Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ တွံတေးမြို့နယ်ဈေးကွက်တွင်ရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”

        ဖေဖော်ဝါရီလ ဒုတိယပတ်တွင် တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း၊ဆန်ချောအမျိုးအစားအလိုက် ဧည့်မထဆန်တစ်ပြည်လျှင် (၃၃၀၀-၃၄၀၀)ကျပ်၊ တောင်ပျံ တစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ကြားပျံတစ်ပြည် လျှင်(၅၄၀၀)ကျပ် ၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်အပတ်တွင် (၇၆၅၀)ကျပ် ဖြစ်ပြီး ယခုအပတ်တွင် (၇၄၇၀)ကျပ်ဖြစ်၍ စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာ လျှင် (၄၀၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်၊နနွင်းမှုန့်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၆၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊  ငြုပ်တောင့်ရှည်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ မန်းကျီးသီးမှည့်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးရံခြောက် တစ်ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၇၀၀)ကျပ်၊ ကြက်ဥ (CP) တစ်လုံး လျှင်(၃၇၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင်(၄၂၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

အလားတူ အသား၊ငါးဈေးနှုန်းများဖြစ်သော ဗမာကြက်တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ CPကြက် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၁၈၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၂၅၀၀-၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့မစည်ပင်သာယာ ဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပြီး ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်လျှက် ရှိပြီး နှင့် စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

            ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကွမ်းခြံကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ငစိန်ဆန် တစ်ပြည်လျှင်(၂၈၀၀)ကျပ်ထိ၊ ကြားပျံဆန်(ရိုးရိုး) တစ်ပြည်လျှင်(၅၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင်ယခင်ပတ်တွင်(၇၅၅၀)ကျပ်၊ ယခုပတ်တွင်(၇၄၆၀)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ အသစ်ဆိုဒ်စုံတစ်ပိဿာလျှင်(၃၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး လျှင်(၄၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင်(၅၃၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

           အလားတူဗမာကြက်တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ် ဝက်သားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဆိတ်သား   တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်စသည့်ဖြင့်လည်းကောင်း ဈေးနှုန်း အသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရသည်။

          ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ဆန်ချောဈေးနှုန်းများ၊ အသား၊ ငါး ဈေးနှုန်းများ၊ ကြက်ဥ၊ ဘဲဥနှင့် ကြက်သွန်နီဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်းများမှာတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားလျက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)

မတ်ပဲများ စတင်ရိတ်သိမ်း

          ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ ကွင်းလယ်စုကျေးရွာနေ ဦးဌေးမြင့်၏ လယ်မြေတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြောင်းသိရပါသည်။ ကနဦးပေါ်စ မတ်ပဲဧက (၃) ဧက စတင်ရိတ်သိမ်းကြောင်း တစ်ဧကလျှင် (၁၃) တင်းခန့် ထွက်ရှိကြောင်း လယ်ပိုင်ရှင် ဦးဌေးမြင့်၏ ပြောကြားချက်အရ သိရသည်။

          ၁၀.၂.၂၀၂၅ ရက်နေ့ မတ်ပဲဈေးနှုန်းအရ (၁) တင်းလျှင် ၉၄၀၀၀ ကျပ်ခန့် ရောင်းချရကြောင်း သိရှိရပါသည်။ ပဲတီစိမ်း ဈေးနှုန်းမှာ ၁၀၀၀၀၀ ကျပ်နှင့် ၁၂၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

