Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင် အသင်းဖွဲ့စည်းခြင်းနှင့် အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ သည်(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ရဲဖြတ်လမ်း၊ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင် အသင်းသားများအား အသင်းဖွဲ့စည်းခြင်းနှင့် အသိပညာပေးဟောပြော ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းတာဝန်များအကြောင်း၊ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းဆာင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသင်းပြန်လည်ဖွဲ့စည်းရာတွင် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များမှ အများပြည်သူယုံကြည် လေးစားသော အသင်းဝင်ဆန်စက်လုပ်ငန်းရှင်အား ဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခြင်းနှင့် အမှုဆောင် အဖွဲ့ဝင်အသစ်များအား အဆိုပြု‌ရွေးချယ်သွားမည် ဖြစ်ကြောင်း‌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင် အသင်း ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့အား အဆိုပြု ရွေးချယ် ခဲ့ကြ ပြီး အသင်းအဖွဲ့ဝင်များအားလုံး စည်းလုံးစွာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့်  လိုက်နာရမည့် စည်းကမ်းများ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ရေရှည်တည်တံ့ပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် တရားမျှတပြီး ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန်  အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး  နံနက် (၁၁:၃၀) နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြထားမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်   အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့် ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ စိန်ရတုလမ်းရှိမုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့် များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁.၇.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် စိန်ရတုလမ်းရှိမုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်များအား ကုန်ညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှလပွတ္တာမြို့နယ်စိန်ရတုလမ်းရှိ ရောင်းချနေသော အသင့်စားမုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်များအား  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ် ၊အောင်သပြေဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်များအား ကုန်ညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှဝါးခယ်မမြို့နယ် အောင်သပြေဈေးအတွင်းရှိ ရောင်းချနေသော အသင့်စားမုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ။

DOCA(ဧရာဝတီ)

စားအုန်းဆီလက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံသည် (၁၃.၇.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် တူးချောင်း ကျေးရွာ၊ ထန်းတပင်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီလက်လီ ကိုယ်စား လှယ်များအား တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဉီးဇော်မြင့်က ထန်းတပင် မြို့နယ်အတွင်း စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်ချိန် ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထု လက်ဝယ်အရောက် ရောင်းချသွားရန် လိုအပ်ကြောင်း၊ မိမိဌာနအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး တူးချောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဉီးဝင်းဇော်ဉီးက မိမိတို့မှ လည်းဝိုင်းဝန်းပူးပေါင်းပါဝင်ကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စားအုန်းဆီလက်လီကိုယ်စားလှယ်(၁၁)ဉီးအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Seeder ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အလေးထားဆောင်ရွက်ရေး

   (၁၂.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ပါသည်။

    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မှော်ဘီမြို့နယ်ရှိ ဧက(၁၀၀)စပါး စိုက်ပျိုးမြေများအား Seeder စနစ်ဖြင့် စိုက်ပျိုးရန် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှုကိုလည်း Seeder ဖြင့် စိုက်ပျိုးမှုများ ပြုလုပ်သွားမည်ဖြစ်ရာ မှော်ဘီမြို့နယ်သည် စိုက်ပျိုးရေး အဓိကလုပ်ကိုင်ဆောင်ရွက်သော မြို့တစ်မြို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

မှော်ဘီမြို့နယ်၊ Moon Sun စက်သုံးဆီဆိုင်သို့ အသိပညာပေးဆွေးနွေး

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံး မှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ရန်ကုန်-ပြည်လမ်း၊ မရမ်းသလင်းကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ Moon Sun စက်သုံးဆီဆိုင်သို့ အသိ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက Moon Sun စက် သုံးဆီဆိုင်တာဝန်ခံအား စားသုံးသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် (PPRD)စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ် ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိစေရန်၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ/ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ရန်ကုန်)

Terminal M (Ocean)ရှိ ဆန်အရောင်းကောင်တာသို့ ကွင်းဆင်းစစ်ဆေးခြင်း

   (၁၄.၇.၂၀၂၅)ရက်နေ့၊နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၁၉၆)၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal M (Ocean)သို့ သွားရောက်၍ ဆန်ရောင်းချနေမှုအား ကွင်းဆင်းအသိ ပညာပေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် Ocean ဆန်ကောင်တာရှိ ရောင်းချနေသော ဆန်များ သည် Ayeyar (ပေါ်ဆန်း) 2 Kg၊ ရက် (၉၀) 2 Kg၊ City Selection (ဧရာဝတီပေါ်ဆန်း) 12 Kg၊ မြ (ပေါ်ဆန်း) 12 Kg၊ စားတော်ကဲကြီး(ရွှေဘိုပေါ်ဆန်း) 5 Kg၊ သန့်(ပေါ်ဆန်းမွှေး) 12 Kg၊ သန့် (ရွှေဘိုပေါ်ဆန်း) 2 Kg၊ Nursery(ရှမ်းဆန်) 2 Kg  စသည့်ဆန်များကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း မပြုရန် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့်ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးနှင့် ဝန်ထမ်း များသည် (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၁၅)နာရီအချိန်တွင် အမှတ်(၄၂/အေ)၊ ၂၅၀/၂၅၁၊ အမှတ် (၄)လမ်းမကြီး၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ် City Mart ရှိ ဆန်အရောင်းကောင်တာအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးသူရေးရာဉီးစီးဌာနမှ လစဉ်သတ်မှတ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ Ocean Super Center များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် လှိုင်သာယာမြို့နယ်ရှိ Ocean Super Center များတွင် ရောင်းချနေသော ဆန်အရောင်းကောင်တာများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ ဇုန်(၂) လှိုင်သာယာမြို့နယ်ရှိ Ocean Super Center ဆန်အရောင်းကောင်တာတွင် ရောင်းချနေသော ဆန် အမျိုးအစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဉီးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