Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ဆန်ဆိုင်များတွင်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်မြို့နယ်မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ကျိုက်လတ်မြို့ ဆန်ဆိုင်များတွင် ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း  ရှိ/ မရှိ စစ်ဆေးခြင်း၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ ဆန်များသိုလှောင်ထားမှုရှိ/ မရှိတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် (Online Shop) မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

     ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်ကြီးများ၊ Mini Mart ပိုင်ရှင်များအား (Online Shop) မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ ကို ၁၃၈၅ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အခန်း(၈) ခန်းပါရှိကြောင်း၊ အဆိုပါအမိန့်ကို အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ဟုခေါ်တွင်ကြောင်း၊ ထိုအခန်းများပါအကြောင်းအရာများကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပါသည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဦးစီးဌာနကသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ (online) စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာကို တင်ပြနိုင်ရမည်ဖြစ်ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိထား ပါက စားသုံးသူ၏တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိပြီး၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုရောင်းချရာတွင် သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့်ရှိခြင်း စသည့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အားသာချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် အချိုရည်အမျိူးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၂၂-၈-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စံချိန်/စံညွှန်းများနှင့်ကိုက်ညီသော အချိုရည်များကိုသာရောင်းချရန်၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုအသိပညာပေးပြောကြားခဲ့ပြီး ကုန်မျိုးစုံဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

နတ်တလင်းခရိုင် ဇီးကုန်းမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၈.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဇီးကုန်းမြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်  ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူများ မြင်သာသောနေရာတွင် မြင်သာသည့်စာလုံးအရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ် အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း မင်းဘူးခရိုင်၏ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်တို့ကို မှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များရောင်းချမှု ရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း အသိပညာပေးခြင်း (၉)ကြိမ်၊ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၁၄)ကြိမ်နှင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း(၉)ကြိမ် ဆောင်ရွက်ခဲ့ပြီး ဆေးဆိုင်၊ စားသုံးဆီဆိုင်နှင့် စက်သုံးဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လတ်မှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ အထူးဈေးကွက်စောင့်ကြည့်ခြင်း (၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

နတ်တလင်းမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသော ကုန်စုံဆိုင်များအားကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ နတ်တလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၂၆.၈.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသောကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် မြင်သာသည့်စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်တို့ကို အသိပညာပေးပြောကြားခဲ့၍ စနစ်တကျရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ် စက်သုံးဆီရောင်းချနေသော စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

   ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီရောင်းချနေသော စက်သုံးဆီဆိုင်(၅)ဆိုင်အား စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီးရောင်းချမှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှု ရှိ/ မရှိနှင့် စက်သုံးဆီအမျိုးမျိုးတို့အား  နတ်တလင်းမြို့နယ်တာဝန်ခံရုံး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆.၈.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါ စည်သူစက်သုံးဆီဆိုင်၊ လပ်ကီးဇုန်စက်သုံးဆီဆိုင်၊ ယွန်းယွန်းစက်သုံးဆီဆိုင်၊ အောင်ရတနာစက်သုံးဆီဆိုင်၊ 2000စက်သုံးဆီဆိုင် အရောင်းဆိုင်များမှ ရောင်းချနေသောစက်သုံး ဆီများ ပြတ်လပ်မှုရှိ/ မရှိနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး ရောင်းချမှုရှိ/ မရှိနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးရေးနှင့် အချိန်အတွယ်မှန်ကန်စေရေးတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ‌၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၆.၈.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကြို့ပင်ကောက်မြို့အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသောဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းများ မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူများ မြင်သာသောနေရာများတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါး အွန်လိုင်း(Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားအုန်းဆီအရောင်းကိုယ်စားလှယ်များ၊ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

    ၂၉.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “စားအုန်းဆီအရောင်းကိုယ်စားလှယ်များ၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း(၇၃)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

  အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် စားအုန်းဆီဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ပြည်သူများလက်ဝယ်သို့ ဖြန့်ဖြူးရာတွင် အပတ်စဉ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ဖြန့်ဖြူးပေးရန်၊ မြို့နယ်အလိုက် လူဦးရေနှင့်အညီ အချိုးကျခွဲဝေပေးရန်၊ လက်လီ/လက်ကားများမှ မြို့နယ်အလိုက် အဆင့်ဆင့်ပြန့်ပြန့်နှံ့နှံ့ ပြည့်ပြည့်ဝဝဖြစ်အောင်ဖြန့်ဖြူးပေးရန်၊ စားအုန်းဆီများသိုလှောင်ထားရှိခြင်း၊ အကန့်အသတ် ဖြင့်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ခြင်း မရှိစေရေး ဆွေးနွေးခဲ့ပါသည်။

  ထို့နောက် ဆီအရောင်းကိုယ်စားလှယ်နှင့် လက်လီ/လက်ကားကုန်သည်များမှ တစ်ဦးချင်းအလိုက် ပြန်လည်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးအား နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   (၂၈.၈.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၃:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီ(၁)ခုဖြစ်သော THE IDOL BEAUTY CO.,LTD တို့၏ ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