Main menu

ရှမ်းပြည်နယ်ဦးစီးမှူးရုံး  တောင်ကြီးမြို့တွင် MyRO မှတ်ပုံတင်ထားရှိရေး လာရောက်လျှောက်ထား

Powered by Drupal

        မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်စပါး လုပ်ငန်းလုပ်ကိုင် နေသောသူများအား သတ်မှတ်ပမာဏ များအလိုက် သိုလှောင်မှုများရှိပါက မြန်မာဆန်စပါး အွန်လိုင်း MyRO(www.myro.com.mm)တွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး အသိပေးဆောင်ရွက်လျက် ရှိပါသည်။

       ရှမ်းပြည်နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်/စပါးသိုလှောင်ရုံ အလုံး(၁၀၀)ရှိပြီး ယခု အောက်တိုဘာလ(၂၁)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နယ်မြေ(၉)၊ ဟဲကယ်ရွာမှ (MyRO)တွင် မှတ်ပုံတင်ထားရှိနိုင်စေရေးအတွက် လာရောက်လျှောက် ထားရာ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ (အကြီးတန်းစာရေး)ဒေါ်မေသဇင် က သိုလှောင်ရုံလျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ပြသ၍ လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(ရှမ်း)