Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖီးကြမ်းငှက်ပျောသီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အနီးအနားရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်လျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများအပြင် ဥယျာဉ်ခြံမြေသီးနှံများကိုလည်း စိုက်ပျိုး လျက်ရှိရာ ဌက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ငှက်ပျောသီးကို ငှက်ပျောသီး အမှည့် အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများ လုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို လူကြီးမိဘများ၏ အဆိုအရ မနက်ငှက်ပျော ညသင်္ဘောဆိုသလို မနက်စာ ဖီးကြမ်းငှက်ပျောသီးမှည့် တစ်လုံးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေး ကိုများစွာ အထောက်အကူပြုပြီး ကိုယ်ခံအားကောင်းစေပါသည်။ အစာအုပ်စု(၃)စုအနက် အာဟာရ ပြည့်ဝသည့် အစာအုပ်စုတွင်ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါ သည်။ ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါများမဖြစ်စေရန် ကာကွယ်ပေးပါသည်။

   မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရှိ အုန်း၊ ငှက်ပျောရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်းများအနေဖြင့် ငှက်ပျောတစ်ဖီးလျှင် ကျပ်(၂၅၀၀-၃၀၀၀)ဖြင့်ရောင်းချပြီး အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်

ဈေးကွက်အတွင်း ရောင်းချနေသော ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီအဖြူကဲ့သို့ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဆောင်းရာသီ ရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြ ပါသည်။ အေး၍ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်း အပင်သည် သက်တမ်း (၁၁) လ ခန့်အထိ ကြာမြင့်သည်ဟု သိရှိရပါသည်။ မြေဆီဩဇာ ပေါများသည့် မြေမျိုးနှင့် သဲဆန်သော မြေတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။

ပန်းဂေါ်ဖီစိမ်းတွင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ကေ သတ္ထုဓာတ်နှစ်မျိုး ပေါများစွာ ပါဝင်သောကြောင့် အရိုးပွရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး အရိုးကျန်းမာရေး အထူးကောင်းမွန် စေသည်။ ထို့အပြင် ပန်းဂေါ်ဖီစိမ်းသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင် ဈေးအတွင်းတွင်  ရောင်းချနေသော ပန်းဂေါ်ဖီစိမ်းစျေးနှုန်းများအနေဖြင့် (၁၀၀၀-၁၂၀၀)ကျပ် အထိ အရွယ်အစားအလိုက် ဈေးနှုန်းအသီးသီးရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ သခွားမွှေးသီး ဈေးနှုန်း၊ ဈေးကွက်

မုံရွာဒေသထွက် သခွားမွေးသီးများကို မုံရွာမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မုံရွာမြို့တွင် ဖြစ်ပေါ်နေသောသခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀မှ ၅၀၀၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၅၀၀မှ ၃၀၀၀) အလုံးသေးတစ်လုံးလျှင် (၈၀၀၊ ၁၀၀၀) ကျပ် ဈေးနှုန်း အသီးသီးရှိကြောင်း သိရသည်။ သခွားမွေးသီးများ အထွက်နှုန်း ကောင်း၍ ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြသည်။ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်း သီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များကို လူကြိုက်များ ၍အရောင်းအဝယ်ပိုဖြစ်သည်။ အစေ့လွတ်မန်ကျည်းသီးမှည့်ရရှိရန်အတွက် မန်ကျည်းသီးမှည့် အတောင့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

          ကန့်ဘလူခရိုင်၌ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း  အစေ့လွတ် မန်ကျည်းသီးမှည့် အဟောင်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ (၅၀)ကျပ်သားလျှင် ၆၇၀၀ကျပ်၊ အစေ့ ပါမန်ကျည်းသီးမှည့် အသစ်တစ်ပိဿာလျှင်  ၃၀၀၀မှ ၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန် ကျည်းသီးမှည့်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ပူစီနံဈေးကွက်

