Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်းသိရပါသည်။ စက်တင်ဘာလ တတိယပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၅၀၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၇၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၆၀၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၆၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၆၀၀၀-၆၇၀၀၀၊ ဂျုံးထွက်တိုး တစ်တင်းကျပ် ၆၃၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၈၀၀၀-၇၉၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၅၁၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၉၀၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်း ကျပ် ၅၄၃၀၀၊ ထောပတ် ပဲ တစ်တင်းကျပ် ၅၂၅၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၈၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်း ကျပ် ၁၇၇၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၇၅၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၈၀၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၈၂၅၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၉၅၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၄၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၅၈၀၊ မြေပဲလုံး ဆံဖြူ တစ် ပိဿာကျပ် ၅၂၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၃၀၈၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၂၀၀၀-၂၁၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၆၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ကုလားပဲသီနှံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး ကျန်သီးနှံများအားလုံး အနည်းငယ် ဈေးတက်လျက်ရှိပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                  

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်း‌ဒေသကြီး၊  ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာ အားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်း တို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျှက်ရှိပါသည်။

      ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ်တွင် အစေ့ထုတ်ပြောင်း(မိုး) (၁၁၁၅၃)ဧကနှင့် မိုးမြေပဲ (၁၅၉၁၂၉)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်အတွင်းသာမက ကန့်ဘလူခရိုင်တို့မှ အစေ့ထုတ်ပြောင်းနှင့် မြေပဲဆံများ စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဝင်ရောက်လာပြီး စက်တင်ဘာဒုတိယပတ်တွင် အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၇၀၀ဝိ/-)နှင့် မြေပဲဆံတစ်တင်းလျှင် (၉၆၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ အစေ့ထုတ်ပြောင်း(၆၀၀)တင်း၊ (၁၅)တန်နှင့် မြေပဲဆံ(၆၀၀)တင်း၊ (၁၄)တန်ဖြစ်ပါသည်။  စက်တင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၁၇၅၀ဝိ/-)နှင့် မြေပဲဆံတစ်တင်းလျှင်(၈၉၆၀ဝိ/-) ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အစေ့ထုတ်ပြောင်း (၉၀၀၀)တင်း၊ (၂၂၅)တန်နှင့် မြေပဲဆံ (၂၀၀၀)တင်း၊ (၄၆)တန်ရှိကြောင်းသိရှိရပါသည်။ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှု နှိုင်းယှဉ်ပါက တတိယပတ်တွင် အစေ့ထုတ်ပြောင်း (၈၄၀၀)တင်း/ (၂၁၀)တန်နှင့် မြေပဲဆံ(၁၄၀၀)တင်း/ (၃၂)တန်ပိုမို အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်၏ စာရင်းများအရသိရှိရပါသည်။  ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ဝင်ရောက်လာသည့်သီးနှံများကို ပဲ၊ နှမ်းကုန်သည်များမှ သိုလှောင်ခြင်းနှင့် မန္တလေးမြို့သို့ပြန်လည်တင်ပို့ခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                                                                                                                                                                                                                                                                                                                                                           

 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီးသည် စက်တင်ဘာလ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပို ဒေသများဖြစ်သော ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင် များတွင် ဈေးအေးနေပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၃၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၈၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၃၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၈၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၉၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ နွေ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ နွေ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ (ဒုတိယ)ပတ် တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၈၀၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ(၁၃၀၀၀၀) အိတ်၊ တန်အားဖြင့်(၆၅၀၀) စီးထွက်ခဲ့ပြီး၊ ယခု စက်တင်ဘာလ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၈၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၄၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၄၄၀၀)အိတ်၊ တန်အားဖြင့်(၆၇၂၀) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၄၄၀၀) တန်အားဖြင့် (၂၂၀) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                                                                                                                                                                                                                                                                                                                                                           

                  

မြင်းခွာရွက်၏ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးများ

          ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီး၌ လူသားတို့အသက်ရှင်နေထိုင်နိုင်ရန်အတွက် သဘာဝ တရား၏လက်ဆောင် သက်ရှိအုပ်စုတွင်ပါဝင်သော အပင်များသည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူသားတို့အတွက် အကျိုးပြုလျက်ရှိပြီး လူသားတို့၏ဇီဝကမ္မ ဖြစ်စဉ်များအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကိုလည်း ထုတ်ပေးလျက်ရှိပေသည်။ လူသားတို့ကမ္ဘာ စိမ်းလန်းသာယာလှပဖို့အတွက် သစ်ပင်ပန်းနွယ်များသည် လူတို့၏ အစားအသောက် အဖြစ်လည်းကောင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင် အပင်များအဖြစ်လည်းကောင်း၊ အလှကုန် ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြင့် များပြားသော အကျိုးကျေးဇူးများရရှိနေသည်။

