Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငါန်းဇွန်မြို့နယ်၌ ပဲစဉ်းငုံများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

                  မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ယခင်နှစ် ပဲစဉ်းငုံသီးနှံ စိုက်ပျိုးမှု အနေဖြင့် (၃၀၃၀၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၃၃၃၈၈)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့်ထည့်သွင်းစိုက်ပျိုးကြပါသည်။တစ်ဧကပျမ်းမျှအထွက် နှုန်းအနေဖြင့် (၁၁.၀၅)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်ပဲစဉ်းငုံတစ်တင်းဈေးအနေဖြင့် (၉၀၀၀၀/၉၂၀၀၀)ကျပ်ရှိခဲ့ပါသည်။ယခုနှစ်တွင်ပဲစဉ်းငုံသီးနှံကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၃၀၃၀၀)ဧကရှိပြီး၊ (၃၃၃၀၀) ဧက စိုက်ပျိုးကြောင်းသိရသည်။ ပဲစဉ်းငုံစိုက်ပျိုးမှုအများဆုံးအနေဖြင့် ဘုရားထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့်ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် ပဲစဉ်းငုံမျိုးဈေး အနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်ဈေးများရှိခဲ့ပြီး ပဲစဉ်းငုံ တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါအဝင်(၃၂၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျမှု ရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့်(၃၀၀၀၀၀)ကျပ်ဝန်းကျင်ရှိပြီး နွားစာရှားပါးသည့် ဒေသ များဖြစ်သည့်အတွက် အကျိုးအမြတ်နည်း ပါးသော်လည်း တစ်ဖက်မှလည်းနွားစာရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ဒေသထွက်ပဲစဉ်းငုံများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့ နှင့်ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော်လည်းကောင်း၊ကားတင်ပေး၍သော်လည်းကောင်း အများဆုံး ရောင်းချကြပါသည်။ယခုနှစ် မိုးလေဝသရာသီဥတု ကောင်းမွန်၍ ပဲစဉ်းငုံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

DOCA (မန္တလေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ပိန်းဥဈေးနှုန်းကျဆင်း

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေးအတွင်းသို့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) မှစတင်၍ပိန်းဥများ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ပိန်းဥ()ပိဿာလျှင် အလုံး(အကြီး၊ အသေး) အလိုက် ကျပ်(၃၀၀၀-၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ပေါ်စအချိန် ဩဂုတ်လ (စတုတ္ထပတ်)တွင် ()ပိဿာလျှင် အလုံး(အကြီး၊ အသေး)အလိုက် ကျပ်(၅၀၀၀-၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခုအချိန်တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံများနှင့် အိမ်တွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့် ပိန်းဥများဝင်ရောက်လာသည့်အတွက် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိ ရသည်။

DOCA(မကွေး)

ငါန်းဇွန်မြို့နယ်၌ မိုးနှမ်းများ ရိတ်သိမ်းပြီးစီး

   မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံဖြစ်သော နှမ်း သီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်မိုးနှမ်းစိုက်ပျိုးရန် (၆၄၀၇၀) ဧက လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၆၇၈၄၀)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ စိုက်ပျိုးမှုမှာ ပက်ကျဲနှင့်တန်း စိုက်ဟူ၍ ရှိရာတွင်  နေရာ               ဒေသနှင့်မြေပေါ်မူတည်၍ ဒေသခံတောင်သူများမှာ ပက်ကျဲစိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုးကြပြီး မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြပါ သည်။ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၄.၃၅)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်နှမ်းတစ်တင်းဈေး အနေဖြင့်(၉၅၀၀၀၊ ၁၀၀၀၀၀)ကျပ် ရှိခဲ့ပါသည်။ မိုးနှမ်းမှာ ဆောင်းနှမ်းနှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်း ထက်ဝက်နီးပါးခန့်လျော့နည်းကြောင်း သိရသည်။ ယခုနှစ်တွင် မိုးနှမ်းကို စိုက်ပျိုးရန်လျာထားမှုအနေ ဖြင့်(၆၄၀၈၀)ဧကရှိပြီး၊ စိုက်ပျိုးပြီးစီးမှုမှ (၆၇၈၅၂) အထွက်နှုန်းမှာ တစ်ဧကလျှင် (၅.၀၂) တင်းထွက် ရှိပြီး အထွက်တင်းပေါင်း (၃၄၀၆၁၇)တင်းထွက်ရှိပါကြောင်း၊ မိုးနှမ်းစိုက်ပျိုးမှုအများဆုံးအနေဖြင့် ဘုရားထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့်ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် နှမ်းမျိုးဈေးအနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်ဈေးများရှိခဲ့ပြီး နှမ်းတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါအဝင် (၃၅၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၂၀၀၀၀၀)ကျပ်ဝန်းကျင်သာ ရှိပြီး နွားစာရှားပါး သည့် ဒေသများဖြစ်သည့်အတွက် အကျိုးအမြတ်နည်းပါးသော်လည်း တစ်ဖက်မှလည်းနွားစာ ရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ချို့ကျေးရွာများသည် နွားစာအတွက် ကျောက်ဆည်၊ မြစ်သားဒေသ ဘက်မှ နှမ်းပေါ်ချိန်ထွက်ပေါ်သော နှမ်းရိုးများကို သယ်ယူစရိတ်အကုန်အကျခံ၍ သယ်ယူကျွေးမွေးရပါ သည်။ ဒေသထွက်နှမ်းများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန် လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန်၍ ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက် ပတ်သော အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ပါသည်။

