Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဘုရားပန်းမျိုးစုံ ဈေးနှုန်း

ရက်စွဲ၊ ၁၉..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

          ယခု  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ ဈေးနှုန်းများမှာ  သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစားအလိုက်(၁၀၀၀/၁၅၀၀/၂၀၀၀)ကျပ်၊ အောင်သပြေအခက် တစ်စီးလျှင်(၁၀၀၀)ကျပ်၊ မေမြို့ ပန်း(ကြက်လည်ဆံ)နှင့် မြေမြို့ပန်း(အက်စတာ) တစ်စီးလျှင်(၅၀၀)ကျပ်၊ နှင်းဆီပန်း တစ်ပွင့်လျှင် (၅၀၀/ ၇၀၀)ကျပ် ၊ ကျောက်နှင်းဆီ တစ်စီးလျှင်(၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်ကြီး တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်အလတ် (ဒေသ ထွက်ပန်း)တစ်စီးလျှင်(၁၅၀၀)ကျပ် ဂန္ဓမာပန်း အပွင့်သေး (အဖြူ) တစ်စီးလျှင်(၁၀၀၀)ကျပ် ၊ ဂန္ဓမာပန်း အပွင့်သေး(အဝါ)တစ်စီးလျှင်(၁၂၀၀)ကျပ်၊ ကြယ်တာယာပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ စိန်လည်တုံပန်း တစ်စီးလျှင်(၁၀၀၀)ကျပ် နှင့် သစ္စာပန်း(၅)ခက်ပါ တစ်စီး လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတိုဖြင့် ရောင်းချ လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                            

ကန့်ဘလူမြို့တွင် ရောင်းချနေသော မုန့်ညှင်းချဉ် ဈေးနှုန်း

ရက်စွဲ၊ ၁၉..၂၀၂

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ဒေသထွက် အရန်ဟင်း ဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ် လုပ်ငန်းကိုစတင် လုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

ကန့်ဘလူမြို့မစည်ပင်သာယာဈေးမှာ နှစ်ပေါင်းများစွာ အချဉ်မျိုးစုံဖြစ်သည့် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ်တို့ကို လုပ်ကိုင်ရောင်းချ လျက်ရှိရာ မုန့်ညှင်းချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန့်ညှင်းချဉ်ကို စားသုံးသူများမှ အရန် ဟင်းတစ်မျိုးအဖြစ် အသုံးပြုသည့်အပြင် မုန့်တီ၊ မုန့်ဟင်းခါး၊ ရေစိမ်ဆိုင်များ နှင့် ထမင်းဆိုင်များတွင် အသုံးပြုသည့်အတွက် ရောင်းကောင်းလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင်  မုန့်ညှင်းချဉ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာ လျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မ စည်ပင် သာယာ ဈေးတွင် လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်း

ရက်စွဲ၊ ၁၉..၂၀၂၅

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံပင်များကို  စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင် ပါသည်။ ပိန္နဲသီးပြုတ်ကို ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက် အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများ ကြသော အသီးတစ်မျိုးဖြစ်ပါသည်။

ပိန္နဲသီးပြုတ်ကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးနှင့် အသုံးပြုကြပုံမှာ ပိန္နဲသီးပြုတ်ကို မြေပဲဆံထောင်း၊ နှမ်းထောင်း၊ ကြက်သွန်ဖြူ/နီ ဆီချက်တို့ဖြင့် သုပ်စားခြင်း၊ ပိန္နဲသီးပြုတ်ကို ပိတ်စွယ်၊ ပိန္နဲသီးပြုတ်ကိုအချိုချက်ခြင်း၊ ဆူးပုတ်ရွက်တို့ဖြင့်ရောနှောချက်စားခြင်း ၊ ပိန္နဲသီးအနုပြုတ် ကို ငပိရည်တို့စရာအဖြစ်တို့ စားခြင်း၊ ပိန္နဲသီးပြုတ်ကို ပဲနီပင်ညှောက် ခရမ်းသီး စသည်တို့နှင့်လည်း ရောနှော၍ ချက်စားကြ ပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်ကို (၅၀) ကျပ်သားလျှင် (၃၀၀၀)ကျပ် နှင့် ပိန္နဲသီးပြုတ် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးအတွင်းမှ ချဉ်ပေါင်ရွက်ဈေးနှုန်း

