
ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ ရေဘဝဲ နှင့် ပြည်ကြီးငါး များကို ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တစ်ဆင့် ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းသော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။
ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်းများ အနေဖြင့် ရေဘဝဲ လက်လီဈေး(၁)ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ်၊ ပြည်ကြီးငါး လက်လီ တစ်ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၃၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ငါး/ပုဇွန်၊ ရေဘဝဲ နှင့် ပြည်ကြီးငါး အရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။
DOCA(စစ်ကိုင်း)
