Main menu

ပန်းတနော်မြို့နယ် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၄-၁၀-၂၀၂၅ ရက်နေ့ နံနက် ၉နာရီအချိန်က ပန်းတနော်မြို့နယ်ရှိ မြို့မဈေးကြီးအတွင်းရောင်းချနေသော ကုန်မျိုးစုံအရောင်းဆိုင်များမှ ကနု်စည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးက ကုန်မျိုးစုံရောင်းချသော မြို့မဈေးအတွင်း ကုန်စုံဆိုင်ရှင်များအား ၎င်းတို့ရောင်းချသော ကုန်မျိုးစုံအပေါ်မူတည်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဗူးသွပ်ဆီများနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း၊  ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံ၍ အမျိုးအမည်တိကျစွာဖော်ပြရန်၊ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ဖြင့် ဖော်ပြရန်ကိုလည်းကောင်း၊ အခြားသော ကုန်စည်များဖြစ်သည့် ကုန်စဉ်အုပ်စု ၈မျိုးနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် ကိုက်ညီမှု ရှိစေရန်စစ်ဆေးဆောင်ရွက်ရာ ရောင်းချသော ကုန်စည်များတွင် မြန်မာလို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လွယ်ယူစေရန်၊ စားသုံးသူဝယ်ယူအသုံးပြု သည့်အခြ အဆင်ပြေစွာဝယ်ယူနိုင်ရန် ထုတ်ပြန်ထားပြီး ဈေးကွက်အတွင်းကုန်စည်များ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် အသေးစိတ်အချက်အလက်များကိုက်ညီမှု ရှိမရှိကို လုပ်ငန်းရှင်များ သိရှိနိုင်ရန် ရှင်းလင်းပြသပြီး ကိုက်ညီမှုရှိသော ကုန်စည်ကိုသာတွေ့ရှိ၍ ကိုက်ညီချက်နှင့် ရောင်းချသောကုန်စည်များကို ဥပမာပေး ရှင်းလင်းအသိပေးခဲ့ပြီး တားမြစ်ချက်နှင့်မကိုက်ညီသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချကြောင်းစစ် ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုအပ်သည်များ မှာကြားခဲ့ပြီး ဈေးကွက်စောင့်ကြည်စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနဆိုပါဝင်ခဲ့ကြပြီး မြို့မဈေးအတွင်း ကုန်မျိုးစုံအရောင်းဆိုင် ၁၂ဆိုင်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)