Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ဥက္ကလာပမြို့နယ် နန္ဒဝင်ဈေး အတွင်းရှိ အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေး အရာရှိ) နှင့်ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) (၂)ဦးသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီဈေးများဌာနတို့နှင့်ပူးပေါင်း၍ ၁.၉.၂၀၂၅ ရက်နေ့ ၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ် နန္ဒဝင်ဈေးအတွင်းရှိ အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများက  အလှကုန်ပစ္စည်းများ တွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအားစီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ် ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းအသိ ပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအတွင်းရှိ အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁-၉-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဈေးများဌာနတို့နှင့် ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအတွင်းရှိ အလှကုန်ပစ္စည်းများအား သွားရောက်၍ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသာ တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုး ကျိုး(သို့)ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော် ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒေါပုံမြို့နယ်၊ Capital Hyper Market ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital Hyper Market သို့ (၂၉-၈-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး)က ကုန်ပစ္စည်း များနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်း ရှိ/မရှိ၊ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Myanmar Uni LINK အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

     ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန် ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည်(၁.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်ခန့်တွင် အမှတ်(A 03 - 04)၊ Golden City  Business  Center Yankin TSP၊ ရန်ကင်းမြို့နယ်တွင်ဖွင့်လှစ်ထားသော Myanmar Uni LINK အင်တာနက်ဝန် ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက် များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက် အပေါ် အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အားမခံချက်ပေးရသည့်လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့်အချက်(၅)ချက် အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ဗိုလ်တထောင်မြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဗိုလ်တထောင် မြို့နယ်၊ ကုန်သည်လမ်းရှိ ဂမုန်းပွင့် ကုန်တိုက်သို့ (၂၉-၈-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင်သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ယိုးဒယားနိုင်ငံမှတင်သွင်းသည့်ကုန်ပစ္စည်း များနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်း ရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်ဆင်းစစ်ဆေး

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ဆန်လိုအပ်မှုအတွက် မြိတ်ခရိုင်ဆန်ကုန်သည် နှင့်ဆန်လုပ်ငန်းရှင်များအသင်းသည် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များမှာယူလျက်ရှိပြီး (၉.၈.၂၀၂၅) ရက်နေ့တွင် အမ်ဗွီစန္ဒီ(၁)ရေယာဉ်ဖြင့် ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀)သည် မြိတ်မြို့သို့ တွင် သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဆန်အိတ်သယ်ဆောင်လာသောရေယာဉ်သည် (၂၂.၈.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

                           MyROတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံသက်တမ်းတိုးခြင်း လုပ်ငန်းများဆောင်ရွက်ပေး  

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှု အခြေအနေများနှင့် နိုင်ငံအနှံ့ရှိ ဆန်စပါးသိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online-My RO)အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိပြီး သိုလှောင်ရုံမှတ်ပုံ တင်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ဆန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် ပိုင်ဆိုင်သော ဆန်စပါးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား သိုလှောင်ရုံမှတ်ပုံတင် လက်မှတ်‌လျှောက်ထားနိုင်ရေး ပဲခူတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ဆောင်ရွက်ပေးလျက်ရှိရာ သက်တမ်းကုန် ဆုံးသွားသည့် လက်မှတ်များအား (My RO) တွင် သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မှတ်ပုံတင်ရန် ကျန်ရှိနေသော ဆန်စပါး လုပ်ငန်းရှင်များအား ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်လျှောက်ထားနိုင်ရေး ရှင်းလင်းပြောကြား ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

မြိတ်မြို့သို့ စားအုန်းဆီပေပါများရောက်ရှိလာ

       မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် မြိတ်ခရိုင်အတွက်လိုအပ်သောဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၁၅.၈.၂၀၂၅)ရက်နေ့တွင် ဝယ်ယူ၍ မော်တော်ယာဉ်အမှတ် 6C-5057 ဖြင့် စားအုန်းဆီ ပေပါ (၇၂) တင်ဆောင်ပြီး ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ရောက်ရှိလာသောစားအုန်းဆီများကို ဆီအရောင်းကိုယ်စားလှယ်မှ ၂ ရာခိုင်နှုန်း အမြတ်ဖြင့် လက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

ကော့သောင်းမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော့သောင်မြို့၊ အေးရိပ်ငြိမ်းရပ်ကွက်တွင် သောက်ရေသန့်ထုတ်လုပ်နေသည့် လုပ်ငန်းအား သက်ဆိုင်ရဌာနများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မိမိတို့ထုတ်လုပ်သော သောက်ရေသန့်လုပ်ငန်းများ၌ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြည့်စုံ စွာပါရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုက်ညီမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်မည့်အကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက် ၉:၀၀ နာရီ အချိန်တွင် ကော့သောင်းခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ‌ရေးအဖွဲ့တို့နှင့် အတူပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်း ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းရာတွင် ကော့သောင်းမြို့ဘိလပ်မြေစျေးနှုန်း စျေးကွက်အခြေအနေများ သင့်တင့်မျှတသော စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ယခင်လ စျေးနှုန်းနှင့် ယခုလစျေးနှုန်းအခြေအနေ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဘိလပ်မြေများပြတ် မှုရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း ရှိ/မရှိတို့အား မြေပြင် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