Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ခရီးသွားဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ MOUလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့တက်ရောက်

     မြန်မာ့ခရီးသွားဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ ်ရေး လုပ်ငန်းရှင်များအသင်း၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

     ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့သည် မြန်မာ့ခရီးသွားဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ MOUလက်မှတ်ရေးထိုး နိုင်ခြင်းဖြစ်၍ တိုင်းဒေသကြီးအတွက် မင်္ဂလာရှိသည့်နေ့ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ MOUလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများသာမက ကျန်ကဏ္ဍနယ်ပယ်အသီးသီးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းမှုရှိပြီး ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ချောင်းသာ၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ စသည့်ကမ်းခြေများ၊ တန်ခိုးကြီးစေတီပုထိုးများ၊ အထင်ကရနေရာများလည်း များစွာရှိပါကြောင်း၊  ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီး ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ဧရာဝတီတိုင်း ဒေသကြီး၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေး ရန်ပုံငွေများပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် မြန်မာ့ခရီးသွား ဘဏ်ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မိတ်ဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်။

     ဆက်လက်၍  မြန်မာ့ခရီးသွားဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများက MOUလက်မှတ်ရေးထိုးကြကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

DOCA(ဧရာဝတီ)

တာမွေမြို့နယ်၊ One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ တာမွေမြို့နယ်၊ ဝေဇယ န္တာ One Stop  Mart သို့ (၆-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)ကကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြား ဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကို သာဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျိုက်လတ်မြို့ရှိ ကုန်စုံဆိုင်များတွင် ဘူးဆီများကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော ဘူးဆီများအား FDA ထောက်ခံချက် ပါဝင်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြပါ သည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးနှင့် မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိပြီး FDA ထောက်ခံချက် အမှတ်များပါဝင်မှုရှိသည်ကိုလည်း တွေ့ရှိရပါသည်။ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ မပါဝင်သော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

တောင်ဒဂုံမြို့နယ်၊(၅၅)ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၅း၀၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး တောင်ဒဂုံမြို့နယ်၊ (၅၅)ရပ်ကွက်ရှိ အိမ်ထောင်စု(၃)စုအား အိမ်ထောင်စုအလိုက် စားအုန်းဆီထုတ်ယူရရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ “ရွှေဒေါင်း” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ၊ ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ ဒေါ်ကျင်သန်းပိုင်“ရွှေဒေါင်း” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဆန်စက်ပိုင်ရှင်အသင်း၊ ဆန်/စပါး လုပ်ငန်းရှင်အသင်း၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပေါ်ဆန်းစပါးထားသိုမှု၊ လက်ကျန်အခြေအနေများကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြ ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်ပတ်နေ မှုအခြေအနေ၊ လုပ်သားအင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ၊ တွက်ခြေ ကိုက်မှု အခြေ အနေ၊ ဆန်/စပါး လက်ကျန် အခြေအနေနှင့် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေး ပြည့်မှီရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တောင်ဒဂုံမြို့နယ်၊(၂၁)ရပ်ကွက်အတွင်း စားအုန်းဆီရောင်းချမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခ ရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦး အောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီ ဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က တောင်ဒဂုံမြို့နယ်၊ (၂၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျိုက်လတ်မြို့နယ် Wilmar ပေါင်းဆန်စက်ရုံတွင် (MI TS) အဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်သည် စပါးအား အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ ဆန်/စပါး တင်ပို့ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် Wilmar ပေါင်းဆန်စက်ရုံသို့ ပို့ကုန်လိုင်စင် လျှောက်ထားရန်နှင့် ဆန်နှင့် ဆန်ထွက်ပစ္စည်း သိုလှောင်ထားရှိမှု အခြေအနေနှင့် ပိုင်ပုံလွှာ တင်စီစစ်ဆေးမှု အခြေအနေကို ကုန်သွယ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သိုလှောင်ရုံ တာဝန်ခံ (MI Ts) စစ်ဆေးရေးမှူး အဖွဲ့က စစ်ဆေးခဲ့ပါသည်။

   သိုလှောင်ရုံသည် FDI ကုမ္ပဏီ ဖြစ်ပြီး ကုမ္ပဏီပိုင် သိုလှောင်ရုံ အတွင်း၌ စစ်ဆေးခဲ့ပါကြောင်း စစ်ဆေးရာတွင် ပေါင်းဆန်ကုန်ချော (၅) မတ် ဆန် (၆၃.၅%) ၊ RC (၄၄၅) နှင့် (၇၀၀) တန်တို့ကို ပိုင်ပုံလွှာ ထပ်စီမှုတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ အ.မ.က ရေတံခွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

  (၅.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရေတံခွန်ကျောင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူ (၅၁၀) ဦးတို့အား မြို့နယ် ပြန်ဆက်၊ မြို့နယ်မီးသတ်အဖွဲ့များနှင့် အတူစားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ်ပြန်ဆက်မှ တာဝန်ခံသည် လူငယ်နှင့်စာရိတ္တ၊ လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ နယ်မြေမီးသတ်တာဝန်ခံ ဦးဝင်းနိုင်မှ မီးသတ်ဌာန၏ လုပ်ငန်းစဉ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၌ ဆန်စက်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း

  ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းကို(၃.၉.၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေကြည်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များက ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြု ချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်း၊ ရောင်းချခြင်းမပြုရန်၊ မီးကြွင်းမီးကျန်မီး ဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်၊ မီးကပ်များ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ပေါက်ပြဲနေသော လျှပ်စစ်ဝါယာကြိုး များ အသုံးမပြုရန်၊ မီးကြွင်းမီးကျန်ဂရုပြုရန်၊ အရေးပေါ်ဖုန်းနံပါတ်များမှတ်သားထားရန် မီးလောင်မှု ဖြစ်ပွားပါက အချိန်မီ မီးငြိမ်းသတ်နိုင်ရေးအတွက် ဆန်စက်လုပ်သားများအား လက်တွေ့မီးငြိမ်းသတ် ခြင်းများ သရုပ်ပြပြုလုပ်ပေးပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုး အရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး(ဦးစီးမှူး)ဦးစီး၍ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်း ၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုး အရောင်းဆိုင် များအား ထုတ်ကုံလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များဆောင်ရွက်ရာတွင် FDA ၏ ထောက်ခံ ချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများပါရှိပြီး တရားဝင်တင်သွင်းထားသော အသင့် သောက်ကော်ဖီနှင့် လက်ဖက်ရည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသော ကော်ဖီနှင့် လက်ဖက်ရည်များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