှင်(၇၂၀၀)ကျပ်ဖြင့် ပုံမှန်ဈေးနှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငါးဈေးနှုန်းမှာ ငါးဘတ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ တီလားဗီးယားငါးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် လှိုင်လှိုင်ပေါများစွာ‌ ရောင်းဝယ်လျက်ရှိကြောင်း မြို့မဈေးကြီးအတွင်းရှိ အသား/ငါး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ ဓာတ်မြေဩဇာပိုးသတ်ဆေးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စက်တင်ဘာလတတိယပတ်တွင် ကွန်ပေါင်း(မြန်မာ့ဩဘာရွှေကောမတ်) 15:15:15 (50) kg ပါ တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50 kg ပါ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ပုလဲ (အကြီး) ၄၆ % ထိုင်း (မြင်းပျံ) 50 kg ပါတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ယူရီးယား မြင်းရိုင်းမှာ 50 kg ပါတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ယူရီးယားမြန်မာရွှေနဂါး 50 kg ပါ တစ်အိတ်လျှင် ၁၁၀၀၀ ကျပ်၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် ဆိုင်ကလုံဩဘာ ၁လီတာ ၁၀၇၀၀၀ ကျပ်၊ မင်းရဲဝိစာရ ၁လီတာ ၁၀၇၀၀၀ ကျပ်၊ ဆလပ်ပလပ်(စ်) FARMUNK ၁လီတာ ၁၀၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဓာတ်မြေဩဇာရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)

 

သာယာဝတီခရိုင်အတွင်း သီးနှံဈေးနှုန်းနှင့် လက်ကျန်အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်အတွင်းရှိ သီးနှံဈေးနှုန်းများနှင့် လက်ကျန်စာရင်းများကို သိရှိစေရန် (၂၂.၉.၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မတ်ပဲဈေးနှုန်းများမှာ တစ်တန်လျှင် ၃၈၉၁၀၀၀ ကျပ်ဖြစ်ပြီး၊ မြေပဲဆံမှာတစ်တန်လျှင် ၅၀၀၀၀၀၀ ကျပ်၊ နှမ်းတစ်တင်းလျှင် ၅၂၀၀၀၀၀ ကျပ်နှင့် အစေ့ထုတ်ပြောင်းတစ်တန်လျှင် ၁၁၂၀၀၀၀ကျပ်ရှိပါသည်။ ဆိုင်၊ ပွဲရုံအတွင်း လက်ကျန်အခြေအနေမှာ မတ်ပဲလက်ကျန် ၇၅တန်ခန့်နှင့် အစေ့ထုတ်ပြောင်းမှာ လက်ကျန်မရှိတော့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့မဈေးအတွင်းရှိ ပန်းရောင်းချမှုအခြေအနေများ

      ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ရှိ  စက်တင်ဘာလတတိယအပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများမှာ ပန်းထိန်မနိုင် (၁)စည်း ၂၅၀၀ ကျပ်၊ ကြယ်တာယာပန်း (၁)စည်း ၂၀၀၀ ကျပ်၊ နှင်းဆီအပွင့်ကြီး (၁)စည်း ၃၀၀၀ ကျပ်၊ နှင်းဆီပန်းအပွင့်သေး(၁)စည်း ၁၅၀၀ ကျပ်၊ အောင်သပြေ(၁)စည်း ၅၀၀ ကျပ်၊ ဂန္ဓာမာပန်းအပွင့်ကြီး (၁)စည်း ၄၀၀၀ ကျပ်၊ ဂန္ဓာမာပန်း အဖြူ(၁)စည်း ၂၅၀၀ကျပ်၊ဂန္ဓာမာအပွင့်သေးအဝါ (၁)စည်း ၂၀၀၀ ကျပ်၊ဇော်ကြားပန်း (၁)စည်း ၆၀၀ ကျပ်၊ ဇော်လုံး(၁)စည်း ၂၀၀၀ ကျပ်၊ ခိုင်ရွှေဝါ(၁)စည်း ၁၅၀၀ကျပ်၊ အာဆီယံသပြေ (၁)စည်း ၃၀၀ ကျပ်၊ ရှိုးပန်း (၁) စည်း ၄၀၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ရှိ စက်တင်ဘာလတတိယအပတ်တွင် ရောင်းချနေသောဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၇၀၀ ကျပ်၊ အဝိုင်းဖရုံသီး တစ်လုံး (၅၀၀-၁၀၀၀) ကျပ်၊ ဂေါ်ရခါးသီး ၁လုံး ၅၀၀ ကျပ်၊ ကိုင်းငရုတ်သီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ နံနံပင် ၁ပိဿာ ၁၅၀၀၀ ကျပ်၊ ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၁၀၀၀ ကျပ်၊ ပဲစောင်းလျားသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး (အသေး)တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး(အကြီး) တစ်လုံးလျှင်၇၀၀ ကျပ်၊ ခရမ်းသီးတစ် ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက် တစ်ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊ သံပုရာသီး တစ်လုံးလျှင် ၁၀၀ကျပ်၊ မုန်လာဥနီ တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ဂျူးမြစ် တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ မုန်ညှင်းထုပ်ဆစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ကျပ်၊ ရုံးပတီသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ သခွားသီး တစ်လုံးလျှင် ၁၀၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၅၀၀ ကျပ်၊ ဖရုံညွန့် တစ်စည်းလျှင် ၇၀၀ ကျပ်ဈေး၊ ပန်းဂေါ်ဖီ ၃၀၀၀ကျပ်ဈေးဖြင့် ရောင်းချနေကြကြောင်း လက်ပံတန်းမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ  မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့မဈေးအတွင်း၌စက်တင်ဘာလတတိ ယပတ်တွင်ရောင်းချလျက်ရှိသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ (တစ်ပိဿာ)လျှင် ၈၀၀၀ကျပ် မှ ၁၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၇၀၀၀ကျပ် မှ ၈၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၃၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ် (တစ်ပိဿာ)လျှင် ၂၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ (တစ်ပိဿာ)လျှင် ၂၀၀၀၀ ကျပ်၊ငါးကျီး(တစ်ပိဿာ)လျှင် ၁၇၀၀၀ ကျပ်၊ ငါးသလောက် (တစ်ပိဿာ)လျှင် ၃၅၀၀၀ ကျပ်၊ ငါးဘတ် (တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ (တစ်ပိဿာ) လျှင် ၃၅၀၀၀ကျပ် မှ ၄၀၀၀၀ကျပ် ဈေးဖြင့်ရောင်းချနေကြောင်း အသားငါးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်၌ကောက်စောစပါးများရိတ်သိမ်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စုရှိပြီး အများအားဖြင့် လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြပါသည်။ မြို့နယ်အတွင်းလယ်ယာစိုက်ပျိုးသော ဧကမှာ ၉၃၁၅၅ ဧကရှိပြီး စပါးကိုအဓိကစိုက်ပျိုးကြပြီး ယခုစက်တင်ဘာလဆန်းပိုင်းတွင် ကောက်စောစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ လယ်ယာလုပ်သားများ၊ လယ်သမားများ ရိတ်ခြွေစက်များဖြင့် အချိန်တိုအတွင်းတွင် ရိတ်ခြွေနိုင်ပါသည်။ ရိတ်ခြွေစက်များဖြင့် ရိတ်ခြွေခြင်းဖြင့်အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း လယ်ယာလုပ်ကိုင်နေသူ တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ချင်းနှင့် ကြက်သွန်ဖြူ ဈေးကွက်အခြေအနေ

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ ယခင်ဩဂုတ်လတတိယအပတ်တွင် ချင်း (၁၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ရှိခဲ့ပြီး ယခင်ဇူလိုင်လနောက်ဆုံးပတ်တွင်လည်း (၁၀၀၀)ကျပ် ရှိနေပါသည်။ ယခုစက်တင်ဘာလတတိယ အပတ်တွင်လည်း ချင်းဈေးနှုန်းမှာ (၈၀၀)ကျပ်မှ  (၁၀၀၀)ကျပ်ထိဖြစ်နေပါသည်။

    ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ယခင်ဩဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ယခုစက်တင်ဘာလတတိယပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ ဈေးငြိမ်နေပါသည်။

   ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် ယခင်ဩဂုတ်လနောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် (၁၃၀၀) ကျပ်ပေါက်ဈေးရှိနေပြီး ယခုစက်တင်ဘာလတတိယပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) ၁၀ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥတစ်လုံး ဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မျှစ်အကြောင်း တစ်စေ့တစ်စောင်း

        မျှစ်သည် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပြီး မိုးရာသီတွင် အများဆုံးပေါက်လေ့ရှိပါသည်။ မိုးရာသီတွင် အိမ်ရှင်မများ၏ မိသားစုထမင်းဝိုင်းတွင် ရာသီစာဟင်းလျာအဖြစ် မျှစ်ကိုပြုတ်ကာ ငါးပိရည်အတို့အမြှပ်အဖြစ် စားကြသကဲ့သို့ တချို့အိမ်ရှင်မများကလည်း ဟင်းလျှာအမျိုးမျိုးအဖြစ် ချက်စား၊ ကြော်စားကြပါသည်။ မျှစ်သည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးစွမ်းနိုင်သည့် အစားအသောက်တစ်ခုဖြစ်ပါသည်။

