
မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလ၊ ဒုတိယပတ်၌ဝါဈေးနှုန်းထပ်မံမြင့်တက်လာကြောင်း သိရသည်။ အောက်တိုဘာလမှစတင်ဝင်ရောက်လာသော မိုးဝါမှဈေးကွက်သို့ဝင်ရောက်စက တစ်ပိဿာ (၃၂၀၀/၃၃၀၀)ကျပ်ဖြင့်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဈေးကွက်သို့အဝင်များသော်လည်း ကုန်သည်များကဝါလိုအားများကာ ဈေးပိုပေးသည့်အတွက် ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလဆန်းက တစ်ပိဿာ(၄၅၀၀/၄၆၀၀)ကျပ်ရှိခဲ့ရာက ယခုဒုတိယပတ်တွင် တစ်ပိဿာ (၄၅၀၀/၄၇၀၀)ကျပ်ထိပေး၍ ဝယ်ယူလျက်ရှိပါသည်။ မိတ္ထီလာမြို့ပေါ်ရှိ ဝါကုန်သည်ပွဲရုံများအနေဖြင့် ဝယ်ယူရရှိသောဝါကိုမြို့ပေါ်ဝါစက်များနှင့် မန္တလေးမြို့သို့တင်ပို့ရောင်းချနေကြောင်းနှင့် ဂွမ်းဈေးမှာ မန္တလေးမြို့ရှိ ပုဂ္ဂလိကချည်မျှင်စက်များက တစ်ပိဿာ(၁၀၅၀၀/၁၁၀၀၀)ကျပ်ဖြင့် ဝယ်ယူကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မန္တလေး)
