Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ဘုရားကြီးဈေးဆိုင်တန်းတွင် ရောင်းချနေသော ပန်းသီး ဈေးနှုန်းအခြေအနေ

          ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ် (၁၀၀၀၀)ဖိုး (၃)လုံး၊ ပန်းသီး အလတ် (၁)လုံးလျှင်(၂၅၀၀)ကျပ်နှင့် ပန်းသီး အသေး (၁)လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ထွက်ရှိနေသော ဆန်းပန်း (ဖြူ/ဝါ) များဈေးကောင်းရနေ

၂၀.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာနေ ဦးဝင်းထွန်း၊ ဒေါ်ချိုချိုမြင့်တို့၏ ရွှေလှေကွင်းတွင် စိုက်ပျိုးထားသော ဆန်းပန်း (ဖြူ/ဝါ) စိုက်ခင်းသို့ သွားရောက်၍ ပန်းစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းလေ့လာခဲ့ရာ ပန်းခင်းမှာ အောင်မြင် ဖြစ်ထွန်း၍ ဈေးကောင်းရနေကြောင်း သိရသည်။

ပန်းစိုက်ပျိုးသူ ဦးဝင်းထွန်းကို မေးမြန်းခဲ့ရာတွင် ၎င်း၏ ပြောကြားချက်အရ ပန်းစိုက်ဧက (၁) ဧကခန့် စိုက်ပျိုးထားပြီး ပန်းပျိုးပင်များကို တောင်ကြီးမြို့ မှ (၁) ပင်လျှင် (၁၇) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကလျှင် ပျိုးပင် (၄) သိန်းခန့် စိုက်ပျိုးနိုင်ပြီး သွင်းအားစု ကုန်ကျစရိတ်မှာ ပန်းစိုက်ခင်း တစ်ဧကလျှင် (၁၆၀) သိန်းကျပ်ခန့်ကုန်ကျပြီး ပန်းပွင့်မှာ ပန်းပင်၏ (၈၀%) ကျော်ပြန်ရ၍ ယခုနှစ်ပေါက်ဈေးအရ တစ်ပွင့်လျှင် (၃၀၀) ကျပ် ရရှိကြောင်း၊ ဆွတ်ခူးရရှိသော ဆန်းပန်း (ဖြူ/ဝါ) များကို ဘားအံမြို့၊ ရန်ကုန်မြို့၊ တောင်ငူမြို့ များသို့တင်ပို့၍ ယခုနှစ်တွင် ပန်းဈေးကောင်းရ၍ ပန်းစိုက်တောင်သူများ အကျိုးအမြတ်‌ဖြစ်ထွန်းကြောင်း သိရှိရသည်။ ဘီးလင်းမြို့နယ်ရှိ ရွှေလှေကျေးရွာ၊ ညောင်ပလ္လင်ကျေးရွာနှင့် လိပ်ခုံးကျေးရွာတို့ ၌ပန်းစိုက်ပျိုးကြပြီး ပန်းစိုက်ဧက (၁၀၀) ခန့်ရှိကြောင်းတို့ကို သိရှိရပါသည်။

DOCA(မွန်)

ကော့သောင်း ဒန့်ဒလွန်သီးစျေးကောင်း

          ကော့သောင်းမြို့ပေါ်ရှိ ကျေးရွာများရှိ ခြံဝိုင်းများတွင် ဒန့်ဒလွန်အပင်များကို စိုက်ပျိုးကြရာ ဒန့်ဒလွန်ပင်မှ အရွက်၊ အသီးတို့သည် ဆေးဖက်ဝင် အပင်တစ်မျိူးဖြစ်သည့်အတွက် စားသုံးရန် စိုက်ပျိူးကြပြီး၊ ပိုလျှံပါက ရောင်းချရာ အိမ်တွင် ဝင်ငွေတိုးစေသည့်လုပ်ငန်းဖြစ်ပါသည်။ ဒန့်ဒလွန် သီးသည် ပေါ်ဦးပေါ်ဖျားရှားပါးချိန်ဖြစ်သည့်အတွက် တစ်ဒေါင့် ကို ၇၀၀-၈၀၀ ကျပ်ထိ စျေးကွက် ပေါက်သည့်အတွက် စျေးကောင်းရသည့် သီးပင်တစ်ပင်ဖြစ်ပါသည်။

