Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်စပါး ကုန်သည်အသင်းခွဲ အဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြိုနယ်ဦးစီးမှူးရုံးတွင် ဆန်စပါးကုန်သည်အသင်းခွဲ အသင်းဝင်များနှင့် တွေဆုံ၍လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်း၊ဆန်/ ဆန်ကွဲတင်ပိုရောင်းချမှု အခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် လုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို (၃.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)အချိန်က အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေး ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်နှင့် ပတ်သက်၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးရုံး(CICC)သို့ သက်သေခံထောက်အထားနှင့်အတူတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင် သည့်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုသိရှိလိုပါက ဦးစီးဌာန၏ website လိပ်စာဖြစ်သော www. doca. gov. mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆန်စပါးကုန်သည်အသင်းခွဲမှ အသင်းဝင် (၂၄)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ်များတွင် ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းစိစစ်ခဲ့ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေ အရောင်းဆိုင်များတွင် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် (အ.မ.က-၁) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁) ရပ်ကွက်ရှိ (အ.မ.က-၁) မူလွန်ကျောင်းတွင် ဆရာ/မ (၁၀) ဦး၊ ကျောင်းသား/သူ (၂၀၂) ဦး၊ စုစုပေါင်း (၂၁၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ ဆိုးဆေးကဲ့သို့ ဓာတုဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးများ အကြောင်း၊ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ မုန့်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံသော မြန်မာစာဖြင့် ဖော်ပြထားသော မုန့်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ဝယ်ယူသင့်ကြောင်း ၊စားသုံးသူများ နစ်နာဆုံးရှုံးမှု ရှိလာပါက တိုင်ကြားနိုင်သည့် Call Centre 1535 သို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ၊ ဓမ္မရက္ခိတ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၅) ရပ်ကွက်ရှိ ဒေါ်ဖြူဖြူလွင် ပိုင်ဆိုင်သော ဓမ္မရက္ခိတ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဆန်စပါး/စပါးဈေးနှုန်းနှင့် သိုလှောင်ရုံ Myro မှတ်ပုံတင်ခြင်းကိစ္စ ၊ မှတ်ပုံတင် သက်တမ်းတိုးခြင်း ကိစ္စ၊ သိုလှောင်ရုံ စပါးလက်ကျန် အခြေအနေတို့ကို စက်မှုကြီးကြပ်ဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပက်သက်၍ ဆန်အရည် အသွေး ပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ် ပြည့်မီမှုရှိစေရေး၊ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်စည်အပေါ် တာဝန်ရှိမှု၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ထုတ်ပိုးမှု နည်းစနစ်များ၊ ထုတ်လုပ်သော ကုန်စည်ပေါ်တွင် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာ ဖော်ပြထားရှိမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် OLIVE သောက်ရေသန့်စက်ရုံအား ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ဇလွန်မြို့၊ မန်းဘခိုင်လမ်း၊ ညောင်ပင်ဈေးရပ်ကွက် ရှိ Olive သောက်ရေသန့်စက်ရုံသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ထောက်ခံချက်များရှိ/မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှု အခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင် ထုတ်လုပ်သွားရန်၊ စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊ သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစား ကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၁.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့၊ ခမောက်စုကျေးရွာ၊ ဈေးပိုင်းရပ်ကွက်ရှိ စားအုန်းဆီ အရောင်းကိုယ်စားလှယ် ဦးကျော်ကိုကိုမင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ခွဲတမ်းရစား သုံးဆီများ ရောင်းချရာတွင် ထားရှိရမည့်စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာ ထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများတွေ့ရှိပါကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှု ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရအရေးယူ ဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

မြန်အောင်ခရိုင် အိမ်တွင်းမြန်မာမုန့်လုပ်နည်းသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁.၇.၂၀၂၅)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ရုံးလမ်း၊အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေ ထွေအုပ်ချုပ်ရး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အိမ်တွင်းမြန်မာမုန့်လုပ်နည်းသင်တန်း တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်သင်တန်းသား/သူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှု များနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ မိဘပြည်သူများအနေဖြင့် လည်းစားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

ဟင်္သာတမြို့ နတ်မော်ကျေးရွာအုပ်စု စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁.၇.၂၀၂၅)ရက် နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ နတ်မော်ကျေးရွာအုပ်စုရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၄၀)ဦးအားစားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အစားအသောက်များတွင် ပါဝင် သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ် လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ် ၊ ထူးကြီးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အောင်သုခဆန်စက် လုပ်ငန်းရှင် ဦးသိန်းစိုးဦးနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာ ချက်ပါ ဆန်ဈေးနှုန်းများနှင့် အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈးကွက်ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက် တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပ များသို့ ဆန်များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာ စနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာ တွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

မကွေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံး/ထုတ်လုံ တာဝန်ခံအရာရှိ ဦးဆောင်သော ဝန်ထမ်းအဖွဲ့သည် (၃.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၁)ဦး စုစုပေါင်း (၁၀၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စားသုံး/ထုတ်လုံ တာဝန်ခံအရာရှိက ဌာန သမိုင်းကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို လည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ အချက်အလက်များနှင့် စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းနှင့် စားသုံးသူပြည်သူများ အနေဖြင့် Online Sales ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအား လည်းကောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများမှ သိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခြင်းနှင့် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