Main menu

“ ခရမ်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်း ချသော ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုမရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့ဖြင့်  အောက်တိုဘာလ(၈)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းဆိုင်များအား စစ်ဆေးခဲ့ရာတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိဘဲ ကုမ္ပဏီများမှပစ္စည်းများ ပုံမှန်ဝင် ရောက်လျှက်ရှိပြီး သွပ်ပြားနှင့်သံချောင်းဈေးနှုန်းများမှာလည်း ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ဈေး တည်ငြိမ်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ယခုအချိန်သည် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ် ၍ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများရှိလာမည်ဖြစ်ခြင်းကြောင့် အိမ်ဆောက်ပစ္စည်း များအား ကုန်ပစ္စည်းများသိုလှောင်သိမ်းဆည်း၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြ ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)