Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဓနုဖြုမြို့နယ်မှ ထွက်ရှိသော ဆန်/ဆန်ကွဲ အောက်တိုဘာလ ရန်ကုန် တင်ပို့နှိုင်မှု အခြေအနေ

            မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်များမှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် ၁လတာအတွင်း အောက်တိုဘာလ ဆန်တင်ပို့မှု ၁၅၁၄၄ အိတ်နှင့် တန်အားဖြင့် ၇၅၇အိတ်၊  ဆန်ကွဲအနေဖြင့် ၈၂၅၀ အိတ်၊ တန်အားဖြင့် ၄၁၃ တန်၊ ယခင်လတင်ပို့မှုမှာ ဆန်အိတ် ၁၄၆၁၁ အိတ်၊ ဆန်ကွဲ အိတ် ၉၀၅၀ အိတ်  နှိုင်းယှဉ်တင်ပို့မှုမှာ ဆန် ၉၇၈ အိတ် လျော့နည်းတင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၈၀၀ အိတ် လျော့နည်းတင်ပို့ကြောင်း တွေ့ရှိရသည်။  ဒေသထွက် စပါးအသစ်များထွက်ပေါ်လာပြီး ယခင်နှစ်ကြိတ်ခွဲဆန်များ လျော့နည်းလာခြင်းကြောင်းဖြစ်ကြောင်း တင်ပို့သူများထံမှ သိရသည်။

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အနေဖြင့် ဆန်စက် ၂၅ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၆၃၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၄၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင် (၅၀၀)ကျပ်ကျဆင်းလာကြောင်း ဂျင်းတက်နှင့် ဂျင်းပေါက်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

       ကောက်ရိုးမှိုစိုက်ပျိုးပြီး (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်  မှိုတွေကို နှုတ်ယူရောင်းချနိုင်ကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့သူတွေအနေနဲ့ ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး သင့်ကြောင်း၊     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ကောက်ရိုးမှို တစ်ပိဿာလျှင် လက်လီဈေး(၁၀၅၀၀)ကျပ်၊ လက်ကားဈေး (၁၀၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ကောက်ရိုးမှို(၁)ပိဿာလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူ ဦးဝင်းဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ  ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း/ဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံများနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိပြီး မုန့်လုပ်ငန်းများမှ အများဆုံးဝယ်ယူကြကြောင်း၊ အိမ်ရှင်မများနှင့် စားသောက်ဆိုင်များက ဝယ်ယူအ သုံးပြုလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအကြီး (၁)လုံးလျှင် (၅၂၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ တို့ဖြင့်ရောင်းချကြောင်း၊ ဘဲဥ(၁)လုံးလျှင် (၆၃၀)ကျပ်နှင့် ငုံးဥ(၇)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိရာ ယခုနိုဝင်ဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၅၀)ကျပ်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း လက်လီ/လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျှက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥဖြူ၊ မုန်လာ ထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန် နီအလုံးကြီး(၁)ပိဿာလျှင် (၁၅၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၃၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၁၁၀၀)ကျပ်၊ ကြက်သွန်ဖြူဗမာသေး(၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊ အကြီး(၁)ပိဿာ လျှင်(၉၅၀၀)ကျပ်နှင့် ရှမ်းဖြူ(၁)ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခင်ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်ဖြူ(၁)ပိဿာလျှင်(၂၀၀)ကျပ်ဈေးနှုန်းကျ ဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၄၀၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၃၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၄၀၀၀)ကျပ်နှင့် ပန်းဂေါ်ဖီအသေး(၁)ပွင့်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ၊ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ (၁)ပွင့်လျှင်(၅၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဒေသထွက် သနပ်ခါးတုံးများ ပုံမှန်အရောင်းအဝယ်ဖြစ်

    စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

    မြန်မာနိုင်ငံတွင် သနပ်ခါးသည် ဈေးကွက်ဝင် သဘာဝအလှကုန်ပစ္စည်းအဖြစ်ပြီး နိုင်ငံတကာ တွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာ ခြားမှုရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် အညာဒေသထွက် မြေပဲယိုနှင့် နှမ်းယို

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုနှင့် နှမ်းယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ကုန်စုံဆိုင်များတွင် ရောင်းချနေ သောမြေပဲယိုဈေးနှုန်းမှာ အသင့်ထုတ်ပြီးအကြီး(၁)ထုပ်လျှင် (၁၇၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ နှမ်းယိုအကြီး(၁)ထုပ်လျှင် (၁၅၀၀)ကျပ်နှင့် အသေး(၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ ဈေးကွက်အနေဖြင့်  ကျေးလက်နေပြည်သူများ ကဝယ်ယူစားသုံးကြသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လက်လီ/လက္ကား ကုန်မျိုးစုံဆိုင်များမှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင်ရောင်းချနေသည့် ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သရေသာ စားစရာတို့ကို ရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်သည်။ ရေဦးပေါက်ပေါက်ဆုပ်သည် လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်းဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာ စားစရာတစ်မျိုးဖြစ်ကြောင်း သိရ သည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ရေဦးပေါက်ပေါက်ဆုတ် လက်လီတစ်ပိဿာလျှင်(၉၀၀၀) ကျပ်၊ လက္ကားတစ်ပိဿာလျှင် (၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး ()ထုတ်လျှင်(၁၀၀၀)ကျပ်၊ ရေဦးထန်းလျက်ဖြူ()ပိဿာလျှင် (၉၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးရှိ သရေစာ နေကြာစေ့လှော်နှင့် ပဲကြီးလှော်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ တွင်ရေဦးပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ဇီးထန်းလျက်၊ မြေပဲယို၊ မြေပဲဆားလှော်၊  ပဲကြီးလှော်နှင့် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ လူကြီး ၊လူငယ်မရွေး ပဲကြီးလှော်နှင့် နေကြာစေ့လှော်ကို  သရေစာအဖြစ် စားသုံးကြကြောင်း သိရသည်။

      ၂၀၂ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်  သရေ စာနေကြာစေ့လှော် လက္ကားတစ်ပြည်လျှင် (၈၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၈၈၀၀)ကျပ်၊ နို့ဆီ ဘူး(၄)ဘူးလျှင် (၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀)ကျပ်၊ ပဲကြီးလှော်(၁)ပြည်လျှင်  (၈၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာ လပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း နေကြာစေ့(၁)ပြည်လျှင် (၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း  ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း