Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့နယ်ရှိ ကျေးရွာများတွင် စားအုန်းဆီဝယ်ယူခွင့်စာအုပ်(အသစ်) များ လဲလှယ်ရန် ခရိုင်ဆီကုန်သည်အသင်းနှင့်တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ (၁၁..၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၃၀) အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်(၁၅)ခုမှ အိမ်ထောင်စုများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်(အသစ်)များထုတ်ပေးပြီး အပတ်စဉ်ဝယ်ယူစေခဲ့ရာ ထုတ်ပေးကာလ တစ်နှစ်ကျော်ကြာမြင့်ပြီးဖြစ်၍ စာအုပ်အသစ်များဖြင့် လဲလှယ်ပေးရန်လိုအပ်လျက်ရှိရာ အိမ်ထောင်စု စာရင်းမူရင်း၊ ဆီဝယ်ယူခွင့်စာအုပ်အဟောင်းများနှင့် အသစ်လဲလှယ်ပေးရန်ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာများမှ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်(အသစ်)များအား သတ်မှတ်ချက်များနှင့် အညီစိစစ်၍ ဆီဝယ်ယူခွင့် စာအုပ်များထုတ်ပေးရမည်ဖြစ်ကြောင်း၊ ဆီဝယ်ယူခွင့် စာအုပ်ထုတ် ပေးရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  ကျေးရွာရှိ ပြည်သူများအား စားအုန်းဆီကို သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပြီး အလေးချိန် အချင်အတွယ် ပြည့်မီရန်လိုအပ်ကြောင်း ပခုက္ကူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သိလိုသည်များ မေးမြန်းဖို့ Consumer Call Center (1535)သို့ ဖုန်းခေါ်ဆိုကြပါစို့

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်းများသည် (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်() အခြေခံ ပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလို သည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် ကျောင်းသား မောင်မျိုးသော်ဇင် မှ Consumer Call Center (1535) လိုင်းခွဲ()အား ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းအား ခေါ်ဆိုမေးမြန်းခဲ့ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

တက်နေရောင် (ဆေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၇.၉.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စိမ်းရတနာမွန်မြောက်ရပ်ကွက်ရှိ တက်နေရောင်(ဆေးဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Decolgen အမှတ်တံဆိပ်ပါ အအေးမိ၊ တုပ်ကွေး၊ ဖျားနာခြင်း များ သက်သာစေသောဆေးပြားသည် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေး အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူး ရောင်းချရာတွင် လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများ ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဆေးဈေးနှုန်းတည်ငြိမ်ရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

       မြစ်ကြီးနားမြို့တွင်ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းတည်ငြိမ်စေရေးအတွက် မြစ်ကြီးနားမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၄)ဆိုင်အား ၁၆.၉.၂၀၂၅ ရက်နေ့ ၁၀:၀၀  နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးက ဆေးနှင့်ဆေးပစ္စည်းအ‌ရောင်းဆိုင်လုပ်ငန်းရှင်များအား လက်ကားဈေးနှုန်းအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုရောင်းချခြင်းမပြုရန်၊ လက်ကျန်ပစ္စည်းများအား လိုအပ်သည့်နေရာသို့ ဖြန့်ဖြူးရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများသာရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ကချင်)

 

         

ရေကြည်မြို့နယ်၊ ယိုးဒယားတက်အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအားတွေ့ဆုံ

      စက်တင်ဘာလ (၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ပျက်စီးစာသင်ဆောင်များပြန်လည်ပြုပြင်နိုင်ရေးတို့မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင်  ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltdမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော  ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက်ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ထူးချွန်ကျောင်းသားများဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်းနှင့် ထူးချွန်သည့် ကျောင်းသားကျောင်းသူများထွက်ပေါ်လာစေရေး ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

   ထို့နောက် ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ၏  ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့်  ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

DOCA (ဧရာဝတီ)

လမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေး

  စက်တင်ဘာလ (၁၆) ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌  အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို  မြေနေရာများအတွက် နေရာချနိုင်ရေး  ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) မှ (ညောင်ကုန်း-ဝက်လဟာ-ကညင်တပင်လမ်း) အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြေသားတာဘောင်ချဲ့ခြင်း၊ ချောင်းကျောက်ဖြင့်အမာခံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ရန်ပုံငွေတင်ပြတောင်းခံထားရှိမှုအခြေအနေများ၊ ခရိုင်အုပ်ချုပ်ရေးမှူးမှာ ငဝန်မြစ်ရေတိုက် စားမှုကြောင့် ကမ်းပြိုခဲ့သည့်  မြေနေရာများအတွက် မြေနေရာချထားပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြသည်။

  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်တပင်ကျေးရွာသို့သွားရောက်၍ ကမ်းပြိုခဲ့သည့် မြေနေရာများအတွက် မြေနေရာ ချထားပေးမည့် တည်နေရာများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အင်းသောင်ကြီးတံတား တည်ဆောက်နေမှု၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထား

     စက်တင်ဘာလ (၁၆ )ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင်အတူ ယနေ့ညနေပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ  အင်းသောင်ကြီးတံတား တည်ဆောက်နေမှုနှင့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌  အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက်  မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။

   ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးနှင့် အင်းသောင်ကြီး ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးတံတား)(၀/၀မိုငျ-၀/၄မိုင်)ကြား၊ ကွန်ကရစ်တံတား(၃၀၀)ပေ၊ A1 Bored Pile -5 Nos & P1 Bored Pile -5 Nos တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအ ခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။  အဆိုပါ ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးီးတံတား) အမျိုးအစားမှာ အပေါ်ထည်သံကူကွန် ကရစ်ယက်မ+ကြမ်းခင်း၊ ကိုယ်ထည် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ် 0.8 Bored pile Foundation၊ တံတားအရှည် ၉၁.၄၄ မီတာ (၃၀၀ ပေ)၊ တံတားခန်းဖွင့်ဖွဲ့စည်းပုံ (၆၀ ပေ  ၅ ခန်း)၊ တံတားအကျယ် ၆.၁ မီတာ (၂၀ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၁.၈၃မီတာ (၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၄.၆၃ မီတာ (၄၈ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၅.၅ မီတာ (၁၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင်(၁)ပေစီနှင့် ခွင့်ပြုယာဉ်အလေးချိန် HS-20-44ရှိမည် ဖြစ်ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၆.၉.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့ရှောင်လမ်းအနီး၊ ရွာသစ်ကုန်းကျေးရွာရှိ သောက်ရေသန့် ထုတ်လုပ်သည့်စက်ရုံ ဇွဲမဟာ အမှတ်တံဆိပ် (သောက်ရေသန့်အမျိုးမျိုး) အား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သွားရောက်စစ်ဆေးခဲ့ပါ သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇွဲမဟာ သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်သည့် ကုန်စည် အမျိုးအစား (၁) မျိုးဖြစ်သည့် (၂၀) လီတာ သောက်ရေသန့်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၂၉) ပါ အစားအသောက်များ ကုန်စည်အုပ်စုတွင် ပါဝင်သည့် သောက်ရေသန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသား ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း တို့အား ပြည့်စုံစွာ ဖော်ပြထားရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ စည်ပင်သာယာ ရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များနှင့်အညီ ကိုက်ညီစွာထုတ်လုပ် ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း စစ် ဆေးတွေ့ရှိရပြီး သောက်ရေသန့်လုပ်ငန်းရှင် ဒေါ်သီသီထွန်း အား စားသုံးသူကာကွယ်ရေးဥပဒေပါ  ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် (၁၁) ချက်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးရမည့်အချက်များ၊ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူက‌တောင်းဆိုနိုင်သည့် အခွင့်အရေး များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ၊ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို  ဖြန့်ဖြူးရောင်းချနေကြောင်း တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ခံရမည့်အပြင် သက်ဆိုင်ရာဌာနများ၏ ဥပဒေအရလည်း အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာ ပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်

  ပုသိမ်  စက်တင်ဘာ  ၁၇ ရက်နေ့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်း သား အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

   ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂ဝ၂၅- ၂ဝ၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးအဆင့် အခြေခံ ပညာကျောင်းသား အားကစားပွဲတော်ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်ကို အပြည့်အဝ အထောက်အကူဖြစ်စေရန်၊ကျောင်းတွင်း အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများအဖြစ် လေ့ကျင့်ပြုစုပေးနိုင်ရန် ၊ အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်း အဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်းဥပဒေနှင့် နည်းဥပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများ ဖြစ်မှုစသည့် ကောင်းမြတ်သော အရည်အသွေးကောင်းများရရှိလာစေရန်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစား ပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားသမားများအား (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှ ကျောင်းသားအားကစား ပွဲတော်အတွက် အကောင်းဆုံး အားကစားသမားများ ရွေးချယ်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရန် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်  ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ယှဉ်ပြိုင်ကစား နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊  ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့ခရိုင် ၊ မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ကို ဆောင်နိုင်ပြီး တိုင်းဒေသကြီး အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် သတ်မှတ် စံချိန်ပြည့်မီအောင် ကြိုးစားဆောင်ရွက်ပြီး တိုင်းဒေသကြီးဂုဏ်ကို ဆောင်မည့် (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှကျောင်းသားအားကစား ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ကျန်းမာ ပျော်ရွင်မှုရှိမှသာ အားကစားကို အောင်မြင်အောင် ကြိုးစားဆောင်ရွက် နိုင်မှာဖြစ်သည့့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများ၊ တာဝန်ရှိသူအားလုံးက ပြိုင်ပွဲဝင် ကစားသမားများ၏ ကျန်းမာရေး ကောင်းမွန်စေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကားများပြောကြားပြီး ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲ တော်ကိုဖွင့်လှစ်ပေးကာ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

   ဆက်လက်၍  စစ်ကြောင်းမှူးဦးဆောင်သည့် အားကစားအဖွဲ့များက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသူလေးများ၏ကပြဖျော်ဖြေမှုများနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

   ယခုနှစ် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဘောလုံး(ကျား၊မ)၊ ဘော်လီဘော(ကျား၊မ)၊ ဘတ်စကက်ဘော(ကျား၊မ)၊ ကြက်တောင်(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား၊မ)၊ ပြေးခုန်ပစ်(ကျား၊မ)၊ စားပွဲတင်တင်းနစ် (ကျား၊မ) စသည့် အားကစားနည်း (၇)မျိုးဖြင့် (၁၇.၉.၂ဝ၂၅)ရက်နေ့မှ (၂၂.၉.၂ဝ၂၅) ရက်နေ့အထိ ပုသိမ်မြို့ပေါ်ရှိ ကိုးသိန်းအားကစားကွင်း၊ ကျောက်တိုင်အားကစားကွင်း၊ ကိုးသိန်းအားကစားရုံနှင့် အထက်တန်းကျောင်း ဘောလုံးကွင်းအသီးသီးတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဒေါ်နှင်းခိုင် (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၆.၉.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒေါ်နှင်းခိုင်(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Ve Ve အမှတ်တံဆိပ်ပါ လိုင်ချီးအချိုရည်သည် အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူးရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