
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည်(၂-၉-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့်အတူ ဆန်စက် ၅စက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်ကျော်သက် အကြီးတန်းစာရေးက နေနတ်သား၊ မြသိန်းတန်၊ ရွှေရောင်းခင်း ဆန်စက်လုပ်ငန်းရှင်များကို Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ခြင်း၊ ဆန်စက်မှ စပါးကြိတ်ခွဲမှု အခြေအနေများကို စစ်ဆေးခြင်း၊ ဆန်လက်ကျန်၊ စပါးလက်ကျန်အခြေအနေများကို ကြည်ရှု့စစ်ဆေးခြင်း ဆန်၊ဆန်ကွဲတင်ပို့မှုကို မေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)