Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မြန်မာ့ရိုးရာအချိုပွဲ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများသာမက ယခုအခါ မြန်မာ့ရိုးရာအချိုပွဲ မုန့်အမျိုးမျိုးကို ရောင်းချလျက်ရှိကြောင်း သိရသည်။

      မြန်မာ့ရိုးရာအချိုပွဲများကို ကန့်ဘလူမြို့ပေါ်ရှိဒေသခံများမှ လာရောက်ရောင်းချကြကြောင်း၊ အချိုပွဲတွင် ဆနွင်းမကင်း၊ ငှက်ပျောပူတင်း၊ ပဲပူတင်း၊ အာလူးပူတင်းနှင့် ကျောက်ကျောစသည်ဖြင့် အမျိုးမျိုးရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် အချိုပွဲ ဈေးနှုန်းများမှာ ဆနွင်းမကင်း()တုံးလျှင် (၃၀၀)ကျပ်၊ ငှက်ပျောပူတင်း()တုံး လျှင်(၂၀၀)ကျပ်၊ အာလူးပူတင်း()တုံးလျှင် (၃၀၀)ကျပ်၊ ပဲပူတင်း()တုံးလျှင် (၃၀၀)ကျပ်နှင့် ကျောက်ကျော()တုံးလျှင်(၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း၊ မြန်မာ့ရိုးရာအချိုပွဲများကို သရေစာအဖြစ်စားသုံးရန်၊ အလှူပွဲ၊ မင်္ဂလာပွဲများတွင် တည်ခင်းဧည့်ခံရန်နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူစားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မုန့်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)