          ပူစီနံပင်ကို နေရာဒေသမရွေး စိုက်ပျိုး၍ရနိုင်ပါသည်။ မြေအိုး၊ ပန်းအိုး၊ ပလတ်စတစ်ဘူးခွံ များတွင် မြေဆွေး၊ နွားချေးထည့်၍လည်း တပိုင်တနိုင်စိုက်ပျိုး၍ ရပါသည်။ အချို့က စိုက်ခင်း အဖြစ် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပူစီနံပင်ကို ရေမပြတ်လောင်းပေးနိုင်က တစ်နှစ်ပတ်လုံး စားသုံးနိုင်ပါသည်။ ဆောင်းတွင်းကာလတွင် ဖြစ်ထွန်းမှုနည်းပြီး နွေရာသီနှင့် မိုးရာသီတွင် ပိုမိုဖြစ် ထွန်းပါသည်။ ပူစီနံပင်သည် ခဏခဏခူးယူရောင်းချရသော အပင်မျိုးဖြစ်၍ ခူးယူလေအတက်ထွက် လေဖြစ်သည်။ ပူစီနံပင်သည် အတို့မြှတ်လုပ်၍သော်လည်းကောင်း၊ အသုပ်သုပ်ရာတွင်သော် လည်းကောင်း အသုံးပြုကြသည်။ ဒံပေါက်၊ ကြက်ဆီထမင်း၊ ထောပတ်ထမင်း၊ စမူဆာတို့နှင့် တွဲဖက်၍လည်း အအီအနောက်ပြေစေရန် စားသုံးကြသည်။ ပူစီနံပင်သည် ကျန်းမားရေးအတွက် အထောက်အကူပြုသော အပင်တစ်မျိုးဖြစ်သည်။ ပူစီနံသတ္တုရေကို သောက်သုံးခြင်းဖြင့် နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်စေပြီး အဆီလည်းကျစေပါသည်။ ပူစီနံကိုစားသုံးခြင်းဖြင့် ခံတွင်းကိုရှင်းစေပြီး အစာမာစားတာများလျှင် အစာကြေစေပြီး အစာကြေစေပါသည်။ ပူစီနံ၏ ပူရှိန်းသောဓါတ်ကြောင့် လည်ချောင်းကိုရှင်းစေပြီး အသက်ရှင်လမ်းကြောင်း ကောင်းမွန်သောကြောင့် ချောင်းဆိုး၊ ပန်းနာ ရင်ကြပ်ပျောက်စေပါသည်။ ပူစီနံရွက်သည် အနံ့ပြင်းပြင်းအရသာနှင့် မွှေးကြိုင်ပါသည်။ ဈေးကွက်တွင် အမြဲရှိပြီး နေ့စဉ်ရောင်းချရသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ စိုက်ပျိုးသူများမှာလည်း ကုန်ကျ စရိတ်သက်သာဆုံးဖြင့် ဝင်ငွေများစွာရရှိနိုင်ပါသည်။ ဈေးကွက်အတွင်း၌ (၁၀)ပင်တစ်စည်းလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

မန္တလေးပဲစင်းငုံစျေးကွက်

          ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲစင်းငုံသီးနှံများ စတင် ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှု နည်းသော်လည်းပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး သည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံစိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း(၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ ပဲစင်းငုံကို ပြည်တွင်း၌ အသားများနှင့်တွဲ၍ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ ပဲပြုတ်၊ ပဲသီးစိမ်းပြုတ်၊ ပဲကြာဇံ၊ ပဲစင်းငုံနှင့်ပြုလုပ်သည့်မုန့်များအဖြစ် စားသုံးကြပြီး၊ပဲစင်းငုံအား ကိုယ်အရောင်ကျစေရန်စားသုံးကြကြောင်း သိရပါတယ်။ ပဲစင်းငုံအခွံ အမှော်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း၊ပဲစင်းငုံအရိုးများကို ခြံစည်းရိုးသဖွယ် ကာရံခြင်း နှင့်တံမျက်စည်းအဖြစ်အသုံးပြုကြကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ် လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၇၈၀၀၀ ကျပ်နှင့် ၂၇၉၀၀၀ကျပ်၊ပဲစင်းငုံ(ဖြူ) ၂၅၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၄၆၃၃ ကျပ်နှင့် ၄၆၅၀ ကျပ်၊ ပဲစင်းငုံ(ဖြူ) ၄၂၅၀ ကျပ်အသီးသီးတို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ပဲစင်းငုံ(နီ) (သစ်)   ၃တင်းဝင်တစ်အိတ်လျှင်  ၃၂၇၀၀၀ ကျပ်နှင့် ၃၂၈၀၀၀ ကျပ်၊ ပိဿာစျေးမှာ ၅၄၅၀ ကျပ်နှင့် ၅၄၆၇ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါတယ်။ ပဲစင်းငုံဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