          မြန်မာနိုင်ငံသည် သဘာဝတရားကြီး၏ မျက်နှာသာပေး၍ ကုန်းမြေများပြားလှပြီး ရေမြေတောတောင် သဘာဝသယံဇာတများနှင့် ပြည့်နက်နေသည့် နိုင်ငံတစ်နိုင်ငံ ဟု ခေါ်ဆိုရလျှင် မှားမည်မထင်။ လူသားတို့အသက်ရှင်နေထိုင်ရန်အတွက် အကျိုးပြုလျှက်ရှိသော သစ်ပင်ပန်းနွယ် များစွာထဲမှ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်တို့အတွက် စွယ်စုံရ မြင်းခွာရွက်ပင်၏အကျိုး ကျေးဇူးများမှာ အင်မတန်များပြားလှပါသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ မြင်းခွာရွက်ပင်ကို နေရာ ဒေသစုံပေါက်ကြသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တကူးတက စိုက်ပျိုးနေစရာ မလိုဘဲ လယ်ကန်သင်းများနှင့် ရွံစေးမြေများတွင်မြေပြင်၌ တွယ်ကပ်၍ပေါက်ကြသည်။ ယခုလို မိုးတွင်းအချိန်အခါ၌ မြင်းခွာရွက်များ လှိုင်လှိုင်ပေါများပြီး ကျန်းမာသန်စွမ်းသော အရွက်များဖြင့် မြင်ရသူအဖို့ နှစ်လိုဖွယ်ရှိလှသည်။ “နွယ်မြစ်သစ်ပင် ဆေးဖက်ဝင်” ဆိုသည့်စကားအတိုင်းပြောရပါလျှင် အပင်များ၏ အစိတ်အပိုင်းများဖြစ်ကြသော အရွက်၊ အသီး၊ အပွင့်၊ အကိုင်း၊ အခေါက်နှင့် အမြစ်ပါမကျန် အားလုံးသည် သူနေရာနှင့်သူ အသုံးဝင်ကြသည်သာဖြစ်သည်။ ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေး ပညာများအတွက် အသုံးတင့်ကြသည်။

            စွယ်စုံရ မြင်းခွာရွက်ဟု အညာဒေသတောသူတောင်သားများ၏ မြင်းခွာရွက်အကြောင်းကိုလည်း အကျယ်တဝင့် ဖော်ပြရလျှင် ဆေးမြင်းခွာနှင့် ရိုးရိုးမြင်းခွာရွက်ဟူ၍ နှစ်မျိုးရှိသည်။ မြင်းခွာရွက်သည် အမြင်ဓာတ်ကို ကြည်လင်စေသော ဂုဏ်သတ္တိရှိ၏။ အသားအရေကို ကြည်လင်စေ၏။ ဆီးချို၊ သွေးတိုး ရောဂါရှိသူများပင်လျှင် အရွတ်ကိုကြိတ်၍ သဘာဝ အစားထိုးဖျော်ရည်အဖြစ်သောက်သုံးကြသည်။ မြင်းခွာရွက်တွင် အမျှင်ဓာတ်များစွာပါဝင်သဖြင့် အစာအိမ်၏ အစာခြေစနစ်ကို ကောင်းမွန်စေကာ လူကိုပေါ့ပါးစေနိုင်သည်။ မြင်းခွာရွက်တွင် ကယ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်A၊ ဗီတာမင်C၊ ဗီတာမင်B12နှင့် အခြားသက်စောင့်ဓာတ်များစွာပါဝင်သည်။ ယခုနောက်ပိုင်း၌ မြင်းခွာရွက်ကို နေပူခံ အခြောက်လှန်းကာ ရရှိလာသောမြင်းခွာရွက်ခြောက်များကို လက်ဖက်ရည် အကြမ်းအဖြစ် လက်ဖက်ခြောက်အစားထိုးသုံးစွဲလာမှု ခေတ်စားလာကြသည်။ သုံးစွဲသူများ၏ ပြောပြချက်အရ ဆီးလမ်းကြောင်းကို ကောင်းမွန်စေကာ ဆီးကျောက်တည်ခြင်းရောဂါမှ ကင်းဝေး စေပြီး  ခန္ဓာကိုယ်တွင်းရှိ အဆိပ်တောက်များကို ပျက်ပြယ်စေကာ သွေးများစီးဆင်းမှုကောင်း၍ ကျန်းမာရေးအတွက် အလွန်ပင်အကျိုးများကြောင်း သိရှိရသည်။ ခန္ဓာကိုယ်တွင်းရောင်ရမ်း ဖောသွပ်ခြင်းများအတွက်လည်း မိမိတို့ ကြိုက်နှစ်သက်ရာပုံစံဖြင့် အသုပ်သုပ်စား၊ ဟင်းချိုသောက်၊ အရွက်ကြိတ်၍သော်လည်းကောင်း သုံးစွဲနိုင်ကာ ခံစားရသော ဝေဒနာများကို သက်သာစေနိုင်ပြီး အလှအပရေးရာကဏ္ဍအနေဖြင့် သိရှိရသည်မှာ မြင်းခွာရွက်တွင် Collagen ပါဝင်မှုများသည့်အတွက် အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး အရွယ်တင်နိုပျိုစေကြောင်း သိရသည်။

