Main menu

ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်အ‌ရောင်း ဆိုင်ကြီးများ အား  ကွင်းဆင်းစစ် ဆေးခြင်းကို (၂၄-၁၀-၂၀၂၅)ရက်နေ့ နေ့နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် ဘုရင့်နောင်လမ်းမ ပေါ်ရှိ ဆန်ဆိုင်ကြီး ၈ဆိုင်အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့၀င်တို့နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

         ထို့နောက် ပန်းတနော်မြို့နယ် ဆန်ဆိုင်(၈)ဆိုင်အား စစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ဈေးနှုန်းများ အောက်တိုဘာလထုတ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၂ရာခိုင်နှုန်း ဖြင့် ရောင်းချရာ ကိုက်ညီမှု ရှိမရှိကို စာရင်းကောက်ယူခြင်း၊ ဆန်အိတ်များကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲကြာရှည်စွာ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေးနှင့် သတ်မှတ်ရည်ညွှန်း‌ဈေး၏ အခြားဒေသမှ မှာယူရောင်းချသောဆန်ဖြစ်ပါက (၅%)သာ အမြတ်တင်ရောင်းချရန် (၈)ရာခိုင်နှုန်းထက် ပိုမိုရောင်းချခြင်းများဆောင်ရွက်ပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ‌ကြောင်း၊ MyRoတွင် မှတ်ပုံတင်သက်တမ်းဆောင်ရွက်ပြီး ဆိုင်မှာ သက်တမ်း ၁နှစ်ပြည့်မြှောက်ပြီဖြစ်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း ဆန်ဆိုင်လုပ်ငန်းရှင်များကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)