 

ကန်စွန်းဥစျေးကွက်

          စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ    မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ အဝင်များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥသီးနှံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်း သားမှာ အဖြူရောင်၊ခရမ်းရောင်၊ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့အား စျေးကွက် အတွင်းအများ ဆုံးတွေ့ရပါတယ်။ ကန်စွန်းဥအား ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးခြင်း၊ သီးနှံအခြောက်ခံခြင်းနှင့်ပူတင်းဖုတ်စသည်ဖြင့် အမျိုးမျိုးစားသုံးကြောင်း သိရပါ တယ်။ကန်စွန်းဥသီးနှံမှာ အဟာရဓါတ်ကြွယ်ဝခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင် လည်းကြွယ်ဝ ခြင်း၊ သွေးတွင်းသကြား ဓါတ်ထိန်းညှိပေးခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကောင်းမွန်ခြင်း၊ ကိုယ်ခံအားကောင်းခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ လေးဖက်နာကြောင့်နာကျင်မှုကိုသက်သာစေခြင်း၊ အစာအိမ်အနာကိုသက်သာစေခြင်းနှင့် ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်းစသည့်အကျိုးကျေးဇူး များလည်းရရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း စျေးကွက် အတွင်း ရောင်းချသည့်ကန်စွန်းဥ တစ်ပိဿာစျေးနှုန်းများအနေဖြင့် ခရမ်းရောင် ၆၀၀ဝိ/-နှင့် ၇၀၀ဝိ/-၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင် ၅၀၀ဝိ/- နှင့် ၆၀၀ဝိ/-၊အဖြူရောင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-စျေး အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ကန်စွန်းဥသီးနှံမှာ လတ်ဆပ်မှု နှင့် အလုံးအရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွားခြားမှုရှိကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ဝင်ရောက်သည့်သီးနှံများအနက်  မန္တလေးစျေးကွက်အတွင်း ကန်စွန်းဥမှာအရောင်းသွက်သည့် သီးနှံ တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

