Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

Powered by Drupal

  ၂၂-၁၀-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်း (၃) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင် (ဈေးများဌာန)တို့နှင့်ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ ဆန်ဆိုင်များနှင့် ကုန်စုံဆိုင်များသို့သွားရောက်ပြီး ဈေးကွက်အတွင်း ဆေးဝါးများပြတ်လပ်မှုရှိ/မရှိ နှင့် ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်)