DOCA(တနင်္သာရီ)     

ထားဝယ်မြို့၊ ဝက်သားစျေးနှုန်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်း များမှာ (၃၄၀၀၀)ကျပ်မှ (၃၃၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ထားဝယ်မြို့၊ ဝက်သားစျေးနှုန်းမြင့်တက်လာခြင်းမှာဝက်စာစျေးနှုန်းများနှင့်မွေးမြူရေးကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူရေးလုပ်ကိုင်သူများလျော့နည်းလာသဖြင့် ဝက်သား ပြတ် လက်မှု မရှိစေရေး မော်လမြိုင်မှ တစ်ဆင့် ဝက်များသယ်ယူရပြီး သယ်ယူမှုကုန်ကျ စရိတ်များ ကြီးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့ ဝက်သားဒိုင်များမှ သိရှိရပါ သည်။

          ယခု ဖေဖော်ဝါရီလ တတိယအပတ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကုန် စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ၏ ထိန်းကျောင်း ညှိနှိုင်းပေးမှုများကြောင့် လက်ရှိ ထားဝယ်မြို့၏ဝက်သားစျေးနှုန်းများမှာ(၃၂၀၀၀)ကျပ်အထိ အနည်း ငယ်ကျဆင်းလာခဲ့ကြောင်းသိရှိ ရပါသည်။

DOCA(တနင်္သာရီ)     

ကန့်ဘလူမြို့၌ ရောင်းချနေသော အညာဒေသထွက် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်း

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင် ရောင်းချနေသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၁၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို နှမ်းလှော်၊ထန်းလျက် စသည့်တို့ ဖြင့်ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

         

         

ကန့်ဘလူမြို့၌ ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်း

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက်ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင်ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၁၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇီးတော်ဖီကို ဇီးသီးမှုန့်၊ထန်းလျက်၊ သကြားစသည့်တို့ဖြင့် ပြုလုပ် ထားသည့်အတွက် ချဉ်ချိုအရသာပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက် ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

          DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၌ ရောင်းချနေသော အညာဒေသထွက် မြေပဲယို ဈေးနှုန်း

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၄၅၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ မြေပဲယိုကို မြေပဲ၊ထန်းလျက် စသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် လူကြိုက်များလာသည့် ရာသီစာကြံရည် ဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်တွင် ကြံရည်ရောင်းချသည့် ဆိုင်များ တစ်ဆိုင်ပြီးတစ်ဆိုင် မြင်တွေ့လာရသည်။

နွေပူပူနှင့် ကြံရည်အေးအေးလေးက လိုက်ဖက်ပြီး စိတ်ကိုကြည်လင်လန်းဆန်းစေသော ကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင် ရောင်းချနေသော ကြံရည်ဈေးနှုန်းမှာ ခွက်ကြီးတစ်ခွက်လျှင် (၁၅၀၀)ကျပ်၊ ခွက်သေးတစ်ခွက်လျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သဘာဝအတိုင်း ပြုလုပ် ရောင်းချခြင်းဖြစ်ကြောင်း ကြံရည်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

         

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ် အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၄၂၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၈၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၇၅၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီးယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်လျော့နည်းလာကြောင်းကြက် ဥ၊ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မ များမှမိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ဈေးနှုန်းကျဆင်းနေသည့်ခရမ်းချဉ်သီးနှင့်အာလူးသီး ဈေးကွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များ မှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊   ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၂၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၇၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေကျပ် (၆၀၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာ လျှင်ငွေကျပ်(၃၀၀)နှင့်  အားလူးသီး(၁)ပိဿာလျှင်ငွေကျပ်(၁၀၀၀) ဈေးနှုန်းကျဆင်းလာပြီးပုံမှန်အ တိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း