ရက်စွဲ၊ ၁၉..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူမြို့ ပေါ်ရပ်ကွက်မျာမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းလုပ်ကိုင်ကြရာ ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက် ရှိပါသည်။

          ချဉ်ပေါင်ရွက်ကို ချဉ်ရည်ချက်ခြင်း၊ ပုဇွန်၊ မျှစ်၊ ငရုပ်သီးစိမ်းတို့နှင့်ရောကြော်ခြင်း၊ ချဉ်ပေါင်းရွက် ကို အခြောက်လှမ်းပီး မျှစ်နှင့်တာရှည်ခံအောင် အခြောက်ကြော်ခြင်း    ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်းမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၇၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်း မှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့်  ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက ချည်ပေါင်ရွက်ဈေးနှုန်း တစ်ပိဿာလျှင်(၅၀၀)ကျပ် မြင့် တက်လျက်ရှိကြောင်းကန့်ဘလူမြို့ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးသို့ စတင်ဝင်ရောက်လာသော မန်းမရွေး ဈေးနှုန်း/ဈေးကွက်

ရက်စွဲ၊ ၁၉..၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင်  မြို့မဈေးအတွင်းတွင် ကန့်ဘလူမြို့ နယ်အတွင်းရှိကျေးရွာများ၊ ရွာသစ်ကြီး‌ကျေးရွာတို့နှင့် ရေဦးမြို့တို့မှ လာ‌ရောက်ရောင်းချကြပါသည်။ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် မန်းမရွေးကိူ ယခုလို ဆောင်းအကုန် နွေးအကူး အချိန်တွင်သာ ဝယ်ယူစားသုံးနိုင်သော မန်းမ‌ရွေးဖြစ်ပြီး ယခု ဖေဖော်ဝါရီလ တတိယအပတ်တွင် ဈေးကွက်အတွင်းသို့ စတင်‌ရောက်ရှိလာပြီး မန်းမရွေးကို ‌ဒေသထွက်အစားအစာအဖြစ်  ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော မန်းမရွေးဖြစ်ပါသည်။ မန်းမရွေးသည် ရာသီချိန်် အစား အသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြသည်မှာ များပြားပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေ‌သော မန်းမ‌ရွေး ဈေးနှုန်းအနေဖြင့် မန်းမ‌ရွေး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ မန်းမ‌ရွေး(၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ မန်းမ‌ရွေး(၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် မန်းမ‌ရွေး(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း‌ရောင်းချနေ‌သော မန်းမရွေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နှမ်းပတ်ချဉ် ဈေးနှုန်း

ရက်စွဲ၊ ၁၉..၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ဒေသထွက် အရန်ဟင်း ဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုး ဖြစ်သည့် နှမ်းပတ်ချဉ်၊ မုံညှင်းချဉ်၊ ပဲတီပင်ပေါက်ချဉ်၊ သံပုရာချဉ်၊ သရက်သီး ကုလားတည်ချဉ် နှင့် မုံလာဥချဉ်တို့ကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ နှမ်းပတ်ချဉ် သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရပါသည်။

နှမ်းပတ်ချဉ်သည် နှမ်းပတ်များကို ရေစင်အောင်ဆေးကြောမှသာ (၃)ညအိပ်ခန့် အချဉ်တည်ရပြီး သဲများစင်၍ စားကောင်းခြင်းဖြစ်ပါသည်။ နှမ်းပတ်ချဉ်သည် အခြားအချဉ်များလို ပွဲလမ်းသဘင်နှင့် အသုံးများသော အချဉ်အမျိုးအစား မဟုတ်ပဲ စားသုံးသူများ အနည်းငယ်သာဝယ်ယူသည့်အတွက် အရောင်းနည်းပြီး ကြာကြာအထားမခံသည့်အချဉ် ဖြစ်သည့်အတွက် နှမ်းပတ်ချဉ်ကို တစ်ရက်ခြား တစ်ခါ တည်ရပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော နှမ်းပတ်ချဉ် ဈေးနှုန်းအနေဖြင့် နှမ်းပတ်ချဉ် လဖက်ရည်သောက်ပန်ကန်တစ်လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း မြို့မစည်ပင်သာယာဈေးတွင် လက်လုပ်ချဉ်မျိုးစုံ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ ဈေးနှုန်း/ ဈေးကွက်

ရက်စွဲ၊ ၁၉..၂၀၂၅

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး မှ အများဆုံး မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

