Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်း

    ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော  မုံလာဥဖြူ ဈေးနှုန်းမှာ မုံလာဥဖြူ အလုံးအကြီး(/)လုံးပါ တစ်တွဲလျှင်(၇၀၀)ကျပ်၊ ()တွဲတစ်စီးလျှင်(၂၀၀၀)ကျပ် နှင့် မုံလာဥဖြူ(/)လုံးပါ(၁၀)တွဲလျှင်(၆၅၀၀)ကျပ်၊ မုံလာဥဖြူ အလုံးသေး (/)လုံးပါ တစ်တွဲလျှင်(၅၀၀)ကျပ်၊(၁၀)တွဲလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရာသီစာ မယ်ဇလီဖူးပြုတ်ဈေးနှုန်း

       ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ ဈေးကွက်တွင် မယ်ဇလီဖူးပြုတ်များ ရောင်းချလျက်ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူးပြုတ် ဈေးနှုန်းအနေဖြင့်  မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၂၈၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၁၄၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)ဘူး  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း

         ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း၊ ပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်း ဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

        ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး()ပိဿာလျှင်(၆၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး()ပိဿာလျှင် (၇၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် အရောင်း အဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးမြင့်တက်လာသော ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

      သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ အကြီးတစ်ပွင့် လျှင်(၃၀၀၀)ကျပ် နှင့် အသေးတစ်ပွင့်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂေါ်ဖီထုတ်အကြီးတစ်ထုတ်လျှင်(၃၀၀၀/ ၃၅၀၀) ကျပ်၊ အသေးတစ်ထုတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် နှမ်းနီ()တင်းလျှင် ကျပ်(၁၀၅၀၀၀) နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၀၂၀၀၀) နှမ်းနက်(စမုံ) ()တင်းလျှင် ကျပ်(၂၄၅၀၀၀)၊ နှမ်းနက်(ရိုးရိုး) (၁) တင်းလျှင် ကျပ်(၂၂၀၀၀၀)၊ နှမ်းညိုကြား()တင်းလျှင် ကျပ်(၉၇၀၀၀)၊ နှမ်းဖြူ(ဂျပန်)(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စက်တင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ် ပါက နှမ်းနီ ကျပ်(၂၀၀၀)၊ နှမ်းညိုကြား ကျပ်(၁၀၀၀)ဈေးနှုန်းလျော့ကျခဲ့ပြီး နှမ်းနက်(စမုံ) ကျပ် (၈၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ မကွေးခရိုင်းအတွင်းရှိ မြို့နယ်များမှ မန္တလေးမြို့ သို့ အိတ်ရေ(၃၂၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၂၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

   ပွင့်လင်းရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်ကျနေသော်လည်း ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

          ခရမ်းချဉ်သီးမျာကို အကြီး၊အသေး မခွဲခြားဘဲ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ပြောကြားခဲ့သည်။ ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပဿာလျှင်(၂၅၀၀) ကျပ်နှင့် ယခုလ ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချည်သီး အလုံးကြီး တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာ လျှင်(၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလနောက်ဆုံးအပတ်နှင့် အောက်တိုဘာလ ဒုတိယအပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်ကျရ ခြင်းမှာ ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့်ဝင် ရောက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ  ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ/နီ၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

         စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်းမှာ နနွင်းတက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ် နှင့် နနွင်းတက် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး နနွင်းမှုန့် အစစ် ဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း နှင့် တို့ဟူးခြောက် ဈေးနှုန်း

                 ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

       စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း၊ တို့ဟူးခြောက် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၅၀၀) ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်း လျက်ရှိကြောင်း သိရသည်။       

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

             မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

           စက်တင်ဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၀၃)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၆၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၇၆၁)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၅၄)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင်(၂၆)ကျပ်၊ 95တစ်လီတာလျှင်(၁၂)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်) PHSDတစ်လီတာ လျှင်(၅)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်()ကျပ်၊ ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)

ဘားအံမြို့ ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

   ပွင့်လင်းရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ ဒေသထွက် ကြက်ဟင်းခါး သီးဈေးနှုန်း အနည်းငယ်ကျနေသော်လည်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          အောက်တိုဘာလ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ယခင်လက ကြက်ဟင်းခါးသီးအထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အထောင့်သေး တစ်ပိဿာလျှင်(၁၈၀၀/၂၀၀၀) ကျပ်ဖြင့် လည်းကောင်း ယခုအခါတွင် ကြက်ဟင်းခါးသီးအတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလနှင့်အောက်တိုဘာလ ဒုတိယ အပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်း ငယ်တက်နေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်တက်နေရခြင်းမှာ  အနည်းငယ်တက်ရခြင်းမှာ မိုးရာသီးကုန်ချိန်နှင့်ဆောင်းရာသီးအစပ်ကာလဖြစ်၍ စိုက်ခင်းမှသီးနှံများ အထွက်နှုန်းနည်းပလာခြင်း၊ သယ်ယူစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။   

DOCA(ကရင်)    

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း