Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Terminal M (Ocean)ရှိ ဆန်အရောင်းကောင်တာသို့ ကွင်းဆင်းစစ်ဆေးခြင်း

   (၁၄.၇.၂၀၂၅)ရက်နေ့၊နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၁၉၆)၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal M (Ocean)သို့ သွားရောက်၍ ဆန်ရောင်းချနေမှုအား ကွင်းဆင်းအသိ ပညာပေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် Ocean ဆန်ကောင်တာရှိ ရောင်းချနေသော ဆန်များ သည် Ayeyar (ပေါ်ဆန်း) 2 Kg၊ ရက် (၉၀) 2 Kg၊ City Selection (ဧရာဝတီပေါ်ဆန်း) 12 Kg၊ မြ (ပေါ်ဆန်း) 12 Kg၊ စားတော်ကဲကြီး(ရွှေဘိုပေါ်ဆန်း) 5 Kg၊ သန့်(ပေါ်ဆန်းမွှေး) 12 Kg၊ သန့် (ရွှေဘိုပေါ်ဆန်း) 2 Kg၊ Nursery(ရှမ်းဆန်) 2 Kg  စသည့်ဆန်များကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း မပြုရန် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့်ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးနှင့် ဝန်ထမ်း များသည် (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၁၅)နာရီအချိန်တွင် အမှတ်(၄၂/အေ)၊ ၂၅၀/၂၅၁၊ အမှတ် (၄)လမ်းမကြီး၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ် City Mart ရှိ ဆန်အရောင်းကောင်တာအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးသူရေးရာဉီးစီးဌာနမှ လစဉ်သတ်မှတ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ Ocean Super Center များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် လှိုင်သာယာမြို့နယ်ရှိ Ocean Super Center များတွင် ရောင်းချနေသော ဆန်အရောင်းကောင်တာများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ ဇုန်(၂) လှိုင်သာယာမြို့နယ်ရှိ Ocean Super Center ဆန်အရောင်းကောင်တာတွင် ရောင်းချနေသော ဆန် အမျိုးအစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဉီးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ် City Mart တွင် လစဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးများ အတိုင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၂/က)၊ (၈)ရပ် ကွက်၊ ကျန်စစ်မင်းအိမ်ရာ City Mart ရှိ ဆန်အရောင်းကောင်တာများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် City Mart တာဝန်ခံ ဒေါ်မျိုးမျိုးမြင့်အောင်နှင့် တွေ့ဆုံကာ ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ Kg ဈေးနှုန်း၊ စားသုံးသူရေးရာဉီးစီးဌာနမှ လစဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပြီး ဈေးကစားရန်အလို့ငှာ သိုလှောင်ထားခြင်း မပြုရန် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ ဆန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီး တို့သည် (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ သွားရောက်၍ ဆန်ရောင်းချ နေမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် City Mart(ဖော့ကန်)ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ဆန်ဈေးနှုန်း များကြီးမြင့်မှုမရှိစေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများ စားသုံးသူရေးရာဉီး စီးဌာနမှ ထုတ်ပြန်လျက်ရှိရာ စားသုံးသူပြည်သူများသို့ သင့်တင့်မျှတသော နှုန်းထားများအတိုင်း ဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန် ဆန်လက်လီ/လက်ကားအရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန်ထားသည့် သင့်တင့်မျှတ သော ဈေးနှုန်းဈေးကွက်(Reasonable Market Price)များအတိုင်း ရောင်းချစေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၁) ရက်နေ့၊နေ့လယ်  (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကျောက်တံတား မြို့နယ်၊ အမှတ်(၁၄၄)၊ မြေညီထပ်ရှိ Best Choice Online Shop လုပ်ငန်းသို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆေးရေး အရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်

DOCA (ရန်ကုန်)

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ Online ကွင်းဆင်းစစ်ဆေးခြင်း

     လမ်းမတော်မြို့နယ်၊ အမှတ်(၂၉)၊ (၆) လွှာတွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ဂတ်ဂျက်ဖက်ထရီ လျှပ်စစ်ပစ္စည်းဆိုင်သို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့ သည် (၁၁.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

         ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၁.၇.၂၀၂၅ ရက်နေ့ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်း၊ သိန်းဦးနှင့် ဘုရင့်နောင်ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များတွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင် များအား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