Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသင့်စား ခေါက်ဆွဲထုပ်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ ဘိုကလေးဈေး စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၂.၇.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များရှိ  အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကုန်အညွှန်းအမှတ်အသား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အမြတ်တနိုးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၁.၈.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင်  အမြတ်တနိုး အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

   ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

City Mart (ဖော့ကန်)သို့ ဆန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး၊ အကြီးတန်းစာရေး သည် (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ သွားရောက်၍ ဆန်ရောင်းချနေမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူးမှ City Mart(ဖော့ကန်)ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိရာ စားသုံးသူ ပြည်သူများသို့ သင့်တင့်မျှတ သောနှုန်းထားများအတိုင်း ဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများမပြုလုပ်ရန် ဆန်လက်လီ/လက်ကား အရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန် ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် (Reasonable Market Price)များအတိုင်း ရောင်းချ စေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်အတွင်းရှိ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

  (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် ဟိန်းဆန်ဆိုင်ပိုင်ရှင်ဖြစ်သူအား ရောင်းချနေသော ဆန်အမျိုး အစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြား ခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာ အခြေအနေများကို ကွင်းဆင်း စိစစ်ဆောင်ရွက်ခြင်း

    ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဒေါ်ခင်ခင်အေး (ဌာနခွဲစာရေး)၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး(ဦးစီးမှူး)၊ ဒေါ်ယုယုလွင်(ကြီး/ ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင် နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊   နံနက် (၁၀:၃၀)နာရီ အချိန်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်း များဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် ဆန်များမှာ ဧည့်မထ၊ ငစိန်၊  ဇီယာ၊  ပေါ်ကျွဲ၊ ပုသိမ်ပေါ်ဆန်း၊  ဖျာပုံပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းမွှေး တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာ အခြေအနေများကိုကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

   ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး ၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊ ဒေါ်ခင်ခင်အေး (ဌာနခွဲစာရေး)၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး (ဦးစီး မှူး)၊ ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အသား၊ ငါးများ၏ ဈေးနှုန်းများဈေးကွက်အတွင်း ဝင်ရောက်မှု အခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် အသား၊ ငါးများမှာ မွေးမြူရေးကြက်၊ မြန်မာကြက်၊ ဝက်သား၊ ဘဲသား၊ ဆိတ်သား၊ အမဲသား၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ‌ရေချို၊ မွေးမြူရေးငါးခူ၊ ပုဇွန်ထုပ်(ကြီး)၊ ပုဇွန်ထုပ်(လတ်)၊ ငါးရံ့၊ ငါးကျည်း၊  ပုဇွန်ခြောက် (ကြီး)၊ ပုဇွန်ခြောက်(လတ်)၊ ပုဇွန်ခြောက် (သေး)၊ ငါးရံ့ခြောက် ၊ ငါးကျည်းခြောက်၊ အာဗြဲခြောက် တို့ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

သထုံမြို့၊ သမိုင်းဝင်ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားကျင်းပ

    မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ရှိ ရှေးဟောင်းသမိုင်းဝင် ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်အသိ ပေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ၅.၈.၂၀၂၅ ရက်နေ့ နံနက်က အဆိုပါ ကန်တော်မင်္ဂလာရှေ့၊ ရွှေစာရံဘုရားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

  အခမ်းအနားတွင် ဦးစွာကန်တော်မင်္ဂလာပြုပြင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဓာတ်တော်ဆေးကန်တော်ကြီး သမိုင်းအကျဉ်းနှင့် မြို့၏ အထင်ကရအမွေ အနှစ်ကို ဝိုင်းဝန်းထိန်းသိမ်းကြရေး အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်က လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားသည်။

   ရွှေစာရံစေတီတော်မြတ်ကြီး၏ သမိုင်းမှတ်တမ်းအရ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော် ဗုဒ္ဓဘုရားရှင် သုဝဏ္ဏဘူမိ၊ သထုံပြည်သို့ ကြွလာစဉ် ရွှေစာရံစေတီ (မူလအမည်- စိရံဌာတု စေတီ)အား တည်ထားရန် သွားတော်ဓာတ်လေးဆူကို ပေးသနားခဲ့ရာ ဆေးကြောသန့်စင်ရန် ဤမင်္ဂလာကန်တော်ကြီးကို တူးဖေါ်ခဲ့ကြောင်း သိရှိရပြီး၊ ယခုအခါကန်တော်ကြီးမှာ ပျက်စီး ယိုယွင်းနေရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် မြို့မိမြို့ဖများ အလှူရှင်များစုပေါင်း၍ ကန်တော်မင်္ဂလာကြီး သာယာလှပရေး အဆင့်မြှင့်တင်ပြုပြင်ကြမည်ဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၇၀၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

မော်လမြိုင်နည်းပညာတက္ကသိုလ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း

  ၁.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်နည်းပညာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

  အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဧည့်မထ(ဆန်) (၆) ပြည်အိတ် တစ်အိတ်လျှင် (၁၇၅၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၆၇၆၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀) ကျပ်၊ အသား၊ ငါး၊ ငါးခြောက်များ၊ ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲဒါဘာကျင်းပ

   ၄.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၏ လပိတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများမှ Zoom ဖြင့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ပထမဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြေကိစ္စများကို ဂရုစိုက်ဆောင်ရွက်ရန်၊ ပြည်ပပို့ကုန်ဆိုင်ရာအချက်အလက်များကို ပြုစုထားရှိရန်၊ ဒေသ ထွက်ကုန်ဆိုင်ရာ အချက်အလက်များကို ပြုစုထားရှိရန်၊ သီးနှံ (၁၀) မျိုးတို့၏ စိုက်အောင်ထွက်နှင့် ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးသည့်အချက်အလက်များ ပြုစုထားရှိရန်၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍  ပြောကြားခဲ့ကြောင်း သိရ သည်။

  ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးက ယခုဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ပြောကြား ခဲ့ပြီး စီမံရေးရာဌာနခွဲတာဝန်ခံက (၇/၂၀၂၅) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဝန်ထမ်းတစ်ဦးချင်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) (၈/၂၀၂၅) ကို (၁၆:၀၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

  ၄..၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာရှိ THIDAR HTET OO Co,Ltd ၏ ကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော THIDAR HTET OO Co,Ltd ကုမ္ပဏီ တည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထား ခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ် ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