 ကန့်ဘလူမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်ကျပ်(၁၃၀၀၀)၊ (၂၅)ကျပ်သားလျှင်ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူ အရောင်းအဝယ် လုပ်နေသူ ထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပေါ်ဦးပေါ်ဖျား ဆူးပုတ်ရွက် ဈေးနှုန်း

ရက်စွဲ၊ ၁၉..၂၀၂၅

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုး ထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ယခု ဖေဖော်ဝါရီ လ လဆန်းပိုင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက်အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ဆူးပုတ်ရွက်သည် ယခုရာသီ၌ ပူပြင်ခြောက်သွေ့သော ရာသီဖြစ်သည့်အတွက် ရေများများ လောင််း နိုင်မှသာလျှင် အရွက်နုများပေါက်နိုင်မည်ဖြစ်ကြောင်း၊ ဆူးပုတ်ရွက်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အရွက်တစ်မျိုးဖြစ်ပါသည်။

 ဆူးပုတ်ရွက်ကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးနှင့် အသုံးပြုကြပုံမှာ ဆူးပုတ်ရွက် ကို အစည်းလိုက်ချက်စားခြင်း၊ ကန်ဇွန်းရွက်၊ ပဲတီပင်ညှောက်၊ ပဲနီပင်ညှောက် ၊ဂွေးတောက်ရွက်၊ ကြက်ဥ တို့ဖြင့် ကြော်စား/ချက်စားခြင်း၊ ပဲဟင်းချို/ ဟင်းချိုဟင်း များထဲတွင်လည်း ခတ်စားကြပြီး ပိတ်စွယ် ၊ ပိန္နဲသီးအနုပြုတ်၊ ခရမ်းသီးခြောက် စသည်တို့နှင့်လည်း ရောနှော၍ချက်စားကြပါသည်။

ယခင် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင်(၄၀၀)ကျပ်၊ (၂)စည်းလျှင်(၇၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ဖေဖော်ဝါရီလ တတိယအပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၆၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချသောကြောင့် ယခင် အပတ်ထက် တစ်စည်းလျှင် (၂၀၀)ကျပ် မြင့် တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ‌‌ရောင်းချနေသော ‌ရွှေပဲသီး ဈေးနှုန်း/‌ဈေးကွက်

ရက်စွဲ၊ ၁၉..၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ‌ရွှေပဲသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

ကန့်ဘလူမြို့ မြို့မဈေးတွင် ‌ရွှေပဲသီးကို ရောင်းချလျက်ရှိရာမှ  ‌ရွှေပဲသီးကို လူကြိုက်များပြီး အမျိုးမျိုးအသုံးပြုကြပုံမှာ ရွှေပဲသီးကို အစိမ်းကြော်ကြော်စားခြင်း၊ ရွှေပဲသီးကို ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုတ် တို့ဖြင့်‌ရောကြော်ခြင်း၊ ရွှေပဲသီးကို စားသောက်ဆိုင်များမှ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်တို့ ကြော်ရာတွင် အသုံးပြုခြင်းဖြစ်သည့်အတွက် ဈေးကြီးသော်လည်း ‌ရောင်ရကြောင်းသိရပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေးအတွင်းရှိ ရွှေပဲသီး ဈေးနှုန်း မှာ ရွှေပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော မျှစ်ချဉ် ဈေးနှုန်း/ဈေးကွက်

ရက်စွဲ၊ ၁၉..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင် ပေါချိန်တွင် မျှစ်ချဉ်/မျှစ်ချို တို့ကို နှစ်လည်ခါကြူရောင်းချရန်အတွက် စဉ့်အိုးများ အင်တုံများ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ် ထားပြီး ဒေသထွက် မျှစ်ချဉ်ကို ရောင်းချကြပါသည်။

          မျှစ်ချဉ်ကို မျှစ်ချဉ်ချဉ်ရည်ကျို၊ မျှစ်ချဉ်နှင့်ဝက်ရိုးချက်ခြင်း၊ မျှစ်ချဉ်နှင့်ငါးခေါင်းချက်ခြင်း၊ မျှစ်ချဉ်ကိုပြုတ်၍သုပ်ခြင်းစသည့်ပုံစံအမျိုးမျိုးနှင့်ချက်ပြုတ်စားသောက်ကြပါသည်။

          ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ‌တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချဉ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၁၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချဉ် ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း