          ယခင်က ကျွန်ုပ်အနေဖြင့် နိုင်ငံခြားမှ မှာယူရသော နိုင်ငံခြားဆေး၊ အလှကုန်နှင့် အစားအသောက်များကို အလေးထား အကောင်းထင်ခဲ့ဖူးသည်။ အမှန်စင်စစ်အားဖြင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏သဘာဝနွယ်မြစ်သစ်ပင်များနှင့် ဖော်စပ်ထုတ်လုပ်ထားသောတိုင်းရင်းဆေးများမှာလည်း အဆင့်အတန်းမနိမ့်လှပေ။ မိမိတို့ အနီးပတ်ဝန်းကျင်၌ အလေ့ကျပေါက်သော မြင်းခွာရွက်၏ တန်ဖိုးကို မသိသူများအဖို့ အလွန်ဝမ်းနည်းစရာကောင်းလှသည်။ ကျန်းမာရေးရှုထောင့် အနေဖြင့်လည်း မြင်းခွာရွက်သည် ချမ်းသာသော ကျန်းမာခြင်းကို ရရှိစေသကဲ့သို့ အစားအသောက် အဖြစ်သုံးစွဲရာမှာလည်း အရသာရှိသော အစားအစာတစ်ခုအဖြစ် မှတ်ယူရပါမည်။  မြင်းခွာရွက်ပင်ကို စိုက်ခင်းများအနေဖြင့် စိုက်ပျိုးကာ အလှကုန်၊ အစားအသောက်၊ ဆေးဝါးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် စိုက်ပျိုးထုတ်လုပ်သုံးစွဲပါလျှင် အကျိုးများမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ထန်းတောရပ်နေ ပြည်သူများသို့ စားအုန်းဆီများ ဈေးကားဖြင့်ရောင်းချပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ချောင်းဦးမြို့နယ် တာဝန်ခံတို့သည် (၂၂..၂၀၂၂) ရက်နေ့  ရက် နံနက် ၁၁ နာရီတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ ပြည်သူများသို့ “ရွှေပြည်မိုး” ဆီရောင်းဝယ်ရေးမှ စားအုန်းဆီ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးမှုကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်ရေး ရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း ၊ စနစ်တကျတန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပန်းတောင်းမြို့နယ်တွင် ဆောင်းနေကြာများစတင်စိုက်ပျိုး

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဆောင်းနေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ပန်းတောင်းမြို့နယ် မကျီးထုံးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၂၇)တွင် ဆောင်းနေကြာ (၃)ဧက စိုက်ပျိုးထားရှိသလို ကွေ့မ၊ ဆင်လူး၊ ဆိတ်တဲကျေးရွာတို့တွင် ဧက(၂၀)ကျော်စိုက်ပျိုးပြီးဖြစ်၍ ယခုနှစ်တွင် မကျီးထုံး ကျေးရွာ အုပ်စုအနေဖြင့် (၈၅)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်းနေကြာ တစ်ဧက စိုက်ပျိုးလျှင် နေကြာမျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း သိရပါသည်။ ဆောင်းနေကြာကို စက်တင်ဘာ လနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသလို မိုးစပါးအပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာ တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ယခင်နှစ်တွင် နေကြာမျိုးစေ့တစ်ပြည်ကို (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးကြပြီး ယခုနှစ်တွင် မျိုးစေ့တစ်ပြည်ကို (၂၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူ၍ စိုက်ပျိုးရသဖြင့် ယခင်နှစ်ထက်စာလျှင် မျိုးစေ့ဈေးနှုန်းများမြင့်တက်လာကြောင်း သိရပါသည်။ ယခုနှစ်တွင် ဆောင်းနေကြာ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ သွင်းအားစုများ ပါဝင်ခြင်း မရှိသေးသော်လည်း ကျပ်(၂)သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်းသိရပါသည်။ ယခင်နှစ်တွင် နေကြာ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၆၀၀၀၀)ကျပ်ခန့် ရှိခဲ့သဖြင့် ယခုနှစ်တွင် စိုက်ပျိုး စရိတ်၊ သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာသဖြင့် တစ်ဧကကုန်ကျစရိတ်များ မြင့်တက်လာ နိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။