      မျှစ်စားခြင်းမှရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ(၁၀)ချက်ကို ကျန်းမာရေးဆိုင်ရာ သိကောင်းစရာဗဟုသုတအဖြစ် ကောက်နုတ်ကိုးကားဖော်ပြအပ်ပါသည်။ ၎င်းတို့မှာ- ကယ်လိုရီပါဝင်မှုနည်းပါးခြင်း၊ သကြားပါဝင်မှုနည်းပါးခြင်း၊ အဆီပါဝင်မှုမပါသလောက်နည်းပါးခြင်း၊ ပရိုတင်းဓာတ်ပါဝင်ခြင်း၊ ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်ခြင်း၊ ဝိတ်ကျစေခြင်း၊ နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလျော့ကျစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အူမကြီးလုပ်ဆောင်ချက်ကို ကူညီပေးနိုင်ခြင်း၊ အနာကျက်မြန်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး မျှစ်သည် စားသုံးသင့်သည့် အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ထွက်ရှိသော မျှစ်ဈေးနှုန်းမှာ ကျိုင်းတုံမြို့မဈေး၌ တစ်စည်းလျှင် အစည်းအကြီးအသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်ပေးဝယ်ရပါသည်။ တစ်စည်းလျှင် (၁၀) လက်မခန့်အရှည်ရှိသည့် မျှစ် ၅ချောင်း/ ၆ချောင်းရှိပြီး မျှစ်သည် အရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ သဘာဝကပေးသော တောတောင်များ၌ မျှစ်ရှာသွား၍ မျှစ်ချိုးသူများသာရရှိကာ မျှစ်ကိုရောင်းချခြင်းဖြင့် အိမ်သုံးစရိတ်ဝင်ငွေရရှိနေကြောင်းသိရပါသည်။

DOCA(ရှမ်း)

တစ်ပိုင်တစ်နိုင်လုပ်ငန်းအနေဖြင့် ဝင်ငွေပုံမှန်ရရှိကာ အဆင်ပြေနေသော ဂျုံခေါက်ဆွဲလုပ်ငန်းများ

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မိသာစုလုပ်ငန်းများအဖြစ်လုပ်ကိုင်နေသော ဂျုံခေါက်ဆွဲလုပ်ငန်း (၁၁) ခုရှိပါသည်။ ပြင်ပလုပ်သားများငှားရမ်ခြင်းမရှိဘဲ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး ဒေသအတွင်း ဖြန့်ဖြူးရောင်းချကာ မိသားစု ပုံမှန်ဝင်ငွေရရှိနေသောလုပ်ငန်းများဖြစ်ပါသည်။

          ဂျုံခေါက်ဆွဲများတွင် ကုန်ကြမ်းအဖြစ် ဂျုံ၊ စားဆီ၊ ဆား၊ အရောင်တင်မှုန့်များကိုသုံးစွဲကြပါသည်။ မိသားစု(၂)ဦးမှ (၅)ဦးအထိ ဝိုင်းဝန်းလုပ်ဆောင်ကြပြီး တစ်ရက်လျှင် ဂျုံခေါက်ဆွဲ (၅၀)kg မှ (၁၀၀)kg ထိထုတ်လုပ်နိုင်ကြောင်းသိရပါသည်။ ဂျုံခေါက်ဆွဲပြုလုပ်သော စက်ပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူသုံးစွဲကြပြီး ကျပ်(၇၅)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။ ထုတ်လုပ်ရရှိသော ဂျုံခေါက်ဆွဲများကို တာချီလိတ်မြို့နယ်အတွင်းသာမက ရှမ်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြကြောင်းသိရပါသည်။ ဂျုံခေါက်ဆွဲများကို (၁)kg အထုပ်နှင့် (၂၅၀)g အထုပ်ဟူ၍ နှစ်မျိုးထုတ်လုပ်ပြီး (၁)kg တစ်ထုပ်ကို (၄၅၀၀)ကျပ်နှင့် (၂၅၀)g တစ်ထုပ်ကို (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်းသိရပါသည်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ဂျုံခေါက်ဆွဲလုပ်ငန်းများသည် မိသားစုတစ်နိုင်တစ်ပိုင်ပြုလုပ်ကြ၍ တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေသော လုပ်ငန်းများဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း