မန္တလေးစတော်ဘယ်ရီသီးစျေးကွက်

             ဖေဖော်ဝါရီလဒုတိယပတ်အတွင်း မန္တလေးစျေးကွက်သို့  ပြင်ဦးလွင်ဒေသထွက် သီးနှံများ အနက် စတော်ဘယ်ရီသီးများ ဝင်ရောက်မှု များပြားလျက်ရှိကြောင်း  သိရပါတယ်။ စတော်ဘယ်ရီ သီးနှံသည် ပြင်ဦးလွင်ဒေသရဲ့ အဓိကစိုက်ပျိုးတဲ့သီးနှံတစ်မျိုးဖြစ်ပြီး၊  ဒေသမျိုး စတော်ဘယ်ရီသီး (အလုံးသေး)မှာချဉ်သည့် အရသာရှိပြီး၊ စတော်ဘယ်ရီသီး (ထိုင်ဝမ်မျိုး အလုံးကြီး)မှာအကြွပ်သီးအချဉ် အရသာနှင့်စတော်ဘယ်ရီသီး(ဂျပန်မျိုးအလုံးကြီး)မှာ ချိုမွှေး အရသာရှိသည့်အသီးတို့စိုက်ပျိုးကြောင်း သိရပါတယ်။မန္တလေးစျေးကွက်အတွင်းသို့  စတော်ဘယ်ရီသီး ဝင်ရောက်မှုမှာ ပြင်ဦးလွင်ဒေသထွက် အသီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတို့မှထွက်ရှိသည့်အသီးများဝင်ရောက်ကြောင်း သိရပါတယ်။   မန္တလေးစျေးကွက် အတွင်းသို့   ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်တွင်    ဒေသသီး(အလုံးသေး) စတော်ဘယ်ရီသီး၊ စတော်ဘယ်ရီထိုင်ဝမ်မျိုး အကြွပ်ချဉ်သီးနှင့် စတော်ဘယ်ရီ ဂျပန်မျိုးချိုမွှေး သီး တို့  အများအပြားဝင်ရောက်လျက်ရှိပါတယ်။   စတော်ဘယ်ရီသီးနှံမှာအရသာရှိပြီး၊     စားကောင်း ရုံသာမက  ကျန်းမာရေးအကျိုးပြုစေတဲ့   ဓါတ်များစွာ ပါဝင်ကြောင်း   သိရပါတယ်။  စတော်ဘယ်ရီ သီးနှံအား သီးနှံအတိုင်းစားသုံးခြင်း၊ ‌ယို၊ ဖျော်ရည်၊ ဝိုင်၊ Jum ၊ ဂျယ်လီ၊ ချောကလက်၊ ရေခဲချောင်း၊ ဒိန်ချဉ်တို့နှင့်တွဲဖက်၍ စားသုံးခြင်းတို့အပြင် ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းတို့တွင် ထည့်သွင်းသုံး စွဲ ကြောင်း သိရပါတယ်။ စတော်ဘယ်ရီသီးနှံကို ဝါးခြင်းတောင်းငယ်များဖြင့် ထည့်၍လည်း ကောင်း၊ ပလပ်စတစ်ဗူးများဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်း၊စက္ကူဂျပ်ဖာများတွင် ထည့်သွင်း ၍ လည်းကောင်း  ပုံစံမျိုးစုံဖြင့် ရောင်းချကြောင်း တွေ့ရှိရပါတယ်။   စတော်ဘယ်ရီသီးနှံမှာဆောင်း နှောင်းရာသီနှင့် နွေဦးရာသီများတွင် ထွက်ရှိသည့် ရာသီစာသီးနှံတစ်မျိုး ဖြစ်ပြီး၊ စားသုံး သူအများ အပြားကြိုက်နှစ်သက်သည့် ကျန်းမာရေးအဟာရပြု သီးနှံတစ်မယ်ဖြစ်ပါတယ်။  ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်သည့်ပေါက်စျေးများအနေဖြင့်  တစ်ပိဿာလျှင်  ထိုင်ဝမ်မျိုးစတော် ဘယ်ရီ  အချဉ်သီး လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-စျေး၊ လက်လီစျေး  ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊   ဂျပန်မျိုးစတော် ဘယ်ရီချိုမွှေးသီး လက္ကားစျေး ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊လက်လီစျေး ၁၄၅၀ဝိ/- နှင့်၁၆၀၀ဝိ/-  တို့ ဖြစ်ပြီး၊ ဒေသမျိုးအလုံးသေးစတော်ဘယ်ရီသီး ဝါးခြင်း  ၁၀ ခုလျှင် ၁၃၀၀ဝိ/-နှင့် ၁၅၀၀ဝိ/-စျေး၊လက်လီစျေး ၁၅၀၀ဝိ/- နှင့် ၁၈၀၀ဝိ/- တို့    အသီးသီးဖြစ်ကြောင်း သိရပါတယ်။ ပွင်းလင်းရာသီရောက်ပြီဖြစ်၍ မန္တလေးစျေးကွက်အတွင်း စတော်ဘယ်ရီသီး ဝင်ရောက်မှုများပြီး အရောင်းသွက်သည့်သီးနှံ တစ်မျိုးဖြစ်ကြောင်း    မြင်းတန်းစျေးရှိ   သစ်သီးရောင်းချသည့် ဆိုင်ရှင် တစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။    

DOCA(မန္တလေး)

             

                                                                                                          

