Main menu

KING'S FOOD GLOBAL LTD၏ကြာဇံအမျိုးထုတ်လုပ်သည့်စက်ရုံသိုကွင်းဆင်းစိစစ်ဆောင်ရွက်

Powered by Drupal

ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မေလ ၂၉ရက် ၂၀၂၅ခုနှစ် ရက်နေ့တွင် KING'S FOOD GLOBAL LTD၏ကြာဇံအမျိုးထုတ်လုပ်သည့် စက်ရုံ ညောင်တုန်းမြိုနယ် တဇင်ရေကျော်ကျေးရွာ သိုကွင်း ဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်လွင် ဦးစီးအရာရှိက စက်ရုံတာဝန်ရှိသူနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှု များကို ကြည့်ရှု စစ်ဆေးမေးမြန်းခဲ့ပြီး ကြာဇံထုတ်စက်ရုံသည် ၂၀၁၉ခုနှစ်တည်း ကစတင်လုပ်ကိုင်ခဲ့ကြောင်း ၊စက်ရုံအကျယ်အဝန်း (၇.၃၀)ဧကရှိပြီးဝန်ထမ်းဦးရေ ၃၅၀ဦး ရှိကြောင်းသိရသည်။ ကုန်ကြမ်းထုတ်လုပ်ရာတွင် ဆန်နှင့် ဆန်ကွဲကို အသုံးပြုထုတ်လုပ်ပြီးဒေသတွင်ထွက်ရှိသော ဆန်များကို ဝယ်ယူ၍ ထုတ်လုပ်ကြောင်း သိရသည်။ စက်စွမ်းအားအပြည့် ထုတ်လုပ်ပါက တစ်နှစ်လျှင် ကြာဇံ (၄၁၀၀)တန် ထုတ်လုပ်နိုင်ကြောင်း၊ သုံးစွဲမှု ကုန်ကြမ်း တစ်နှစ်စာ တန်ချိန် (၄၄၀၀)တန် ကုန်ကျနိုင်၍ ကုန်ကြမ်းလိုအပ်ချက်ရှိကြောင်း၊ စက်ရုံမှ ကုန်ကြမ်း၊ ကုန်ချောသိုလှောင်နိုင်မှု ပမာဏ တန်(၈၀၀၀)ဆန်ကြောင်းသိရသည်။

            ထုတ်လုပ်မှုအနေဖြင့် ဆန်ကြာဇံအမျိုးမျိုးနှင့် ဆန်မှုန့်ကဲ့သို့ ဆန်ထွက်ပစ္စည်းအမျိုးမျိုး တစ်ရက် ၂၄ နာရီထုတ်လုပ်ပါက (၁၃-၁၅)တန် ထုတ်လုပ်နိုင်ကြောင်း၊ ရာသီဥတုနှင့်လုပ်သားအခြေအနေအရ ဆိုလျှင် (၁၀-၁၃)တန်ခန့် နေ့စဉ် ထုတ်လုပ်နိုင်ကြောင်း၊ ယခုစက်ရုံမှ ထုတ်ကုန်များကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလတွင် စတင်၍ ဆောင်ရွက်ပြီး ၂လအတွင်း မလေးရှား၊ အီတလီ၊ စပိန်၊ အမေရိကန်နှင့် ယူကေ နိုင်ငံများသို့ တင်ပို့ခဲ့ပြီး ရောင်းဈေးနှုန်း ၁တန်အနေဖြင့် ပျမ်းမျှ USD (၇၁၆၀)နှုန်းဖြင့် တန်ချိန် (၂၄၀) တင်ပို့နိုင်ခဲ့ပြီး ၂၀၁၅-၂၀၂၆ ဘဏ္ဍာနှစ်  ဧပြီ-မေလအတွင်း  တန်ချိန် (၅၆၀) တင်ပို့နိုင်ခဲ့ပြီး စက်ရုံစတင်တည်ထောင်ချိန်မှ လက်ရှိအချိန်ထိ စက်ရုံကုန်ကျရင်းနှီးမြူပ်နှံမှုမှာ (4.2) Millons (USD) ကုန်ပျခဲ့ကြောင်း စက်ရုံတာဝန်ရှိသူထံမှသိရသည်။

DOCA(ဧရာဝတီ)