DOCA (မန္တလေး)

မကွေးမြို့၏ စက်သုံးဆီစျေးနှုန်းအခြေအနေ

         မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးမြို့တွင် စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချနေပြီး ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် (92) (၁)လီတာလျှင် ကျပ်(၂၇၃၀)၊ (95) (၁)လီတာလျှင် ကျပ် (၂၈၀၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ် (၂၆၃၀)၊ ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် ကျပ်(၃၁၆၅)ဖြင့် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ (ပထမ ပတ်)နှင့်နှိုင်းယှဉ်ပါက (92) (၁)လီတာလျှင် ကျပ်(၉၅)၊ (95) (၁)လီတာလျှင် ကျပ်(၁၁၅) စျေးနှုန်း အနည်းငယ်ကျဆင်းပြီး  ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၅၅)၊ ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် ကျပ်(၅၅)စျေးနှုန်းအနည်းငယ်မြင့်တက်၍ စက်သုံးဆီများပြတ်လပ်မှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့နယ်၌ ခရမ်းချဉ်စိုက်ပျိုးသူ တောင်သူများ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ  ကျေးရွာများသည် မိရိုးဖလာ လယ်ယာ လုပ်ငန်းအပြင် ဥယျာဉ်ခြံမြေများတွင် သီးပင်စားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ စားသုံးမှုများ၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ခရမ်းချဉ်ပင်သည် စိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းလွယ်သောကြောင့် တောင်သူများအားထားစိုက်ပျိုးကြသော စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်ပြီး ပွင့်ဖြူမြို့နယ် ယောစု၊ ပိန္နဲတော၊ ဒေးဒရဲ၊ ညောင်ကုန်း၊ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစု၊ မုန်းနားစု စသော ကျေးရွာများရှိ တောင်သူများသည် ခရမ်းချဉ်မျိုးများကို စိုက်ခင်းတစ်ခင်းလျှင် အပင်ရေ (၁၀၀၀)ခန့်  တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ခရမ်းချဉ်ပင်သည် အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်း ကြောင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့်လွန်ကဲသောရာသီဥတု အခြေအနေမျိူးတွင် အပင်ကို သေစေနိုင်ကြောင်း၊ ခရမ်းချဉ်ပင်စိုက်ပျိုးရာတွင် မျိုးစေ့များကို အရင်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ အပင်တစ်ပင်နှင့်တစ်ပင်ကြား ()တောင်ခန့် ခွာ၍ စိုက်ပျိုးကြပြီး မြေအောက်ရေဖြင့် ရေသွင်းစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်ပင်သည် ရေဝပ်ခြင်းကို မကြိုက်ဘဲ ရေဝပ်လျှင်အမြစ်များပုပ်၍ အပင်သေတက်ကြောင်း၊ မြေတောင်မြှောက်ပေးခြင်း၊ ဘောင် ဆယ်ခြင်းများပြုလုပ်ပေးရန်လိုအပ်ပြီး အသီးသီးချိန်တွင် အသီးအလေးချိန်ကြောင့် အပင်ယိုင်လဲမှုမဖြစ် စေရန် တိုင်ထောင်ပေးရကြောင်း၊ အပင်စိုက်ပျိုးချိန်မှ ()လခွဲခန့်အကြာတွင် ခရမ်းချဉ်သီးများစတင် ခူးဆွတ်နိုင်ပြီး ()ရက်လျှင်တစ်ကြိမ်ခန့် အလှည့်ကျခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်စတင်ခူးဆွတ်ချိန် တွင် ပိဿာချိန်(၂၀၀)ခန့်ထွက်ရှိပြီး နောက်ပိုင်းအသီးအားကောင်း၍ အသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန်(၄၀၀)ခန့်အထိထွက်ရှိကြောင်း၊ အပင်တစ်ပင်လျှင် (-)ကြိမ်ခန့် ခူးဆွတ်နိုင်ကြောင်း၊ နိုဝင်ဘာလလယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့်အထိ ဈေး ကောင်းရရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးများကို   အဝေးဈေးကွက်သို့ပို့ပါက ခရမ်းချဉ်သီး အစိမ်းရောင်မှအစိမ်းဖျော့၊  ထိုမှတစ်ဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ကြကြောင်း၊ သို့မှသာ လမ်းခရီးတွင် အပျက်အစီးအဆုံးအရှုံးသက်သာကြောင်း၊ အနီးဝန်းကျင်ဈေးကွက်သို့ ပို့ဆောင်ရောင်းချ မည်ဆိုပါက အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန်လိုအပ်ကြောင်း သိရှိရသည်။ ပွင့်ဖြူဒေသထွက်ခရမ်းချဉ်သီးများကို စလင်း၊ စကု၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချပြီး ကုန်ကျစရိတ်နည်းပါး၍ အကျိုးအမြတ်များစွာရရှိသောကြောင့် ပွင့်ဖြူဒေသရှိ ခရမ်းချဉ်သီးစိုက်ပျိုးသူ တောင်သူများ ဝင်ငွေများစွာရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

