
မိတ္ထီလာမြို့မဈေးကြီးအတွင်း ရောင်းချနေသောသံပုရာသီးနှင့် သံပုယိုသီးများကို မန္တလေးနှင့် ရန်ကုန်မြို့များမှဝင်ရောက်လျက်ရှိပြီး ဒေသတွင်းပြန်လည်ဖြန့်ဖြူးရောင်းချကြောင်းသိရပါသည်။ သံပုရာသီးမှာ ဗီတာမင်(C) ကြွယ်ဝတာကြောင့်ကိုယ်ခံအားကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါသည်။ ဗီတာမင်(C) ကသွေးဖြူစုဆဲလ်ထွက်ရှိမှုကိုတိုးစေဖို့ကူညီပေးပြီး ခန္တာကိုယ်ကိုရောဂါပိုးတွေဝင်ရောက် ကူးစက်တာမျိုးမဖြစ်အောင်အထိ ကာကွယ်ပေးပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးပါသည်။
မိတ္ထီလာဈေးကွက်အတွင်းတွင် နိုဝင်ဘာလ၊ ဒုတိယပတ်အတွင်း သံပုရာသီးဈေးနှုန်းမှာ(၁၀)လုံး လျှင်(၁၅၀၀/၂၀၀၀/၂၅၀၀)ကျပ်ထိရှိကြောင်း၊ သံပုယိုသီး(၁၀)လုံးလျှင် (၁၀၀၀)ကျပ်မှ(၂၀၀၀)ကျပ်ထိ ရှိကြောင်း သံပုရာသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
