
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင် ၍ ညောင်ဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဦးတင့်နိုင်ဆန်ရောင်းဝယ်ရေး၊ ဆန်ဆိုင်သို့ (၉-၁၀-၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးတင့်နိုင်ဆန်အရောင်း ဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄) ပြည်တစ်အိတ်လျှင် (၁၅၄၀၀၀) ကျပ်၊ ဧရာမင်း (၂၄) ပြည်တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၇၆၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဦးတင့်နိုင်ဆန် ဆိုင် ပိုင်ရှင်အား ဈေးကွက် အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်း ပြည့်ပါက MyRO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရ သည်။
DOCA(မန္တလေး)