      နေကြာသီးနှံသည် တောင်သူများအတွက် အကျိုးအမြတ်ရရှိသည့် သီးနှံဖြစ်သည့်အပြင် ပြည်တွင်းစားသုံးဆီဖူလှုံရန်အတွက်လည်း ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း၊ တစ်ဧကထုတ်လုပ်မှုတွင် အကျိုးအမြတ်ရရှိရေးနှင့် တစ်တင်းထုတ်လုပ်မှု့စရိတ်လျော့ချနိုင်ရေးအတွက် အထွက်နှုန်း ကောင်း မွန်သည့် နေကြာမျိုးများနှင့် နည်းစနစ်မှန်ကန်စွာဖြင့်စိုက်ပျိုးနိုင်ပါက ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းမည် ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

ပေါင်းတည်မြို့ရှိ ကြက်သွန်ဖြူဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စာဖိုချောင်သုံးသီးနှံဖြစ်သော ကြက်သွန်ဖြူကို ဒေသတွင်းလက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ် ပုံမှန်ဖြစ် လျှက်ရှိပါသည်။ ကြက်သွန်ဖြူကို ပြည်မြို့ရှိ ပွဲရုံများမှတစ်ဆင့် ဝယ်ယူ၍ ပေါင်းတည်မြို့နယ် အတွင်းရှိ ဈေးများ ကုန်စုံဆိုင်များနှင့် ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရပါသည်။ ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ရှမ်းမွှာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ရှမ်းစ(အလတ်)တစ်ပိဿာလျှင် ၄၇၀၀ကျပ်နှင့် ရှမ်းစ(အချော) တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ပေါင်းတည်မြို့ရှိ ဈေးကွက်များတွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့ရှိ အာလူးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဈေးကွက်များတွင် အာလူးများကို ပြည်ခရိုင်၊ ပြည်မြို့ရှိ အာလူးပွဲရုံများမှတစ်ဆင့် ဝယ်ယူ၍ ပြန်လည်ရောင်းချလျှက် ရှိပါသည်။ အာလူးဈေးများမှာ အတက်အကျမရှိဘဲ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒေသတွင်းစားသုံးသူများနှင့် ကျေးလက်ဒေသများရှိ စားသုံးသူများက စားဖိုချောင်သုံး သီးနှံ တစ်မျိုးဖြစ်သော အာလူးကိုဝယ်ယူ၍ စားသုံးကြသဖြင့် ပေါင်းတည်မြို့ဈေးကွက်တွင် ပုံမှန်အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ အာလူးဈေးများမှာ ယခုတစ်ပတ်တွင် အကြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၂၂၀၀)ကျပ်နှင့် အသေးတစ်ပိဿာလျှင် (၁၈၀၀)ကျပ် နှုန်းဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် သခွားသီးစိုက်ပျိုးသူတောင်သူနှင့် တွေ့ဆုံ၍ ကွင်းဆင်းလေ့လာ