မြင်းခြံမြို့၏ သီးနှံဈေးနှုန်းများ

          မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့နယ်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ဝါ၊ ပဲတီစိမ်း၊  ပဲပုတ်၊ ကုလားပဲ စသည့်ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုအခါ နိုဝင်ဘာလဆန်းပိုင်းတွင် အများဆုံးအရောင်းအဝယ် ဖြစ်သော သီးနှံမှာ မြေပဲသည်သာ အများဆုံးဖြစ်ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေ သော သီးနှံဈေးနှုန်းများမှာ ပဲစဉ်းငုံ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကုလားပဲ (V2) တစ်ပိဿာလျှင် (၄၁၅၀) ကျပ်၊ ပဲဇီးကွက် တစ်ပိဿာလျှင် (၅၇၀၀  မှ  ၆၂၀၀)ကျပ် ၊ ပဲပုတ် တစ်ပိဿာလျှင် (၆၄၀၀ မှ ၆၅၀၀) ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၈၀၀၀ မှ ၈၂၀၀ ) ကျပ်၊ ပြန့်လုံးဆံ တစ်ပိဿာလျှင်( ၈၁၀၀ မှ ၈၂၀၀ ) ကျပ်၊ ဒေသအခေါ် တပေါက်ကျ တစ်ပိဿာလျှင် (၇၈၅၀ မှ ၇၉၀၀ )ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၇၆၀၀ မှ ၇၆၅၀ ) ကျပ်၊ နှမ်းညို တစ်ပိဿာလျှင် ( ၅၉၀၀ မှ ၆၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

တနင်္သာရီတိုင်းဒေသကြီးရှိ ကျွဲကောသီး စျေးနှုန်း

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စျေးကွက်သို့  မွန်ပြည်နယ်ဘက်မှ ထွက်သည့် ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ နိုဝင်ဘာလအတွင်းဖြစ်ပေါ်သည့် စျေးနှုန်း များ မှာကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၈၀၀၀ကျပ်မှ ၉၅၀၀ကျပ်  အလုံး (လတ်)  ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ အလုံး(သေး) ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်စျေးတို့ဖြင့် အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ စျေးကွက်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်ဒေသထွက် ကျွဲကောသီးများအား လူကြိုက်များကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိထန်းလျက်စျေးနှုန်းစျေးကွက်

        ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်း တောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။

         ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်း လျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက် ဟူ၍ရှိပြီး  အုန်းထန်းလျက်နှင့် ၁ပိဿာလျှင်(၁၄၅၀၀)ကျပ်ရှိပြီး ထန်းလျက်အလုံး၁ပိဿာလျှင်(၁၀၀၀၀)ကျပ်တို့ရှိကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ချဉ်ပေါင်ရွက်စျေးနှုန်း/စျေးကွက်

     ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက် များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ဈေးတွင် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။

      ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း မိုးရာသီတွင်သာ ပေါများလှပါကြောင်း ချဉ်ပေါင်ရွက်ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်းအရည်သောက် အဖြစ်ချက်ပြုတ်စားသောက်ပါကြောင်းနှင့် သိရှိရပြီးထားဝယ်မြို့၊စည်ပင်ဈေးနှင့်ကမ်းနားဈေးများ တွင်ဖြစ်ပေါ်နေသောချဉ်ပေါင်ရွက်ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်တစ်စီးလျှင်(၅၀၀)ကျပ်ဖြင့် ‌အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ ငါးပုတ်သင်ဈေးကွက်အခြေအနေ

      တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းဒေသဖြစ်သည့် အတွက်ရေလုပ်ငန်းလုပ်ကိုင် သူပေါများပြီး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။  ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်းများကို တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေများဖြင့်လည်းကောင်း၊၊ ငါးဖမ်းစက်လှေကြီးများဖြင့်လည်းကောင်း  ဖမ်းယူကြပြီး ဖမ်းယူရရှိသောငါးများကို ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျဈေးနှင့် ရပ်ကွက်ဈေးများ၊ ငါးဒိုင်များ၊  ကုမ္ပဏီများသို့လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ယနေ့ဈေးကွက်အခြေအနေအရ ငါးပုတ်သင် တစ်ပိဿာလျှင်(၄၅၀၀)မှ (၆၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း