ရာသီပေါ်စာမရမ်းသီးအကြောင်း သိကောင်းစရာများ

          ရာသီပေါ်သီးနှံ မရမ်းသီးကို ဟင်းလျာအမျိုးမျိုးပြုလုပ်၍ စားသုံးကြပြီး မရမ်းသီး ငါးပိထောင်း၊ မရမ်းသီးစိမ်း  ငါးပိချက်၊ မရမ်းသီးသုပ်နှင့် မရမ်းသီးခြောက်ကို ငါး၊ ဝက်သား တို့နဲ့လည်း တွဲဖက်၍ စားသုံးကြပါသည်။ မရမ်းသီးသည် အရသာကောင်းတာတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း ကောင်းမွန်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။ မရမ်းသီးသည် ဗီတာမင် C ကြွယ်ဝစွာပါဝင် တာကြောင့် ကော်လဂျင်တစ်ရှူးတွေကို အာဟာရဖြည့်ပေးပြီး ဘီတာ ကယ်လ်ရိုတင်းပါဝင်တာကြောင့် အသားအရေကို ကြည်လင် ကျန်းမာစေတဲ့အပြင် အသား အရေစိုပြေစေရန်အတွက် ရေဓာတ်ဖြည့် အသီးတစ်မျိုး လည်းဖြစ်ပါတယ်။

          မရမ်းသီးမှာ ရေဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာ စေသလို အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေတဲ့အတွက် ဝမ်းမှန်စေပြီး အစာခြေစနစ် တလျှောက်မှာ ဖြစ်နိုင်တဲ့ကင်စာဆဲလ်တွေကို မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပါသည်။ ရာသီပေါ်စာ မရမ်းသီး ကို ပုသိမ်မြို့ ကမ်းနားဈေးတွင်ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် (၁၀) သား (၂၀၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“ သုံးခွမြို့နယ်၏ ဈေးကွက်တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

            ဖေဖော်ဝါရီလ ဒုတိယပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန် များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊လတ်စ၊နိမ့်စ) ဧည့်မထဆန်(သစ်) တစ်ပြည် လျှင်(၃၃၀၀-၃၆၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း(သစ်)တစ်ပြည်လျှင်(၅၀၀၀-၅၅၀၀)ကျပ်၊ ကြားပျံ (သစ်) တစ်ပြည် လျှင်(၅၀၀၀-၅၅၀၀)ကျပ်ထိလည်းကောင်း၊ စားအုန်းဆီတစ်ပိဿာ လျှင် ယခင်အပတ်တွင် (၇၆၅၀)ကျပ် ဖြစ်ပြီး ယခုအပတ်တွင်(၇၅၅၀)ကျပ်ဖြစ်၍ စားအုန်းဆီဈေးနှုန်း မှာ အနည်းငယ်ဈေးနှုန်းကျဆင်းသွားပါသည်။ ပဲဆီတစ်ပိဿာလျှင် (၁၉၀၀၀-၂၀၀၀၀)ကျပ် ၊ ကြက်သွန်နီဆိုဒ်စုံ (သစ်)တစ်ပိဿာလျှင် (၂၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာ လျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငြုပ်တောင့်ရှည် တစ်ပိဿာလျှင် (၉၀၀၀-၁၄၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၄၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် (၇၀၀၀-၇၂၀၀) ကျပ်၊ အာလူးတစ်ပိဿာ လျှင် (၅၀၀၀-၆၀၀၀)ကျပ်၊ သကြားတစ်ပိဿာ လျှင် (၅၅၀၀)ကျပ်၊ ကြက်ဥ (CP)တစ်လုံးလျှင်  (၄၀၀-၄၁၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၅၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

           အလားတူ အသားငါးဈေးနှုန်းများဖြစ်သော ဗမာကြက်တစ်ပိဿာလျှင်(၂၅၀၀၀-၃၀၀၀၀)ကျပ်၊ CPကြက် တစ်ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ လျှင် (၁၀၀၀၀-၁၂၀၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်း ဒေသကြီး  သုံးခွမြို့နယ်၊ စည်ပင်သာယာဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

              ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အသားငါး ဈေးနှုန်းများ၊ စားသောက်ကုန် (ကုန်ခြောက်)ဈေးနှုန်းတစ်ချို့မှာ အနည်းငယ်ပြောင်းလဲမှုရှိပြီး  စားအုန်းဆီဈေးနှုန်းမှာ ယခုအပတ်တွင် ဈေးလျော့နည်းသွားကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန် များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ဧည့်မထအုပ်စု ဆန်သစ် တစ်ပြည်လျှင် ၃၂၀၀ မှ ၃၅၀၀ ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းနှင့် ကျားပျံဆန်ချော (အသစ်)တစ်ပြည်လျှင် ၅၄၀၀ မှ ၅၇၀၀ ကျပ်ထိ၊ ငစိန်အုပ်စု ပုသိမ်ရာကျော်ဆန်သစ်တစ်ပြည်လျှင် ၂၈၀၀ မှ ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း စားအုန်းဆီ(၁)ပိဿာလျှင် ယခင်ပတ်တွင် ၇၇၀၀ ကျပ်နှင့် ယခုပတ်တွင် (၇၆၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

          မြေပဲဆီ တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ(အသစ်)ဆိုဒ်စုံ တစ်ပိဿာ လျှင် ၃၅၀၀ မှ ၅၀၀၀ ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ဆားကြမ်း တစ်ပိဿာ ၇၀၀ ကျပ်၊ ငရုတ်တောင့်(အရှည်)တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာ ၇၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မျှင်ငါးပိ တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၃၆၀ မှ ၄၀၀ ထိနှင့် ဘဲဥတစ်လုံး ၅၀၀ မှ ၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

          အလားတူ အသားငါးဈေးနှုန်းများမှာ ဗမာကြက် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ CP ကြက်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၇၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၂၇၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာလျင် ၃၂၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်စသည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ကြကြောင်း သိရသည်။

          ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေး၊ မြေပဲဆီနှင့် အခြေခံ မီးဖိုချောင်သုံးကုန်ခြောက်ပစ္စည်းများ၊ အသားငါးဈေးနှုန်းများ ဈေးတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်ဈေးနှုန်းလျော့ကျလာကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)      

ကန့်ဘလူမြို့ မြို့မဈေးတွင် ရောင်းချနေသော ဘုရားပန်းမျိုးစုံ ဈေးနှုန်း

ရက်စွဲ၊ ၁၄..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

          ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ ဈေးနှုန်းများမှာ  သပြေပန်း အငုတ်(အသေး၊ အကြီး) အရွယ်အစားအလိုက် (၁၀၀၀/၁၅၀၀/၂၀၀၀)ကျပ် ၊ အောင်သပြေအခက် တစ်စီးလျှင်(၁၀၀၀)ကျပ် ၊ မေမြို့ပန်း(ကြက်လည်ဆံ)နှင့် မေမြို့ပန်း(အက်စတာ) တစ်စီးလျှင်(၇၀၀/၈၀၀)ကျပ် ၊ နှင်းဆီပန်း တစ်ပွင့် လျှင်(၄၀၀/၅၀၀)ကျပ် ၊ ကြယ်တာယာပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ စိန်လည်တုံပန်း တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် သစ္စာပန်း(၅)ခက်ပါ တစ်စီးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျှက်ရှိခဲ့ပြီး ယခု  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ် ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ ဈေးနှုန်းများမှာ  သပြေပန်း အငုတ်(အသေး၊အကြီး)အရွယ် အစား အလိုက်(၁၀၀၀/၁၅၀၀/၂၀၀၀)ကျပ်၊ အောင်သပြေအခက် တစ်စီးလျှင်(၁၀၀၀)ကျပ်၊ မေမြို့ပန်း (ကြက် လည်ဆံ) နှင့် မြေမြို့ပန်း(အက်စတာ) တစ်စီးလျှင်(၅၀၀)ကျပ်၊ နှင်းဆီပန်း တစ်ပွင့်လျှင် (၄၀၀/၅၀၀)ကျပ် ၊ ဂန္ဓမာပန်း အပွင့်ကြီး တစ်စီးလျှင်(၃၅၀၀)ကျပ် ၊ ဂန္ဓမာပန်း အပွင့်သေး (အဖြူ) တစ်စီးလျှင်(၁၀၀၀)ကျပ် ၊ ဂန္ဓမာပန်း အပွင့်သေး(အဝါ)တစ်စီးလျှင်(၁၂၀၀)ကျပ်၊ ကြယ်တာယာပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ စိန်လည်တုံပန်း တစ်စီးလျှင်(၁၀၀၀)ကျပ် နှင့် သစ္စာပန်း(၅)ခက်ပါ တစ်စီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိ‌သောကြောင့် ယခင်  ဖေဖော်ဝါရီလ (ပထမပတ်) ဈေးနှုန်းဖြင့် နှိုင်ယှဉ်ကြည့် မည်ဆိုပါက သစ္စာပန်း ဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး မေမြို့ပန်း ဈေးနှုန်းများ ကျဆင်းလျက်ရှိ ကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                     

ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် ရောင်းချနေသော ပန်းသစ်တော်သီး ဈေးနှုန်း

ရက်စွဲ၊ ၁၄..၂၀၂

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသစ်‌တော်သီး ဈေးနှုန်းများမှာ ပန်းသစ်‌တော်သီး(၁)လုံးလျှင်(၃၀၀၀/၃၅၀၀)ကျပ်ဈေးဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ မြို့မဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော စားတော်ပဲစိမ်း ဈေးနှုန်း

ရက်စွဲ၊ ၁၄..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိမိတို့ နေအိမ်ဝင်းအတွင်းနှင့်လယ်ယာမြေများထဲတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စားတော်ပဲစိမ်းကို စိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။

          စားတော်ပဲစိမ်းသည် ယခင်  မြန်မာမင်းများလက်ထက်ကတည်းက စားအလွန်ကောင်းကာ  နုညံ့ သည့်အဆင့််မြင့်် ပဲတစ်မျိုးကို ဘုရင်များ စားသုံးကြ၍ စား‌တော်ပဲဟုခေါ်ခဲ့ကြသည်။ စားတော်ပဲသည် ဘုရင်များတွင်သာမက လူအများကြိုနှစ်သက်သော ပဲတစ်မျိုးဖြစ်ပြီ စားတော်ပဲစိမ်းသည် ဆောင်းရာသီ တစ်ရာသီသာ စားရသောပဲဖြစ်ပါသည်။ စား‌တော်ပဲစိမ်းသည် ဇန်နဝါရီလ တတိယပတ် တွင်သာ စပေါ်ပြီး ဈေးကွက်အတွင်းသို့ ‌ရောက်ရှိလာပါသည်။  ယခု ဖေဖော်ဝါရီလ လကုန်ပိုင်းလောက် ဆိုလျှင် စားတော်ပဲ စိမ်းရာသီ တုန်းမည်ဖြစ်ကြောင်း ဈေးသည်၏ပြောကြားချက်အရသိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၁၁၀၀၀)ကျပ်၊ စားတော်ပဲစိမ်း  နို့ဆီ တစ် ဘူးလျှင်(၁၃၀၀)ကျပ်၊ နို့ဆီ(၂)ဘူးလျှင်(၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ပေါက်ပေါက်ဆုပ် ဈေးနှုန်း/ဈေးကွက်

ရက်စွဲ၊ ၁၄..၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ရပ်ကွက်အစုံတွင် ဖွင့်လှစ်ရောင်းချကာ အသက်မွေးဝမ်းကျောင်းပြုပြီး မိမိတို့နေအိမ်များတွင် ကုန်စုံဆိုင် များ ဖွင့်လှစ်ရောင်းချသလို မြို့မဈေးအတွင်းမှာလည်း ရောင်းချလျက်ရှိပါသည်။ ထိုသို့ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုပ်များ စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပေါက်ပေါက်ဆုပ်ဈေးနှုန်း အနေဖြင့် ပေါက်ပေါက်ဆုပ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ပေါက်ပေါက်ဆုပ်(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ပေါက်ပေါက်ဆုပ်(၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်မျိုးစုံရောင်းချနေသာ ကုန်စုံ ဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း