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံနှင့် အဖွဲ့သည် (၂၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝက်ပုတ်ကျေးရွာ သို့သွားရောက်၍ သခွားစိုက်ပျိုးသူတောင်သူနှင့်တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ပေါင်းတည်မြို့နယ်ရှိ၊ ဝက်ပုတ်ကျေးရွာ၌ သခွားစိုက်ပျိုးရာတွင် သခွား(၃)မျိုးရှိပြီး မိုးသခွား၊ ဆောင်းသခွားနှင့် စပ်မျိုးများဟူ၍ ရှိပါသည်။ သခွားကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး မိုးရာသီ ဖြစ်သော မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးသလို ‌ဆောင်းရာသီဖြစ်သော အောက်တိုဘာလ တွင် စိုက်ပျိုးကြပါသည်။ သခွားတစ်ဧကလျှင် သခွားပင် (၉၀၀၀)ကျော်ထိ စိုက်ပျိုးနိုင်ပါသည်။ သခွားတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ကျပ် (၂)သိန်းခန့်ကုန်ကျ၍ တစ်ဧက စိုက်ပျိုးလျှင် ရေမြေရာသီဥတုပေါ်မူတည်၍ သခွားသီး အလုံးရေ (၂)ထောင်ကျော်ထွက်ရှိသည်ဟု သိရပါသည်။ သခွားသီးကို စိုက်ပျိုးပြီးချိန်မှစ၍ စတင်ခူးဆွတ်ချိန်အထိ (၁)လခွဲမှ (၂)လအထိ ကြာသည်ဟု သိရှိရပါသည်။ သခွားသီးခူးဆွတ်ချိန်ရောက်လျှင် ဝက်ပုတ်ကုန်စည်ဒိုင်မှ သခွားခြံထဲ အထိ လာရောက်၍ ဝယ်ယူကြပါသည်။ သခွားသီးပေါ်ခါစတွင် တစ်လုံးလျှင် (၇၀)ကျပ် အထိ ရောင်းချရပါသည်။ သခွားသီးအထွက်လှိုင်လာချိန်တွင် ဈေးအတက်အကျပေါ်မူ တည်၍ ရောင်းချရသည်ဟု သိရပါသည်။ ဝက်ပုတ်ကုန်စည်ဒိုင်မှတစ်ဆင့် နယ်များသို့တင်ပို့သလို ရန်ကုန်မြို့ ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့သည်ဟု သိရပါသည်။ သခွားသီး ထွက်ရှိချိန်တစ်ရာသီတွင် သခွားစိုက်ပျိုးသူ၏ အကျိုးအမြတ်မှာ တစ်ဧကလျှင် (၂)သိန်းကျပ်ခန့် ကုန်ကျပြီး စိုက်ပျိုးပြီး တစ်လခွဲအကြာတွင် (၁)သိန်းဝန်းကျင်ခန့် ပြန်လည်ရရှိ၍ ကုန်ကျစရိတ်နှုတ်လျှင် တစ်ဧကလျှင် (၃)သိန်းကျပ်ခန့် အကျိုးအမြတ်ရရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)

ပျူမြို့ဟောင်း မှော်ဇာဒေသထွက်သခွားသီး

     ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာအုပ်စုတွင် စပါး၊ ပဲ၊ ပြောင်းတို့ကို အဓိက ထား၍စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးကိုလည်းစိုက်ပျိုးကြပါသည်။ သခွား သီးကို ဆောင်သခွားနှင့် မိုးသခွားဟူ၍ နှစ်မျိုးကို သူ့ရာသီနှင့်သူစိုက်ပျိုးကြပါသည်။ သခွားသီးသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း၊ နုံးမြေ၊ သဲနုံးမြေ၊ နုံးစနယ်မြေများတွင် ပိုမိုဖြစ် ထွန်းပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြသလို ဆောင်းသခွားကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါ သည်။ သခွားသီးတစ်ဧကစိုက်ပျိုးလျှင် အပင်(၆၀၀၀)ကျော် အထိစိုက်ပျိုးနိုင်ပြီး ရေမြေ ရာသီဥတု ပေါ်မူတည်၍ တစ်ဧကလျှင် သခွားသီး အလုံးရေ(၂)ထောင်ကျော် ထွက်ရှိသည်ဟု သိရပါသည်။ သခွားသီးကိုစိုက်ပျိုးပြီး (၁)လခွဲမှ (၂)လအကြာတွင် အသီးများစတင်ခူးဆွတ်ရပါသည်။

   သခွားသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် ပေါ်ခါစတွင် (၇၀)ကျပ် အထိရောင်းချရပြီး သခွားသီးအထွက်လှိုင်လာချိန်တွင် ဈေးအတက်အကျပေါ်မူတည်၍ အလုံးအကြီး အသေး ပေါ်မူတည်ပြီး ရောင်းချရကြောင်းသိရပါသည်။ မှော်ဇာဒေသမှထွက်ရှိသော သခွားသီးများကို ပြည်ဒေသတွင်း ဈေးကွက်များသို့ တင်ပို့ရောင်းချသလို ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း