Main menu

ချောင်းဆုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသော လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

     ၃၀.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ချောင်းဆုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသော လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဒုတာဝန်ခံ ဒေါ်စောကြည်က စားသုံးသူကာကွယ်ရေးဥပဒေပ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ဟောပြောဆွေးနွေးခဲ့ပြီး၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများအားလည်းကောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)