Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၂၀.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀) အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၉.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင်မော်ကျွန်းမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့ပေါ်ရှိ ကုန်မျိုးစုံ ဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်း ဆိုင်းဘုတ်ချိတ်ဆွဲ၍ရောင်းချခြင်းရှိ/မရှိ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် တာဝန်ခံဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၉.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် မြောင်းမြမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြောင်းမြမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်း ဆိုင်းဘုတ်ချိတ်ဆွဲ၍ရောင်းချခြင်းရှိ/မရှိ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၉.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင်မော်ကျွန်းမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့ပေါ်ရှိ ကုန်မျိုးစုံ ဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်း ဆိုင်းဘုတ်ချိတ်ဆွဲ၍ရောင်းချခြင်းရှိ/မရှိ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိ ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၉.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ဝါးခယ်မမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မပေါ်ရှိ ကုန်မျိုးစုံ ဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်း ဆိုင်းဘုတ်ချိတ်ဆွဲ၍ရောင်းချခြင်းရှိ/မရှိ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၉.၈.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် အိမ်မဲမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်မဲမြို့ပေါ်ရှိ ကုန်မျိုးစုံ ဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်း ဆိုင်းဘုတ်ချိတ်ဆွဲ၍ရောင်းချခြင်းရှိ/မရှိ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 (DOCA  ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၁၉.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် လပွတ္တာမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံ ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့ပေါ်ရှိ ကုန်မျိုးစုံ ဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ ဈေးနှုန်း ဆိုင်းဘုတ်ချိတ်ဆွဲ၍ရောင်းချခြင်းရှိ/မရှိ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

ဆီစက်လုပ်ငန်းများသို့ ကွင်းဆင်း၍ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှုးနှင့်  ဝန်ထမ်းများ စက်မှု လက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်း လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ဆီစက်လုပ်ငန်းများသို့ လစဉ် ကွင်းဆင်းစစ်ဆေးတွေ့ဆုံဆွေးနွေးခြင်းကို ၁၉-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

          မအူပင်ခရီုင် ဒု-ခရိုင်ဦးစီးမှူး  ဦးအောင်ဇော်ဦးနှင့် ဒေါ် ခိုင်ခိုင်လင်း ဒု-ဦးစီးမှူး တို့သည် စာရေးကုန်း ၊ အမှတ်(၁)ရပ်ကွက်ရှိ “မြညွှန့်”ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်းသိရသည်။  ထိုသို့တွေ့ဆုံ ဆွေးနွေး ရာတွင် ဆီစက်လုပ်ငန်းရှင် လုပ်ငန်းခွင့်အဆင့်ဆင့်ကို ကြည်ရှုစစ်ဆေးခဲ့ပြီး၊ ဆီစက်လုပ်ငန်း လိုင်စင် စစ်ဆေးခြင်းကို စက်မှုကြီးကြပ်မှ စစ်ဆေးဆောင်ရွက်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဆီထုတ်လုပ်မှုကုန်စည်၏ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် ကိုက်ညီမှု ရှိစေရန်စစ်ဆေး ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့သည်။ ဆီစက်လုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်း ဖြစ်ကြောင်း၊  ဆီထွက်သီးနှံများကို အခြားဒေသမှ မှာယူကြိတ်ခွဲကြောင်း တာဝန်ခံက ဆီစက်မှ မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ ကြိတ်ခွဲကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

 

DOCA(ဧရာဝတီ)

စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ အမြန်ထုတ်ယူစေရေး ကြတ်မတ်ဆောင်ရွက်လျက်ရှိ

      စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး’ ကော်မတီအနေဖြင့် စက်မှုလုပ်ငန်းသုံးဆီ တင်သွင်းခွင့် ကုမ္ပဏီများမှ တင်သွင်းလာသည့် စက်မှုလုပ်ငန်းဆီများကို ဆီကန်အထိုင် ၁ပိဿာနှုန်းများ သတ်မှတ်ပေးလျက်ရှိပြီး စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့် စားအုန်းဆီများ ထုတ်ယူနိုင်ရေး ပေါင်းစပ်ညှိနှိုင်းရေးမအဖွဲ့က ကော်မတီမှ ရောင်းချခွင့်ပြုပြီးသော ခွဲတမ်းကျလျာထား သတ်မှတ်ပေးလျက်ရှိပြီး မအူပင်ခရိုင်မှ မြို့နယ်များရှိ လုပ်ငန်းရှင်များက လာရောက်ထုတ်ယူရန်အတွက် ကြန့်ကြာမှု မရှိစေရန် မြို့နယ်တာဝန်ရှိသူများကို မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်အသိပေးပြောကြားမှုကို Zoomဖြင့် စိစစ်ကြပ်မတ် မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

    မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက (၁၈-၈-၂၀၂၅) ရက်နေ့က မအူပင်၊ပန်းတနော်၊ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များအနေဖြင့် မိမိတို့ မြို့နယ်အလိုက် ခွဲဝေရရှိသော စက်မှုလုပ်ငန်းသုံးဆီများကို ခွင့်ပြုမိတ်ရရှိပြီး ၃ရက်အတွင်း အပြီးထုတ်ယူနိုင်ရေးကို သက်ဆိုင်ရာဆီထုတ်ကိုယ်စားလှယ်များသို့ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဆွေးနွေးအသိပညာပေး ရာတွင် မှာကြားထည့်သွင်းဆွေးနွေးရန်၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်တို့အား မှာကြားအသိပေးပြောကြားသွားရန်တို့ကို မြို့နယ်တာရှိသူများကို ပြောကြားဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၅ ခုနှစ် မှတ်ပုံတင် ဆောင်ရွက်ထားမှု မရှိသော တိုင်းရင်းဆေးများအား အများပြည်သူ သိရှိစေရန် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ကြေငြာ

    ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးများကို ဝယ်ယူအသုံးပြုခြင်းမပြုရန်နှင့် တိုင်းရင်းဆေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဈေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် အသိပေးကြေငြာလျက်ရှိပါသည်။

    တိုင်းရင်းဆေးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ (၂၆)မျိုးအား အများပြည်သူစုံးစွဲရန်မသင့်ကြောင်း ကြေငြာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်းကို အများပြည်သူများ သိရှိနိုင်ရန် အသိပေးထပ်ဆင့်ကြေညာအပ်ပါသည်။ ထုတ်လုပ်သူလုပ်ငန်းရှင် မည်သူမဆို သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