ရာသီစာဖရဲသီးစျေးကွက်

           သစ်သီးစျေးကွက်အတွင်းသို့ ဖေဖော်ဝါရီလဒုတိယပတ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်တို့မှထွက်ရှိသည့်ဖရဲသီးများ ဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသတို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဖရဲသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဖရဲသီးစိုက်ပျိုးမှု (၇၈၀၀)ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ ဖရဲသီးစားသုံးခြင်း ဖြင့် ကျောက်ကပ်ကျန်းမာခြင်း၊နှလုံးကျန်းမာစေခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးပေါင်ချိန်မှန်စေခြင်း၊ အမြင်အာရုံတိုးတက် ကောင်းမွန်ခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာ စေခြင်း၊ ကြွက်သားနာကျင်မှုကို ခုခံပေးခြင်း၊ ပန်နာရောဂါကိုတိုက်ဖျက်ပေးခြင်း၊ အပူရှပ်ခြင်း ကိုကာကွယ်ပေးခြင်း၊ ရေဓာတ်ဖြည့်စွမ်းပေးခြင်း၊ အစာခြေမှုကောင်းမွန်စေခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း သိရပါတယ်။ ဖရဲသီးအားအသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့်စား သောက်ကုန်တို့တွင် ထည့်၍ စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသ အသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်းနှင့် ၃၁လမ်း ကြား၊ ၈၄ လမ်းနေရာရှိ သစ်သီး ပွဲရုံများသို့ဝင်ရောက်ကြောင်းသိရပါတယ်။ စျေးချိုရှိသစ်သီး ပွဲရုံများ မှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များနှင့်အခြားဒေသများသို့  ပြန်လည်ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဝင်ရောက် လာသည့်ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ အလုံးလတ် ၃၀၀၀ ကျပ်နှင့်  ၄၀၀၀ ကျပ်၊ အလုံးသေး ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ် အစား အလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်အတွင်း  မန္တလေးသစ်သီး စျေးကွက်တွင် ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျှက် ရှိကြောင်း သိရပါတယ်။ ဖရဲသီးမှာ ပြည်တွင်းစားသုံးမှုနှင့် တရုတ်နိုင်ငံသို့တင်ပို့သည့် ပြည်ပပို့ကုန် တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

သခွားမွှေးသီးစျေးနှုန်းစျေးကွက်

           သစ်သီးစျေးကွက်အတွင်းသို့ ဖေဖော်ဝါရီလဒုတိယပတ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်ခရိုင်နှင့်ကျောက်ဆည်ခရိုင်မှထွက်ရှိသည့် သခွားမွှေးသီးများစတင်ဝင်ရောက် လျက်ရှိပြီး၊စစ်ကိုင်း တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ လည်းဝင်ရောက်ကြောင်း သိရပါတယ်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ သခွားမွှေးသီး စားသုံး ခြင်းဖြင့်အရေပြားနှင့်အသားအရေကို ကျန်းမာစေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ကိုယ်ခံအား ကောင်းမွန်စေခြင်း၊သွားနှင့် သွားဖုံးကျန်းမာ စေခြင်း၊ သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေး ခြင်း၊သွေးတိုးရောဂါလျော့ချပေးခြင်း၊ ကြွက်သားအားနည်းမှုကိုလျော့ချပေးခြင်း၊မျိုးအောင်မှုကိုအား ကောင်းစေခြင်းနှင့် ဆီးလမ်း ကြောင်း ပိုးဝင်မှုကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင် ကြောင်းသိရပါတယ်။ သခွားမွှေးသီးအား အသီးအတိုင်းစားသုံးခြင်း၊ အခြောက်ခံခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်၍စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသ အသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအားမန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်းနှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိသစ်သီးပွဲရုံများ မှဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များနှင့်အခြားဒေသများသို့  ပြန်လည်ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဝင်ရောက်လာ သည့် သခွားမွှေးသီး‌စျေးမှာ တစ်လုံး လျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး(ရှည်) ၃၀၀၀ ကျပ်နှင့်  ၄၀၀၀ ကျပ် စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြား မှုရှိ ကြောင်းသိရပါတယ်။ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ဖေဖော်ဝါရီလဒုတိယပတ်အတွင်း  မန္တလေး သစ်သီးစျေးကွက်တွင် သခွားမွှေးသီးများစတင်ဝင်ရောက်လာပြီး၊ အရောင်းသွက်လျှက်ရှိကြောင်း သိရပါတယ်။သခွားမွှေးသီးမှာ ပြည်တွင်းစားသုံးမှုနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည့်ပြည်ပပို့ကုန် တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း